ငှက်တွေလို သစ်ကိုင်းတွေအပေါ် ကုပ်တွယ်နိုင်ပြီး ပစ္စည်းတွေကို ဖမ်းနိုင်မယ့် SNAG စနစ် အကြောင်း

Innovation Tech

သဘာဝတရားကြီးဟာ စက်ရုပ်ဒီဇိုင်းတွေအတွက် မကုန်နိုင်တဲ့ ရင်းမြစ်တွေကို ပေးစွမ်းနေပြီး ဒရုန်း စက်ရုပ်ပျံ တွေဟာလည်း ငှက်တွေရဲ့ သဘာဝကို ကြီးကြီးမားမား အတုယူရမှာတွေ ရှိပါတယ်။

စတန်းဖို့ဒ်မှာ ရှိတဲ့ အင်ဂျင်နီယာများဟာ သိမ်းငှက်များ၏ ခြေသည်းများကဲ့သို့ အမျိုးမျိုးသော မျက်နှာပြင်များ ပေါ်မှာ ကုပ်တွယ် နိုင်တဲ့အပြင် အရာဝတ္တုများကို ကောက်ယူခြင်း နှင့် ဖမ်းယူခြင်းများ ပြုလုပ်နိုင်တဲ့ စက်ရုပ်ခြေသည်းများကို တီထွင်နေပြီ ဖြစ်ပါတယ်။

ယနေ့ခေတ် ငှက်များရဲ့ ပုံစံဟာ နှစ်သန်းပေါင်း များစွာ ဆင့်ကဲဖြစ်စဉ်ဖြင့် ပြောင်းလဲလာတာ ဖြစ်တဲ့အတွက် ဒရုန်းဒီဇိုင်း ဆွဲသူများ အတွက် မြောက်များစွာသော အကြံဥာဏ်များကို ရရှိစေပါတယ်။

COURTESY OF WILL RODERICK

အမွှေးများ၊ အတောင်ပံများ သို့မဟုတ် ပျော့ပျောင်းသည့် ကိုယ်ထည်များဖြင့် ဒရုန်းများကို တည်ဆောက်တဲ့အခါ ပိုမို ကောင်းမွန်တဲ့ ရလဒ်များ ရရှိစေပေမယ့် ဆင်းသက်သည့်အခါ မည်သို့ လုပ်ဆောင်မလဲဆိုတာ တွေးစရာ ဖြစ်လာပါတယ်။

လက်ရှိ ပန်ကာ အများအပြား တပ်ဆင်ထားတဲ့ ဒရုန်းအများစုဟာ ၎င်းတို့ ဆင်းသက်ရာမှာ ရှင်းလင်းတဲ့ မျက်နှာပြင် တခု လိုအပ်ပြီး အခြား မတူညီတဲ့ မျက်နှာပြင်များမှာ ဆင်းသက်နိုင်ဖို့ ခက်ခဲပါတယ်။

အခြား တဖက်က ကြည့်မယ်ဆိုပါက ငှက်များကတော့ ဒီလို အနေအထားတွေကို စဉ်းစားစရာမလိုပဲ မျက်နှာပြင် အမျိုးမျိုး၊ နေရာအမျိုးမျိုးမှာ ကြိုက်သလို ဆင်းသက်နိုင်ပါတယ်။

ထို့ကြောင့် လေ့လာမှု အသစ်အတွက် စတန်းဖို့ဒ်မှ သုတေသီများဟာ ဒရုန်းများအတွက် ဘက်စုံ အသုံးပြုနိုင်မည့် ငှက်ကဲ့သို့ ခြေထောက်တစုံကို ဒီဇိုင်း ထုတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

COURTESY OF WILL RODERICK

အဆိုပါ စက်ခြေထောက်ကို ပုံစံ သွင်းထားတဲ့ သဘာဝမှ စိတ်ကူးဖြင့် တည်ဆောက်ထားတဲ့ ဝေဟင်သုံး ဖမ်းဆုပ် ကိရိယာ Stereotyped Nature-inspired Aerial Grasper (SNAG) လို့ အမည်ပေးထားပြီး သိမ်းငှက်၏ ခြေထောက်နှင့် ခြေသည်းများအပေါ်မှာ အထူးအခြေခံထားပါတယ်။

SNAG ခြေထောက်တွင် ကြွက်သားများကဲ့သို့ အလုပ်လုပ်နိုင်တဲ့ မော်တာများ နှင့် အရွတ်များကဲ့သို့ အလုပ်လုပ်နိုင်တဲ့ ဝါယာများကို တပ်ဆင်ထားပါတယ်။

ခြေထောက်ဟာ မြေပြင် ဆင်းသက်မှုမှ သက်ရောက်အားကို စုပ်ယူနိုင်ပြီး ခြေသည်း များက တစက္ကန့်၏ ၅ ပုံ ၁ ပုံအတွင်း သစ်ကိုင်းကို ကုပ်တွယ်နိုင်ပါတယ်။

အဲဒီ့နောက် ခြေချင်းဝတ် လှုပ်ရှားမှုကို ရပ်တန့်လိုက်တာ အရှိန်မြှင့် ကိရိယာမှ စက်ရုပ် ရပ်တန့်သွားကြောင့် မှတ်သားပါတယ်။

ဒီလို ကိုယ့်ကိုကိုယ် ထိန်းမတ်နိုင်တဲ့ algorithm အလိုအလျှောက်စနစ်ဟာ စက်ရုပ်ကို ဆင်းသက်ရာနေရာမှ ဟန်ချက်ပျက်ပြီး ရှေ့ကို ထိုးကျသွားမယ့် အနေအထားမှ ကာကွယ်ပေးပါတယ်။

COURTESY OF WILL RODERICK

သုတေသီများကတော့ ဒီခြေထောက်ကို အသုံးပြုပြီး စက်ရုပ်ပျံများကို မည်သည့် မျက်နှာပြင်မဆို အနေအထား အခြေအနေ အမျိုးမျိုးမှာ ဆင်းသက်နိုင်အောင် ကူညီပေးမယ်လို့ ဆိုပါတယ်။

သစ်တောတခုအတွင်း စမ်းသပ်ချက်များအရ SNAG ဟာ မတူညီတဲ့ အဖုအထစ်များ၊ မျက်နှာပြင်များ၊ အကိုင်းအခက်များ၊ အညှောင့်အစို့များ နှင့် ခြောက်သွေ့သော သို့မဟုတ် စိုစွတ်တဲ့ မျက်နှာပြင်များမှာပါ ဆင်းသက်နိုင်တယ်လို့ သိရပါတယ်။

အခြား စမ်းသပ်မှုများအရ ဒီ လက်သည်းများဟာ ၎င်းဆီကို ပစ်လိုက်သည့် ပဲအိတ်များ နှင့် တင်းနစ်ဘောလုံးများကိုတောင် ဖမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

SNAG စနစ်များဟာ ဒရုန်းများကို ပျံသန်းမှုများအကြား အနားယူ အားသွင်းမှု ပြုလုပ်နိုင်ကာ အကွာအဝေးကို ပိုမို ဝေးကွာအောင် ပျံသန်းနိုင်ဖွယ်ရှိပြီး ပစ္စည်းများကို သယ်ယူခြင်း ချပေးခြင်းများကို ရပ်တန့်စရာမလိုဘဲ အလုပ်လုပ်နိုင်စေမှာ ဖြစ်ပါတယ်။

ဒီ သုတေသန ကို “Bird-inspired dynamic grasping and perching in arboreal environments” ခေါင်းစဉ်ဖြင့် Science Robotics ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.