တရုတ်ကုမ္ပဏီ တခုက ပြသလိုက်တဲ့ ဆိုလာကား အကြောင်း

Innovation Tech

တရုတ်နိုင်ငံက အသစ်ထုတ်လုပ်လာတဲ့ ဆိုလာခေါင်မိုးဖြင့် မောင်းနှင်နေစဥ်မှာ အားပြန်ဖြည့်နိုင်တဲ့ EV ကား အကြောင်း

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ SPI Energyရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ တရုတ် ကားထုတ်လုပ်သူ EdisonFuture ဟာ ၎င်းရဲ့ EF1-T ပစ်ကပ် EV ထရပ်ကားရဲ့ပုံရိပ်များကို ပထမဆုံးအကြိမ်ထုတ်ဖော်ပြသခဲ့ကြောင်း InsideEVs ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဆိုပါ ပစ်ကပ်ကားတွင် ခေါက်သိမ်းနိုင်တဲ့ လျှောစောင်း ပုံစံ ဆိုလာပြားအမိုးများ ပါရှိပြီး မောင်းနှင်ချိန်မှာ ဆန့်ထုတ်လို့ရပါတယ်။

EF1-T ပစ်ကပ် EV ထရပ်ကားဟာ တံခါးလေးပေါက်တပ်ဆင်ထားပြီး ကားမောင်းနေတုန်းမှာဘဲ နေရောင်ခြည်စွမ်းအင်အသုံးပြုနိုင်ဖို့အတွက် အနောက်ဘက်တွင် ဆိုလာအခင်းတွေပါရှိပါတယ်။

အဆိုပါယာဉ်ဟာ Tesla ရဲ့ Cybertruck နှင့် သိသိသာသာဆင်တူပြီး ၎င်းကို ပထမဆုံးထုတ်ဖော်ပြသပြီးနောက် ဆိုလာပြားများ ရွေးချယ်အသုံးပြုထားတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရပါတယ်။

ဒါတွေနဲ့ပတ်သတ်ပြီး Teslaရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk က အဆိုပါ ဆိုလာ အားသွင်းကားတွေနဲ့ ပတ်သက်ပြီး သူသံသယရှိကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပါတယ်။

EF1-T ရဲ့ ‘စံ’ မော်တာတစ်လုံးတည်းပါတဲ့ ဗားရှင်းဟာ ၀-၆၀ ( ၉၆ ကီလိုမီတာ ) ကို ၆.၅ စက္ကန့်အတွင်း မြင်းကောင်ရေ ၄၇၀ ကောင်အားရှိသော အင်ဂျင်ဖြင့် မောင်းနှင်နိုင်မည်ဖြစ်ပြီး `ပရီမီယံ´ မော်ဒယ်မှာ အပိုမော်တာတစ်ခု ထပ်ဖြည့်ထားကာ ၀-၆၀ ( ၉၆ ကီလိုမီတာ ) ကို ၄.၅ စက္ကန့်အတွင်း မောင်းနှင်နိုင်ပါတယ်။

အဆိုပါ ယာဥ်ရဲ့ ‘စူပါ’ ဗားရှင်းမှာတော့ မော်တာသုံးလုံးပါရှိပြီး မြင်းကောင်ရေ ၈၁၆ ကောင်အားနဲ့ ၀-၆၀ ( ၉၆ ကီလိုမီတာ ) ကို ၃.၉ စက္ကန့်အတွင်း မောင်းနှင်နိုင်မည် ဟု သိရပါတယ်။

ထူးခြားတဲ့ ‘နေရောင်ခြည်စွမ်းအင်သုံး mosaic နည်းပညာ’ အသုံးပြုထားကြောင်း

တရုတ်ကားထုတ်လုပ်သူ EdisonFuture က EF1-T နဲ့ ဗင်ဗားရှင်း EF1-V တို့ဟာ “ဘက်ထရီတွေကို အားပြန်သွင်းဖို့ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုထားပါတယ်။
အဆိုပါ ယာဉ်တွေကို မောင်းနှင်နေစဥ် စဉ်ဆက်မပြတ် အားသွင်းနိုင်စေမယ့် ထူးထူးခြားခြား ဒီဇိုင်းထုတ်ထားတဲ့ ဆိုလာ mosaic နည်းပညာကို အသုံးပြုထားတာကို မြင်တွေ့နိုင်တယ် ” ဟု သတင်းထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ကားထုတ်လုပ်သူက EF1-T ရဲ့ ဘက်ထရီအရွယ်အစား ၊ သွားနိုင်မည့် အကွာအဝေး သို့မဟုတ် ဆိုလာအားသွင်းခြင်းဆိုင်ရာ သတ်မှတ်ချက် စသည်တို့နှင့် ပတ်သက်တဲ့ အချက်အလက်​တွေကို အမှန်တကယ် ထုတ်ပြန်ထားခြင်း မရှိသော်လည်း၊ ယာဉ်ရဲ့ ရှေ့ပြေးပုံစံကို နိုဝင်ဘာလလယ်လောက် LA မှာ ပြသနိုင်ဖို့ စီစဉ်ထားတဲ့အတွက်ကြောင့် ကျွန်ုပ်တို့အနေနဲ့ နောက်ထပ်အချက်အလက်များကိုပါ တစ်ခါထည်း လေ့လာနိုင်တယ် ဟုဆိုပါတယ်။

EdisonFuture က ပြသနေစဉ်အတွင်းမှာဘဲ မှာယူမှုများကို စတင်လက်ခံတော့မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဆိုလာပါဝါကိုသာ အသုံးပြုတဲ့ မော်တော်ကားများကို ကျွန်ုပ်တို့ မြင်တွေ့ရသည်မှာ မဝေးကွာတော့ပေမည့် နည်းပညာ တိုးတက်လာသည် နှင့်အမျှ ဆိုလာပြားများ တပ်ဆင်ထားတဲ့ ကားများကို ပို၍ မြင်တွေ့ လာဖွယ် ရှိပါတယ်။

ဥပမာအနေနဲ့ ဒတ်ချ် မော်တော်ကားထုတ်လုပ်သူ Lightyear က ၎င်းရဲ့ Lightyear One ကားဟာ နေရောင်ခြည်အားသွင်းထားမယ်ဆိုရင် တစ်နာရီလျှင် အကွာအဝေး 7 မိုင်အထိ သွားနိုင်တယ် ဟု ၎င်းရဲ့ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးမှာ Lightyear ဟာ သမားရိုးကျနည်းလမ်း​တွေနဲ့ အားသွင်းစရာမလိုဘဲ လနှင့်ချီ သွားလာမောင်းနှင်နိုင်တဲ့ ကားများကို တီထွင်ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

မဝေးတော့နဲ့ အနာဂတ်မှာ EF1-T ကို ထုတ်ဖော်ပြသတော့မှာဖြစ်ပြီး ပိုမိုလေ့လာနိုင်ဖို့ စောင့်ကြည့်နေနိုင်တယ်ဟု ဆိုပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.