2021 ခုနှစ် ဩဂုတ်လတုန်းက အမေရိကန်ရေတပ်ဟာ Skydweller ဟုခေါ်သော အမေရိကန်-စပိန် လေကြောင်းကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။
အတောင်နှစ်ဖက်ရှိ ဆိုလာပြားများ တပ်ဆင်ထားတဲ့ ဆင်းသက်ရန်မလိုပဲ ရက် ၉၀ ကြာလေထဲတွင် နေနိုင်အောင် လေယာဥ်ကို စမ်းသပ်နိုင်ဖို့ အတွက် အတော်လေး ကြိုးပမ်းခဲ့ကြပါတယ်။
Skydweller သည် ၂၀၁၅ နဲ့ ၂၀၁၆တွင် ကမ္ဘာပတ်ခဲ့သော လူလိုက်ပါသည့် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် တစ်စင်း ဖြစ်တဲ့ Solar Impulsed 2 ကို အသစ် ပြန်လည် ပုံဖော် ထားတာ ဖြစ်ပါတယ်။
Skydweller Aero ၏ တည်ထောင်သူ John Parkes နဲ့ Robert Millerတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင် လေယာဉ် မထုတ်လုပ်မီ ဆွစ်ဇာလန် Solar Impulse ပရောဂျက်၏ နည်းပညာနှင့် စက်ပစ္စည်းများကို ဝယ်ယူခဲ့ပါတယ်။
လေထဲတွင် ကြာရှည်စွာ နေနိုင်ရန် အတောင်ပံ၂၃၆ ပေရှည်သော အဆိုပါ လေယာဉ်များသည် စတုရန်းပေ ၂,၉၀၀ ရှိသော photovoltaic ဆဲလ်(ဆိုလာဆဲလ်)များ တပ်ဆင်ထားပြီး ၎င်းသည် ဓာတ်အား၂ ကီလိုဝပ် အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။

ထိုအချိန်မှစ၍ Skydweller ဟာ ၎င်းရဲ့ ဆန်းသစ် တီထွင်ထားသော လေယာဉ်အတွက် ရန်ပုံငွေရှာဖွေခြင်းတွင် မကြာသေးမီက အလုပ်များနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
ကန်ဒေါ်လာ ၁၄ သန်းတန် စာချုပ်
ကုမ္ပဏီဟာ Skydweller ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့အတွက် နည်းပညာများ တိုးတက်မြင့်မားလာစေဖို့နှင့် ပေါင်းစပ်လုပ်ဆောင်မှုတို့အတွက် ကာကွယ်ရေး တီထွင်ဆန်းသစ်မှုယူနစ် (DIU) နှင့် ပူးပေါင်းကာ ဒေါ်လာ ၁၄ သန်းတန် စာချုပ်ကို ပေးအပ်ခဲ့ကြောင်း ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
“မျိုးဆက်သစ်အစိုးရရဲ့ အာရုံခံမှုနှင့် စောင့်ကြည့်မှုဖြေရှင်းနည်းများကို ဖြေရှင်းဖို့အတွက် ရာသက်ပန် ပျံသန်းနိုင်သည့် လေ ယာဉ်ဟာ နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်ုပ်တို့ရဲ့ပလက်ဖောင်းဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ပေးမှာဖြစ်ပြီး လေယာဉ်မစ်ရှင်စွမ်းရည်ကို သိသိသာသာချဲ့ထွင်စေမည့် အလားအလာရှိသည့်အပြင် ကာဗွန်နဲ့ပတ်သတ်သည့် ကြားနေဖြေရှင်းချက်တစ်ခု ပေးစွမ်းလိမ့်မည်” ဟု CEO ဒေါက်တာ Robert Miller က ပြောကြားခဲ့ပါတယ်။

