မျက်လုံး ကျယ်ကျယ်ဖွင့်ပြီး အိပ်စက်တတ်တဲ့ ငါးမန်းတွေအကြောင်း

Article Nature

ဇီဝဗေဒပညာရှင်တွေအနေနဲ့ ငါးမန်းတွေဟာ ၎င်းတို့ရဲ့ ပါးဟက်များမှတစ်ဆင့် ရေများ တဟုန်ထိုး ထွက်နေစေဖို့အတွက် အမြဲတစေ လှုပ်ရှားနေတဲ့အတွက်ကြောင့် အိပ်စက်သလားဆိုတာကို အချိန်အတော်ကြာအောင် သံသယရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

သို့သော် နယူးဇီလန်ရှိ သိပ္ပံပညာရှင်များက နောက်ဆုံးမှာ ငါးမန်းတွေ အိပ်စက်ခြင်းဟာ အမှန်ပင် ဖြစ်ကြောင်း ဇီဝကမ္မဆိုင်ရာ အထောက်အထားများအရ သိရှိခဲ့ကြပြီး ၎င်းတို့ဟာ အနားယူနေစဉ်အတွင်း ဇီဝဖြစ်စဉ်နည်းသော အခြေအနေသို့ ရောက်ရှိ ကြတယ်ဟု ဆိုကြပါတယ်။

သို့သော်၊ ငိုက်မျဉ်းနေချိန်တွင် ကျယ်ကျယ်ဖွင့်ထားသည့် ၎င်းတို့ရဲ့ မျက်လုံးများကြောင့် လူများဟာ ငါးမန်းများကို ဘယ် တော့ မှ မအိပ်စက်ကြဘူး ဟု ထင်ရသည့်အတွက် ဒါဟာ အခြား အကြောင်းပြချက်ကောင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နယူးဇီလန်နှင့် သြစတြေးလျ သုတေသီတွေဟာ Hauraki ပင်လယ်ကွေ့မှ ငါးမန်း ခုနစ်ကောင်ကို လေ့လာခဲ့ကြပါတယ်။

Draughtsboard shark တစ်ခါတစ်လေ “carpet shark” ဟုခေါ်တဲ့ ငါးမန်းတွေဟာ အသက်ရှင်ဖို့ အဆက်မပြတ် ကူးခတ်နေရတဲ့ အခြားငါးမန်းများနှင့်မတူဘဲ ပင်လယ်ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ အိပ်စက် အနားယူလေ့ရှိပါတယ်။

Draughtsboard ငါးမန်း Image: Courtesy of Sarahmilicich (CC BY-NC)

သုတေသီတွေဟာ 24 နာရီအတွင်း အိပ်ပျော်သွားသည့် လက္ခဏာများအတွက် ငါးမန်းများကို ဂရုတစိုက် လေ့လာခဲ့ကြပါတယ်။

ငါးမန်းတစ်ကောင်ဟာ အနားယူဖို့ အရိပ်အယောင်ပြသည့်အခါ ၎င်းရဲ့ဇီဝဖြစ်ပျက်မှုနှင့် ကိုယ်ဟန် အနေအထားတို့ကို ချက် ချင်းမှတ်တမ်းတင်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတစ်လျှောက်တွင် ငါးမန်း​တွေဟာ ငါးမိနစ် သို့မဟုတ် ဒီထက်ပိုကြာအောင် အနားယူနေချိန်မှာ ၎င်းတို့ရဲ့ အောက်ဆီဂျင်သုံးစွဲမှု သိသိသာသာကျဆင်းသွားကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။

အောက်ဆီဂျင် သုံးစွဲမှု နည်းပါးခြင်းဟာ ဇီဝဖြစ်ပျက်မှု ကျဆင်းခြင်းရဲ့ အမှတ်အသားဖြစ်ပြီး အိပ်စက်ခြင်းရဲ့ ထင်ရှားသော လက္ခဏာတစ်ခု ဖြစ်ပါတယ်။

အများအားဖြင့် Draughtsboard ငါးမန်း တွေဟာ ခြုံခိုတိုက်ခိုက်နိုင်သည့် မည်သည့်သားကောင်အတွက်မဆို အဆင်သင့်ဖြစ်နေကြပါတယ်။

သို့သော် ၎င်းတို့ အနားယူနေစဥ်တွင် ခန္ဓာကိုယ်ဟာ ပင်လယ်ကြမ်းပြင်နှင့် နီးကပ်စွာ ကပ်နေတက်ပါတယ်။

