လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထောက်ပံ့ပေးနိုင်မည့် PBX-200 ခေါ် ဓာတ်အားပေး သေတ္တာများ အကြောင်း

Innovation Tech

ကျွန်ုပ်တို့အိမ်တွေအတွက် လိုအပ်တဲ့ စွမ်းအင် ကွန်ရက် တစ်ခု ဖန်တီးဖို့ LEGO တုံးများ ကဲ့သို့ ပေါင်းစည်းနိုင်တဲ့ နေရောင် ခြည် စွမ်းအင်သုံး အတုံးများဖြင့် စွမ်းအင်ပေးနိုင်ကြောင်း စိတ်ကူးကြည့်လိုက်ပါ။

ဒါဟာ သိပ္ပံနည်းကျရုပ်ရှင်ထဲက တစ်ခုခုလို့ထင်ရပေမယ့် ဆွစ်ဇာလန်ကုမ္ပဏီတစ်ခုက တီထွင်ထားတဲ့ ဒီထူးခြားတဲ့တီထွင်မှုဟာ စျေးသက်သာပြီး သန့်ရှင်းတဲ့စွမ်းအင်ကို တစ်နေ့မှာ အမှန်တကယ်ပေးစွမ်းနိုင်တော့မှာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်အခြေစိုက် Power-Blox ရဲ့ PBX-200 ဟာ အဝေးကကြည့်လိုက်မယ်ဆိုရင် ကမ်းခြေတစ်ခုမှာ မြင်တွေ့ရတက်တဲ့ အအေးခံသေတ္တာတစ်ခုနှင့်တူပါတယ်။

အဆိုပါ “ဆိုလာသေတ္တာများ” တွင် သယ်ဆောင်ရ လွယ်ကူသော ဆိုလာပြားများဖြင့် စွမ်းအင်သုံး ဘက်ထရီများ ပါရှိပြီး အိမ်တွေရဲ့ စွမ်းအင်လိုအပ်ချက် အများစုကို ထောက်ပံ့ပေးနိုင်ပါတယ်။

၎င်းဆိုလာ သေတ္တာတွေဟာ တစ်ခု နှင့် တစ်ခုလည်း ချိတ်ဆက် အသုံးပြုနိုင်တာကြောင့် ကျွန်ုပ်တို့ရဲ့ လိုအပ်ချက် များနှင့် လိုက်လျော ညီထွေ ဖြစ်စေတဲ့ စနစ် တစ်ခုလည်း ဖြစ်ပါတယ်။

စွမ်းအင်ပမာဏ အများအပြားကို ဖန်တီးဖို့အတွက်လည်း အကွက်များ အတွင်းရှိ ဘက်ထရီတွေဟာ ဘောက်စ်များကို အ ခြား သေတ္တာတစ်ခုတွင် အလွယ်တကူ ပလပ်ထိုး ထားနိုင်တဲ့အတွက်ကြောင့် စွမ်းအင် အစုအဝေးတစ်ခု အဖြစ် ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။

Image: Courtesy of POWERBLOX

Power-Blox ရဲ့ နောက်ကွယ်မှနည်းပညာ

Power-Blox နည်းပညာဟာ မီနီဂရစ်ရဲ့ ပါဝါနှင့် ဆိုလာ အိမ်စနစ်ရဲ့ အသုံးပြုရ လွယ်ကူမှုကို ပေါင်းစပ် ထားတဲ့ အတွက်ကြောင့် ထူးခြားပါတယ်။

ဒီစနစ်ကို လျှပ်စစ် အင်ဂျင်နီယာတွေက ငါးပုံစံ သဘာဝကို တုပထားပြီး ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

ငါးများကဲ့သို့ PBX-200 စီးရီးဟာ အကန့်အသတ်မရှိသော အသုံးချနိုင်ခြေများနှင့်အတူ ပေါင်းစပ်ထားသည့် ဘက်ထရီများဖြင့် ချိတ်ဆက်၍လည်း အသုံးပြုနိုင်ပါတယ်။

PBX-200 စနစ်ကို ခဲ သို့မဟုတ် လစ်သီယမ်အိုင်းယွန်းနှစ်မျိုးလုံး ပါ၀င်သည့်ဘက်ထရီများဖြင့်ဖွဲ့စည်းထားပြီး၊ ကုဗတစ်ခုစီဟာ လှည့်ပတ်လျှပ်စီးကြောင်း 200 ဝပ်ထုတ်ပေးပါတယ်။

၎င်းတို့ကို အိမ်သုံး သို့မဟုတ် အသေးစားလုပ်ငန်းသုံး လုပ်ငန်းတစ်ခုရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ထောက်ပံ့ပေးဖို့အတွက် လေ၊ ရေအားလျှပ်စစ်၊ ဇီဝလောင်စာ သို့မဟုတ် မီးစက်ကဲ့သို့သော အခြားပြင်ပ အရင်းအမြစ် တစ်ခုခုဖြင့် ချိတ်ဆက်ပြီး ဆိုလာယူနစ် သို့မဟုတ် စွမ်းအင်ပေးနိုင်ပါတယ်။

ဒါ့အပြင် အရန်သိုလှောင်မှုအတွက် နေရောင်ခြည်စွမ်းအင်ကို သိုလှောင်သည့် ပေါင်းစပ် ဘက်ထရီ စနစ်ဖြစ်သည့် Tesla Powerwall ကတော့ သိုလှောင်မှုပမာဏ 13.5 kWh အထိ သိုလှောင်နိုင်ပြီး ဆက်တိုက်ပါဝါ 5 kW အထိ ပေးစွမ်းနိုင်ပါတယ်။

Image: Courtesy of POWERBLOX

သို့သော်လည်း Powerwall ဟာ swarm နည်းပညာမပါဝင်သည့်အတွက် Power-Blox နှင့် အခြေခံအားဖြင့်ကွဲပြားသည်ကို သတိပြုသင့်ပြီး ကျွမ်းကျင် ပညာရှင်များမှ ထည့်သွင်းဖို့တော့ လိုအပ်ပါတယ်။

PBX-200 စနစ်ရဲ့ အကောင်းမွန်ဆုံး ရှုထောင့်များထဲမှ တစ်ခုက ၎င်းဟာ ဖွဲ့စည်းမှုပုံစံ၊ အထူးပြုပြင်ထိန်းသိမ်းမှု မလိုအပ်ပါဘူး။

လျှပ်စစ်ဓာတ်အား လိုအပ်မှု တိုးလာတဲ့အခါမှာ PBX-200s များဟာ ပါဝါထောက်ပံ့မှုကို မိနစ် အနည်းငယ် အတွင်း အနှောင့် အယှက်မရှိဘဲ ပလပ်ထိုးထားနိုင်ပါတယ်။

ကမ္ဘာအနှံ့ စွမ်းအင်နှင့် ပတ်သတ်ပြီး အလှည့်အပြောင်း ဖြစ်လာတော့မည်

PBX-200 ဟာ မီနီဂရစ်များထက် ပိုမိုလိုက်လျောညီထွေရှိသည့်အတွက်ကြောင့် ၎င်းကို ကမ္ဘာ့ အဆင်းရဲဆုံးနှင့် အစွန်အဖျားဆုံး ဒေသ အချို့အတွက် ကြီးကြီးမားမား အထောက်အကူ​ဖြစ်စေပါတယ်။

2018 ခုနှစ်မှစတင်ပြီး ကုမ္ပဏီဟာ နိုင်ငံပေါင်း 20 ခန့်တွင် ဓာတ်အားပေး လုပ်ကွက်ပေါင်း 2,000 ကျော်ကို ပံ့ပိုး ပေးခဲ့ပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့်

အခြားသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူး ပေါင်းကာ လူ့အဖွဲ့အစည်း ဒါဇင်ပေါင်း များစွာ အတွက် စွမ်းအင်သိုလှောင်မှု ဖြေရှင်းချက်ကို ပံ့ပိုးပေးခဲ့ပါတယ်။

Image: Courtesy of POWERBLOX

မကြာသေးမီက လျှပ်စစ်မီး ရရှိထားတဲ့ မိုဇမ်ဘစ်ရွာ တစ်ရွာက လူတွေဆိုရင် အအေးဖျော်ရည်များမှ ရေခဲ သေတ္တာ အထိ ပစ္စည်းများကို စတင်ရောင်းချကာ သုံးစွဲသူများကို မိုဘိုင်းအားသွင်းရုံများအထိ ကမ်းလှမ်းဖို့ တီထွင်မှုကို အသုံးပြုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် အနောက်နိုင်ငံတွေကလည်း စိတ်ဝင်စားမှု တိုးလာ​ကြတာကိုလည်း တွေ့ရပါတယ်။ Power-Blox က ဆွစ်ဇာလန်တောင်တန်းတွေရှိ နေအိမ်ပေါင်း 150 ကို ပါဝါပေးထားတယ်ဟုလည်း သိရပါတယ်။

လက်ရှိ ၎င်းတို့၏ အကြီးမားဆုံး အတားအဆီးမှာ ရန်ပုံငွေမရှိခြင်း ဖြစ်ပုံရပါတယ်။

သို့သော်လည်း၊ လက်ရှိ Lithium iron phosphate ဘက်ထရီများကို ပိုမိုကောင်းမွန်သော မော်ဒယ်အတွက် အလွယ်တကူ လဲလှယ် အသုံးပြု နိုင်တဲ့ အတွက်ကြောင့် သုတေသီတွေဟာ ဆိုလာသေတ္တာများကို ပို၍ ရေရှည်တည်တံ့အောင် ပြုလုပ်ဖို့ နည်းလမ်းများကို ရှာဖွေနေပြီပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.