အဆိုပါစာချုပ်တွင် Skydweller ဟာ ကျွန်ုပ်တို့ တိုက်ခိုက်ရေးကွပ်ကဲမှုအဖွဲ့ရဲ့ လက်ရှိလိုအပ်ချက်များကို ဖြေရှင်းပေးပြီး အမျိုးမျိုးသော ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်အခြေအနေများကို စောင့်ကြည့်နိုင်ပြီး
ဘေးကင်းလုံခြုံစိတ်ချယုံကြည်စွာ လည်ပတ်နိုင်သော စစ်ဘက်အဆင့် မောင်းသူမဲ့လေကြောင်းစနစ်များကို ဖန်တီးကာ ကာ ကွယ်ရေးဌာနအား ဆက်လက်ပံ့ပိုးမှုတွေ ပေးတယ်ဟု ဒေါက်တာ Robert Miller က ဆိုပါတယ်။
Skydweller Aero ၏ နေရောင်ခြည် စွမ်းအင်သုံးလေယာဉ်သည် ရာသီဥတုဆိုးရွားရာ နေရာသို့ ကြာရှည်စွာ ဖြတ်သန်းသွားရပါက ဟိုက်ဒရို ဂျင်လောင်စာ ဆဲလ်များနှင့် ပြင်ဆင်ရန်လည်း အရံအဖြစ် စီစဉ်ထားပါတယ်။
Aviation Today၏ အဆိုအရ လေယာဉ်သစ်သည် ခန့်မှန်းခြေအားဖြင့် ၈၀၀ ပေါင် (၃၆၀ ကီလိုဂရမ်) ရှိသော ရေဒါနှင့် ကင် မရာပစ္စည်းများကို တင်ဆောင်နိုင်ပါတယ်။
လေထဲမှာ တစ်နှစ်ပတ်လုံး နေနိုင်တဲ့အကြောင်း

ယခင်အပတ် ကြာသပတေးနေ့တုန်းက ထုတ်ပြန်သည့် CNN အင်တာဗျူးတစ်ခုမှာ အဆိုပါ လေယာဉ်ဟာ တစ်နှစ်ပတ်လုံး လေထဲတွင်ရှိနေနိုင်ပြီး ကမ္ဘာ့ပထမဆုံးသော စီးပွားဖြစ်အသုံးပြုနိုင်တဲ့ “pseudo-satellite” အဖြစ် ဆောင်ရွက်နိုင်ကြောင်း Miller က ပြောကြားခဲ့ပါတယ်။
“Pseudo-satellite ဆိုတာက အမြင့်တွင်ရှိနေတဲ့ လေယာဉ်ဖြစ်ပြီး အကန့်အသတ်မရှိဘူး” ဟု Miller က ရှင်းပြပါတယ်။
ဆိုလိုတာက ရက်ပေါင်း 30၊ 60၊ 90 တစ်နှစ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အခြေခံအားဖြင့်တော့ ဂြိုလ်တုတွေက ကျွန်ုပ်တို့ စိတ်ကူးထားတဲ့ ဘယ်အရာမဆို လုပ်နိုင်ပါတယ်။
ဒီလေယာဉ်တွေကတော့ ၎င်းရဲ့ အော်ပရေတာများ အလိုရှိတိုင်း ကမ္ဘာမြေသို့ ပြန်လာ နိုင်တဲ့ အတွက်ကြောင့် ယနေ့ ဂြိုလ်တုအများစုကြုံတွေ့နေရတဲ့ အာကာသအမှိုက်များနှင့် ပြဿနာကို ဖန်တီးမှာလည်း မဟုတ်ပါဘူး။
ပိုကောင်းတာက၊ Miller နဲ့ သူ့အဖွဲ့ဟာ ဒရုန်းကဲ့သို့ အလိုအလျောက် ပျံသန်းနိုင်စေဖို့ လေယာဉ်ကို ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဘေးကင်းဖို့အတွက် လေယာဉ်မှူး တစ်ယောက် လိုက်ပါနိုင်ပေမယ့်လည်း မလိုအပ်ပါဘူး။
ယခုအခါ Miller က အဆိုပါ လေယာဉ်ကို 2023 ခုနှစ်အစောပိုင်းလောက်မှာ ဖြန့်ကျက်အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားပါတယ်။
အဆိုပါ လေယာဥ်ဟာ သဘာဝ အရင်းအမြစ်အသုံးပြုမှုတွေကို စောင့်ကြည့်ခြင်းတွေ နှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုကဲ့သို့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများစွာအတွက် အသုံးချခြင်းတွေကိုပါ လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။