Great White ငါမန်း ခေါ် ငါမန်းဖြူကြီး

သုတေသီအဖွဲ့တစ်ဖွဲ့တည်းက ယမန်နှစ်တုန်းက ထုတ်ဝေခဲ့သည့် ယခင်လေ့လာမှု တစ်ခုမှာ ရေလှောင်ကန် အောက်ခြေတွင် အကြာကြီး ငြိမ်နေပါက Draughtsboard shark တွေဟာ နှောင့်ယှက်မှုများကို နှေးကွေးစွာနှင့် အံသြဖွယ် တုံ့ပြန်ကြတာကို တွေ့ရပါတယ်။

အဆိုပါ ကနဦးတွေ့ရှိချက်များက အဏ္ဏဝါသားကောင်တွေဟာ ငိုက်မျဉ်းတက်တာကို အရိပ်အမြွက်ပြသခဲ့ပြီး သုတေသီများအား ပိုမိုဆန်းပြားတဲ့လေ့လာမှုအသစ်ကို စတင်ဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။

ယခုတစ်ကြိမ်မှာတော့ သုတေသီတွေက ငါးမန်းများအသုံးပြုနေသော လှောင်ကန်များတွင် အောက်ဆီဂျင်ကို စောင့်ကြည့်သည့် အထူးပြုကိရိယာများဖြင့် တပ်ဆင်ထားခဲ့ပါတယ်။

မကြာခဏဆိုသလိုပဲ ငါးမန်းတွေဟာ ကန်ရဲ့အောက်ခြေတွင် ပြားချပ်သော အနေအထားကို အကဲဖြတ်ကြည့်ရာ ဇီဝဖြစ်ပျက်မှု ကျဆင်းမှုကို တွေ့ရပါတယ်။

သို့သော် Draughtsboard တွေဟာ မှိန်းနေချိန်တွင် ၎င်းတို့ရဲ့မျက်လုံးများကို မှိတ်ထားဖို့ အနှောက်အယှက်ဖြစ်ခဲတာကို တွေ့ရှိရခြင်းမှာ အံ့သြစရာကောင်းပါတယ်။

၎င်းတို့ဟာ ညဘက်တွင် မျက်လုံးနှစ်ဖက်ကို ကျယ်ကျယ်ဖွင့်ကာ အိပ်စက်တက်ကြပါတယ်။ ရံဖန်ရံခါ ၎င်းတို့ဟာ နေ့ဘက်တွင် မျက်လုံးမှိတ်ထားကာ မှိန်းတေက်ကြပြီး အလင်းရောင်ကို အာရုံပြုနေတဲ့အတွက်ကြောင့် သားကောင်ကို အာရုံစိုက်မိကြပါတယ်။

Tiger Shark ခေါ် ကျားငါးမန်း

တခြားငါးမန်းတွေ အလားတူ ပုံစံ အိပ်နေသလား ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

Draughtsboard ငါးမန်း တွေကတော့ သမုဒ္ဒရာကြမ်းပြင် တဝိုက်တွင် ကျက်စားကြတာဖြစ်ပြီး ၎င်းတို့အနေဖြင့် အချိန် အနည်းငယ် ကြာအောင် ငြိမ်သက် နေနိုင်စေပါတယ်။

သို့ရာတွင် Great White နှင့် Tiger shark တွေကတော့ ၎င်းတို့ရဲ့ ပါးဟက်များကို လေဝင် လေထွက် ကောင်းစေဖို့ အမြဲမပြတ် ကူးခတ်နေဖို့ လိုအပ်ပါတယ်။

၎င်းတို့သည်လည်း လှုပ်ရှားနေသော်လည်း အိပ်စက်ခြင်းကဲ့သို့ ဇီဝဖြစ်စဉ်နည်းတဲ့ အခြေအနေသို့ ဝင်ရောက်နိုင်သလား ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ငါးမန်းတွေ ရှိနေဟာ နှစ်သန်းပေါင်း ၄၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်ပြီး ပထမဆုံး သစ်ပင်ဟာ နှစ်သန်းပေါင်း ၃၅၀ သာ ရှိတဲ့ အတွက် သစ်ပင်များထက် သက်တမ်းပိုကြီးပါတယ်။

ဒါ့ကြောင့် ဒီလို တိရိစ္ဆာန်များရဲ့ အိပ်စက်ပုံအား နားလည်ခြင်းဟာ အိပ်စက်ခြင်းရဲ့ လုပ်ငန်းဆောင်တာ တစ်ခုလုံးအတွက် ထိုးထွင်းသိမြင်နိုင်စွမ်းကို ပေးစွမ်းနိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 23/5/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *