ကင်ဆာ အနံ့ခံပုရွက်ဆိတ်တွေဟာ ရောဂါရှာဖွေရာမှာ ခွေးများကဲ့သို့ တိကျတဲ့ အကြောင်း

Knowledge Science

ပြင်သစ်နိုင်ငံမှ သုတေသီအဖွဲ့တစ်ဖွဲ့ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ လေ့လာမှုအသစ်တစ်ခုကနေ လေ့ကျင့်သင်ကြားထားတဲ့ ပုရွက်ဆိတ်တွေဟာ လူသားတွေရဲ့ ကင်ဆာရောဂါရှာဖွေတဲ့နေရာမှာ ထိရောက်မှုရှိနိုင်ကြောင်း အကြံပြုထားပါတယ်။

သုတေသီတွေက အချို့သော ပုရွက်ဆိတ်မျိုးစိတ်တွေဟာ ခွေး​တွေကဲ့သို့သော ဇီဝထောက်လှမ်းမှုစွမ်းရည်ရှိပြီး အခြားတိရစ္ဆာန်တွေမှာ တွေ့မြင်ရတဲ့ ကင်ဆာဆဲလ်​တွေကို တိကျမှန်ကန်စွာ သိရှိနိုင်စေဖို့ လျင်မြန်စွာလေ့ကျင့်ပေးနိုင်ကြောင်း သက်သေ​ပြခဲ့ကြပါတယ်။

ကျွန်ုပ်တို့အားလုံးဟာ ခွေးလေးတွေရဲ့ ထူးခြားတဲ့အနံ့ခံအာရုံတွေနဲ့ပတ်သတ်ပြီး အတော်လေးရင်းနှီးကြပါတယ်။

တရားမဝင်ဆေးဝါးများနှင့် ပေါက်ကွဲစေတတ်သော အရာများကဲ့သို့ အရာများကို ခြေရာခံဖို့ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့် ခွေးလေးတွေဟာ ကင်ဆာ၊ ငှက်ဖျား ကဲ့သို့သော ရောဂါများကို ရှူရှိုက်ပြီး ထုတ်ဖော်နိုင်တဲ့ အထင်ကြီးလောက်စရာ စွမ်းရည်ကို မကြာသေးမီကမှ လေ့လာတွေ့ရှိခဲ့ကြတာပါ။

ခွေးလေးတွေကို လေ့ကျင့်သင်ကြားတာတွေ ၊ ထောက်လှမ်းတာတွေ ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပြုလုပ်တာဟာ လွယ်ကူ မြန်ဆန်မှု မရှိပါဘူး။

ထောက်လှမ်းဖို့ ရည်ရွယ်ချက်အတွက် ခွေးကို လေ့ကျင့်တဲ့အခါ တစ်နှစ်အထိ ကြာနိုင်တဲ့ အတွက်ကြောင့် သုတေသီတွေဟာ မကြာသေးမီက ကြွက်​တွေ၊ ပျား​တွေနှင့် ကျိုင်းကောင်​တွေ​​ကဲ့သို့ အခြားသက်ရှိ​တွေထံ လှည့်လာကြပါတယ်။

နောက်ဆုံးလေ့လာမှုအနေနဲ့ Formica fusca ဟု ခေါ်သော ပုရွက်ဆိတ်မျိုးစိတ်များကို လေ့ကျင့် ပေးခြင်း ဖြစ်နိုင်ချေကို စူးစမ်း လေ့လာခဲ့ကြပါတယ်။

ပုရွက်ဆိတ်များမှာ အချို့သော မတည်ငြိမ်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းများ (VOC) ကိုတွေ့ရှိထားပြီး ကင်ဆာအမျိုးအစားများကို ၎င်းတို့ရဲ့ကိုယ်ပိုင် VOCs များဖြင့် ဖော်ထုတ်နိုင်တာကို ယခင်လေ့လာမှုတွေမှာ တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ပုရွက်ဆိတ်တွေကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို ရှာဖွေနိုင်ဖို့ လေ့ကျင်ပေးနိုင်ခြင်း ရှိ၊ မရှိ သုတေသနအသစ်များ စတင်ခဲ့ပါတယ်။

ပဏာမစမ်းသပ်မှုအနေနဲ့ ရင်သားကင်ဆာဆဲလ် နှစ်မျိုးလုံးကို အသုံးပြုပြီး လေ့ကျင့်မှု သုံးခုလောက်သာ ပြုလုပ်ခဲ့ပါတယ်။

သုတေသီတွေဟာ မကြာသေးမီက ခွေးများကို အသုံးပြု၍ လေ့လာမှုများတွင် မြင်တွေ့ခဲ့ရသည့်အတိုင်း တိကျမှန်ကန်မှုဖြင့် ပုရွက်ဆိတ်များကို ကင်ဆာဆဲလ်များနှင့် ကင်ဆာမဟုတ်သောဆဲလ်များအကြား ခွဲခြားသိမြင်နိုင်စေဖို့ ထိရောက်စွာ သင်ကြားပေးနိုင်ခဲ့ပါတယ်။

“ဒါ့ကြောင့် ပုရွက်ဆိတ်တွေဟာ စူးစမ်းမှုစွမ်းရည်အရ လေ့လာအများဆုံးဖြစ်သော ခွေးများနှင့် ညီမျှတယ်” ဟု သုတေသီများက ရေးသားခဲ့ပါတယ်။

“အချို့သောကဏ္ဍတွေမှာဆိုရင် ပုရွက်ဆိတ်တွေဟာ လေ့ကျင့်ချိန်အလွန်တိုတောင်းတဲ့အတွက်ကြောင့် (ခွေးတစ်ကောင်အတွက် 6-12 လနှင့် နှိုင်းယှဉ်လျှင် မိနစ် 30) လေ့ကျင့်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုစရိတ်သက်သာမှာ ဖြစ်ပါတယ်။

ပုရွက်ဆိတ် လေ့ကျင့်ရေး လေ့လာမှုများကို ကိုးကားကြည့်ရာ ပုရွက်ဆိတ်တစ်ကောင်ချင်းစီဟာ ၎င်းတို့ရဲ့ အေးစက်နေတဲ့ တုံ့ပြန်မှုတွေ မကုန်ဆုံးမီ ကိုးကြိမ်အထိ ကင်ဆာဖြစ်စေတဲ့ ဆဲလ်များကို ရှာဖွေဖို့ အသုံးပြုနိုင်ကြောင်း သုတေသီများက ယူဆကြပါတယ်။

ဒါကြောင့် ပုရွက်ဆိတ်များကို အလားတူရည်ရွယ်ချက်များအတွက် အသုံးပြုတဲ့ အခြားတိရစ္ဆာန် သို့မဟုတ် သက်ရှိများနှင့် နှိုင်းယှဉ်ပါက ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်သက်သာသည့် ထောက်လှမ်းမှုကို ရရှိစေမှာ ဖြစ်ပါတယ်။

“ဒါ့ကြောင့် ပုရွက်ဆိတ်တွေကို ကင်ဆာဆဲလ်များရဲ့ မတည်ငြိမ်မှုများကို ရှာဖွေတွေ့ရှိစေဖို့အတွက် လျင်မြန်တဲ့ ထိရောက်မှု၊ စျေးသိပ်မကြီးပဲ ခွဲခြားသိမြင်နိုင်တဲ့ ကိရိယာကို ကိုယ်စားပြုတယ်” ဟု သုတေသီများက လေ့လာမှုရဲ့ ရလဒ်ကို နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

သုတေသီတွေက ကျွန်ုပ်တို့ချဉ်းကပ်မှုဟာ မူးယစ်ဆေးဝါး၊ ဖောက်ခွဲရေးပစ္စည်း​၊ ပျက်ဆီးနေသော မကောင်းတဲ့ အစားအစာတွေ သို့မဟုတ် အခြားရောဂါတွေဖြစ်တဲ့ ငှက်ဖျား၊ ဆီးချိုသွေးချိုရောဂါ အပါအဝင် အခြားရှုပ်ထွေးတဲ့ အနံ့ရှာဖွေခြင်းလုပ်ငန်းတွေနဲ့ လိုက်လျောညီထွေဖြစ်စေနိုင်တယ်ဟု ဆိုပါတယ်။

လေ့လာမှုဟာ သက်သေ အထောက်အထား တစ်ခုရဲ့ ပဏာမ သရုပ်ပြမှုမျှသာ ဖြစ်တဲ့ အတွက်ကြောင့် ပုရွက်ဆိတ်တွေကို လက်တွေ့ကမ္ဘာမှာ အသုံးမပြုမီ ဖြေရှင်းဖို့ လိုအပ်တဲ့ အတားအဆီးများစွာ ရှိနေမှာလည်း သေချာပါတယ်။

ဥပမာ အချို့သောကင်ဆာဆဲလ်များအတွက် တရားဝင်အတည်ပြုဖို့ နောက်ထပ် ကုသဆေးဆိုင်ရာလုပ်ငန်းစဥ်တွေ လိုအပ်ပါတယ်။

ဒါ့အပြင် ဓာတ်ခွဲခန်းရှိ သီးခြားနမူနာများကို ဖော်ထုတ်ခြင်းထက် လက်တွေ့ကမ္ဘာရှိ ကင်ဆာဆဲလ်များကို ရှာဖွေဖို့ ပုရွက် ဆိတ် များကို လက်တွေ့ကျကျ ဘယ်လိုအသုံးချရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးတာ အသေအချာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.