အမြန်နှုန်း စံချိန်များကို ချိုးဖျက်ဖို့ ရည်ရွယ်ထားတဲ့ ငှက်နှင့်တူသော နေစွမ်းအင်သုံး လေယာဉ်အကြောင်း

Innovation Tech

နေစွမ်းအင်ဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များထဲမှ တစ်ခုဖြစ်ပြီး တိုးတက်လာတဲ့နည်းပညာနှင့် တိုးပွားလာတဲ့လူဦးရေနှင့်အတူ စွမ်းအင်လိုအပ်ချက် မြင့်တက်လာတာနှင့်အမျှ

ကုမ္ပဏီကြီးတွေဟာ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟု ကတိပြုထားသည့်အတိုင်း အထိရောက်ဆုံးဖြေရှင်းနည်းများကို တီထွင်ထုတ်လုပ်ဖို့ ကြိုးစားလာကြပါတယ်။

ယခုအခါ ဆိုလာပြားများဖြင့် ဖုံးအုပ်ထားတဲ့ အဆောက်အအုံ​​တွေနှင့် နေရောင်ခြည် စွမ်းအင်သုံးကားတွေကို ကျွန်ုပ်တို့ တွေ့မြင်ပြီးဖြစ်ပါတယ်။

ယခုလည်း Lasky Design မှ ဒီဇိုင်နာတစ်ဦးဖြစ်သည့် Laszlo Nemeth က အပေါ်ဘက်တွင် ဆိုလာပြားများဖြင့် တပ်ဆင်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို တီထွင်လိုက်ပြီပဲ ဖြစ်ပါတယ်။

Falcon Solar ဟု အမည်ပေးထားသည့် အဆိုပါ လေယာဉ်ဟာ ၎င်းရဲ့ သိမ်းငှက်ကဲ့သို့ အသွင်အပြင်နဲ့ ပထမတစ်ချက်မှာပဲ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ “ဒီဇိုင်းကို သားရဲငှက်တစ်ကောင်ပုံစံ ပုံဖော်ထားပါတယ်။”

Image: Courtesy of the designer László Németh

“သဘာဝတရားကြီးက အင်ဂျင်နီယာများနှင့် ဒီဇိုင်နာများကို စိတ်ကူးကောင်းများ ပေးစွမ်းနိုင်တာကြောင့် သဘာဝနှင့် ဟန် ချက်ညီစေဖို့ နားလည်ပြီး ထိန်းသိမ်းဖို့ အရေးကြီးတယ်” ဟု Laszlo Nemeth က IE နှင့် အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ အသံရဲ့အမြန်နှုန်းထက် ပျံသန်းနိုင်တဲ့ လေယာဥ်တွေရှိပေမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် စွမ်းအင်ကုန် ကျ စရိတ် ဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းတွေ၊

ဒါမှမဟုတ် ငှက်တွေဆီက သင်ယူခဲ့ရတဲ့ စွမ်းဆောင်ရည်ကို ပိုမြင့်တဲ့ အမြန်နှုန်း အထိ တိုးချဲ့ နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေက ဒီဇိုင်နာ တစ်ယောက်အနေနဲ့၊ ဒီဇိုင်းဆွဲတဲ့အခါ လှုံ့ဆော်ပေးတဲ့ မေးခွန်းတွေလို့ ပြောနိုင်တယ်ဟု Laszlo Nemeth က ဆိုပါတယ်။

အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး လေယာဥ်ကို ခရီးသည် လေယာဉ် အဖြစ် ဒီဇိုင်းထုတ် ထားပြီး ၎င်းရဲ့အဓိက ရည်ရွယ် ချက် မှာ လေကြောင်း သယ်ယူ ပို့ဆောင်ရေး ပိုမို ရေရှည် တည်တံ့ပြီး ထိရောက်မှု ရှိစေဖို့ ဖြစ်ပါတယ်။

လေယာဉ်ရဲ့ အပေါ်ဘက်မျက်နှာပြင်ရှိ ဆိုလာပြားတွေက “အုံ့နေသော ရာသီဥတု သို့မဟုတ် ညအချိန်တွင် မည်သို့ ပျံသန်းမလဲဆိုတဲ့ ခေတ်ပြိုင် ဆိုလာစွမ်းအင်သုံး လေယာဉ်​တွေအတွက် ပြဿနာဖြစ်စေတဲ့ လေပြင်းတိုက်ခတ်မှု နှင့် ညဘက်တွင် အမှောင်ထုဖြစ်နေခြင်း ဟူသော မေးခွန်းတွေကို ဖြစ်စေပါတယ်။”

Image: Courtesy of the designer László Németh

“ဒါတောင်မှ ဘတ္ထရီမကြိုက်တဲ့ အအေးလွန်ကဲတာကို မဖော်ပြထားဘူး” ဟု Nemeth က ပြောကြားခဲ့ပြီး မြင့်မားတဲ့ အမြင့်ပေများတွင် ပျံသန်းခြင်းက အဆိုပါပြဿနာများကို ကျော်လွှားနိုင်ဖို့ ကူညီပေးနိုင်တယ်ဟု ဆိုပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်တွေဟာ ပုံမှန်အားဖြင့် ပန်ကာ တွန်းကန်အား လုံလောက်နိုင်ခြေ ပိုများသည့် မြင့်မားတဲ့ အမြင့်တွေမှာ ပျံသန်းလေ့ရှိပါတယ်။

Nemeth က “ကျွန်ုပ်တို့ အနေနဲ့ နေရောင်ခြည် စွမ်းအင်သုံး ပျံသန်းနိုင်စေဖို့ အတွက် ခေတ်မီ နည်းပညာက လုံလုံလောက်လောက် တိုးတက်လာတယ်လို့ ဆိုပါတယ်။

ဒါဟာ ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့အရာတွေ လုပ်ဆောင်ပေးဖို့ အချိန်တန်ပြီ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲမှုအကြောင်း ပြောရလျှင် လေကြောင်း ပျံသန်းမှုတွင် ပိုမိုမြင့်မားတဲ့ စွမ်းအင်ထိရောက်မှုရရှိဖို့ အဘယ်အရာ ပြောင်းလဲနိုင်မလဲဆိုတာ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။

Image: Courtesy of the designer László Németh

Falcon Solar က ဒီဇိုင်းပုံစံ အမျိုးမျိုးဖြင့် သိမ်းငှက် တစ်ကောင်နှင့် ဆင်တူသည့် ၎င်းရဲ့ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင် အ ပြင် လေယာဉ်ရဲ့ အ​ပေါ်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြားများနှင့်အတူ ရေရှည်တည်တံ့မှုနှင့် ပတ်သက်သည့် ပြဿနာများအတွက် အလွန်ဆန်းသစ်သော ဖြေရှင်းချက် အသစ်များကို ပေးစွမ်းနိုင်တယ်ဟု ဆိုပါတယ်။

ဆန်းသစ်တီထွင်ထားတဲ့ ဒီဇိုင်းအသစ်က လေကြောင်းကဏ္ဍကို လှုံ့ဆော်နိုင်ပြီး စွမ်းအင်သက်သာတဲ့ လေယာဉ်မော်ဒယ်လ်သစ်များ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ပါတယ်။

အားလုံးနီးပါး စိမ်းလန်းနေတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်တို့ နေထိုင်ရမှာ ဖြစ်တာကြောင့် ဆိုလာစွမ်းအင်က လေကြောင်း လုပ်ငန်း ရဲ့ အနာဂတ် ဖြစ်လာမှာလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com