ကိရိယာများကို အသုံးပြုနိုင်သည့် ကျီးကန်း များ အကြောင်း

Knowledge Nature

သိပ္ပံပညာရှင်များဟာ ကျီးကန်းတွေရဲ့ ဆိုးတဲ့ဘက်ကို ဘယ်တော့မှ မရောက်နိုင်တဲ့ အခြားအကြောင်းအရင်းကို ရှာဖွေ တွေ့ရှိခဲ့ပြီးပါပြီ။

Gizmodo မှ တင်ပြသည့် သုတေသန တခုအရ အနည်းဆုံး ကျီးကန်း မျိုးရင်းဝင်များဟာ အခြားကျီးကန်းများ၏ အမူအကျင့်များကို ကူးယူခြင်းထက် ကိုယ်ပိုင်ဥာဏ်ဖြင့် ကိရိယာများကို တည်ဆောက်နိုင်တယ်လို့ သိရပါတယ်။

Scientific Reports ဂျာနယ်တွင် ထုတ်ဝေခဲ့သည့် လေ့လာမှုအရ နိုင်ငံတကာ သိပ္ပံပညာရှင်အဖွဲ့တခုဟာ ကျီးကန်းမျိုးစိတ် တခုရဲ့ ကိရိယာ ပစ္စည်းများအပေါ် အသုံးပြုပုံကို လေ့လာခဲ့ပါတယ်။

New caledonian မျိုးစိတ် ကျီးကန်းများဟာ ပိုးကောင်များကိုရှာဖွေဖို့ တုတ်ချောင်းများကို အသုံးပြုကာ ထိုးဆွ ရှာဖွေတတ်ပြီး နောက် ပိုင်းမှာ လွှင့်ပစ်တတ်ကြပါတယ်။

ကိရိယာများကို အသုံးပြုတာဟာ ကျီးကန်းတွေရဲ့ နေထိုင်မှု ပုံစံအတွက် အလွန်အရေးပါပြီး ၎င်းတို့ဟာ နှုတ်သီးများကိုတောင် ကိရိယာတွေကို အသုံးပြုဖို့ သုံးလေ့ ရှိပါတယ်။

ကျီးကန်းတွေ ဒီလို ကိရိယာတွေကို သေသေချာချာ အသုံးပြုတတ်တာဟာ တကောင်နှင့် တကောင် အတုခိုးတာလား၊ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတာလား ဆိုတာကတော့ မသဲကွဲသေးပါဘူး။

သုတေသီများဟာ ကျီးကန်း ၈ ကောင်ကို အစာအတွက် စာရွက်အပိုင်းအစများ ပုံးထဲကို ထည့်တတ်အောင် သင်ပေးပြီး သုတေသန ပြုလုပ်ခဲ့ပါတယ်။

ကျီးကန်များဟာ နောက်ဆုံးမှာ စာရွက် အသေးများ နှင့် အကြီးများကို ပုံးထဲကို ထည့်ပါက အစာကို ဆုအဖြစ် ရမယ်ဆိုတာ သိသွားပါတယ်။

ဒါ့ကြောင့် ကျီးကန်းများအတွက် အဆင်ပြေစေရန် အရွယ်အစား မျိုးစုံရှိတဲ့ စာရွက်များကို သူတို့ဆီမှ ဖယ်ထုတ်ကာ ပုံးထက်ကြီးတဲ့ စာ ရွက်ကြီး တရွက်နှင့် အစားထိုးပြီး စမ်းသပ်ခဲ့ပါတယ်.

အဲဒီ့ အခါမှာတော့ ကျီးကန်းများဟာ စာရွက်ကို အရွယ်မျိုးစုံရအောင် ဖြဲပြီး ပုံးထဲကို ထည့်ကြပါတယ်။

အဆိုပါ ဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ကျီးကန်းများဟာ ကိရိယာများကို အသုံးပြုနိုင်တဲ့ ဥာဏ်ရည်ရှိတာကို တွေ့ရပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ ကျီးကန်းများဟာ ၎င်းတို့ကို ရန်မူခဲ့သည့် သူများကို မှတ်သားနိုင်စွမ်းရှိပြီး ပြန်လည် တိုက်ခိုက်တတ်ပါတယ်။

ထူးခြားမှု အနေဖြင့် ငှက်များ ရေသောက်ရန် ချထားသည့် ခွက်ထဲမှ ရေဖြင့် ၎င်းတို့၏ ညစ်ပတ်နေသည့် အစာကို ဆေးကြောကာ စားသောက် တတ်တာကို အကြိမ်ကြိမ် မြင်ဖူးပါတယ်။

ကျီးကန်းများဟာ အလွန် စမတ်ကျပြီး ဥာဏ်ရည်မြင့်တဲ့ ငှက်များဖြစ်တဲ့အကြောင်းကို အထက်ပါ သုတေသနများမှ သက်သေပြနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *