လူတွေ တစ္ဆေကြောက်ရတဲ့ အကြောင်းကို သိပ္ပံရှုထောင့်မှ ရှုမြင်ခြင်း

Article Science

တယောက်ထဲ တိတ်ဆိတ်စွာ ရှိနေချိန် တစုံတယောက်က သင့်ကို စောင့်ကြည့်နေတယ်လို့ ခံစားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား။

ဒါမှမဟုတ် သင့်မျက်လုံးထောင့် တနေရာမှာ တစ္ဆေလိုလို မြင်လာနိုင်တဲ့ အတွက် ဘယ်မှ လှည့်မကြည့်ရဲတာမျိုးရော ဖြစ်ဖူးပါသလား။ အဲဒါဆိုရင်တော့ သင်တယောက်ထဲ မဟုတ်ပါဘူး။

လူအချို့အတွက် အဲဒီ့ ခံစားချက်ကို full-blown phobia လို့ခေါ်ပြီး တယောက်ထဲ နေဖို့ သို့မဟုတ် အိပ်စက်ဖို့ အလွန်ခဲယဉ်းတဲ့ အနေ အထားကို ဖြစ်စေပါတယ်။

ဘရာဇီးနိုင်ငံ Rio de Janeiro မြို့ရှိ D’Or သုတေသနနှင့် ပညာရေး တက္ကသိုလ်မှ စိတ်ရောဂါဆရာဝန် တယောက်ဖြစ်တဲ့ Ricardo de Oliveira-Souza ၏ အဆိုအရ

ဒီလို တစ္ဆေကို ကြောက်ရွံ့တာဟာ ယုံကြည်မှုကြောင့် ကြောက်ရွံ့တာက အဓိက အချက် မဟုတ်ဘဲ ဖြစ်ရိုးဖြစ်စဉ်ကြောင့်သာ ဖြစ်တယ်လို့ သိရပါတယ်။

၎င်းက ဒါဟာ လူတွေ အမြင့် ကြောက်တာ သို့မဟုတ် အင်းဆက်တွေကို ကြောက်ရွံ့တာမျိုး ကဲ့သို့ နေ့စဉ် ကြုံတွေ့ နေရတဲ့ အဖြစ်များတဲ့ phobia တွေလိုပဲ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

တစ္ဆေကြောက်ခြင်း

Ricardo de Oliveira-Souza ဟာ ဒီဖြစ်စဉ်ကို စိတ်ကျရောဂါအတွက် ကုသပေးနေသည့် လူနာတဦးမှ ၎င်း၏ ကုထုံးဟာ တသက်လုံး တယောက်ထဲ မအိပ်ရဲဘဲ တစ္ဆေကြောက်ခြင်းကို ခံစားရနေသည်မှ သက်သာစေခဲ့တယ်လို့ ပြောကြားခဲ့ရာမှ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွင် သူ၏ လူနာဟာ တယောက်ထဲနေခြင်း သို့မဟုတ် ထိတ်လန့်စရာ ရုပ်ရှင်များ သို့မဟုတ် သဘာဝလွန် ခြောက်ခြားစရာများကို တွေးတောမိသည့်အခါ ဖြစ်ပေါ်တတ်သည့် phobia စံနှုန်းများနှင့် ကိုက်ညီနေတာကို တွေ့ရှိခဲ့ပါတယ်။

အဲဒီ့နောက် Oliveira-Souza ဟာ သူ၏ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ နှင့် လူနာတွေကို မေးမြန်းကြည့်တဲ့အခါ သူတို့ဟာလည်း တစ္ဆေ သူရဲတွေကြောင့် ကြောက်လန့်ဖူးတာကို သိရှိခဲ့ရပါတယ်။

ဒီ အကြောင်းအရာတွေကို ၂၀၁၈ ခုနှစ်က ထုတ်ဝေ ခဲ့သည့် Frontiers in Psychiatry ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည့် စာတမ်းတွင် Oliveira-Souza က မီးမောင်းထိုး ဖော်ပြခဲ့ပါတယ်။

ဖြစ်ရပ်တခုတွင် အသက် ၄၆ နှစ်အရွယ် ဟိုတယ် ဝန်ထမ်းဟာ ဖခင် မရှိသည့်နောက် ဖခင်၏ ဈာပန မှ ခြောက်လှန့်နေရာကနေ အိပ်မပျော်နိုင်လောက်အောင် ဖြစ်နေခဲ့ပါတယ်။

နောက်တခုကတော့ အသက် ၅၄ နှစ်အရွယ် ရှေ့နေတယောက်ဟာ တယောက်ထဲ နေရန် ကြောက်ရွံ့သောကြောင့် ဆိုးရွားသည့် အိမ်ထောင် ရေးကို စွန့်လွှတ်ရန် ချီတုံချတုံ ဖြစ်နေတာပါ။

ဒါ့အပြင် ဝိညာဉ်များ ပြတင်းပေါက်မှ ဝင်လာမှာ ကြောက်သည့် ၁၉ နှစ်အရွယ် ကောင်မလေး၊ ညအချိန် အပေါ့မသွားရဲသဖြင့် အိပ်ယာပေါ်တွင် ရှူးရှူးပေါက်တတ်သည့် အသက် ၆၃ နှစ်အရွယ် မုဆိုးမ နှင့် သူမ ခြေထောက်ကို တယောက်ယောက်က လာဆွဲမှာ ကြောက်နေသည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် တို့ပါ သူ၏ လေ့လာမှုတွင် ပါဝင်ခဲ့ပါတယ်။

ဒီလို ခံစားမှုမျိုးဟာ “Anwesenheit” လို့ခေါ်ပြီး “ရှိနေခြင်း” ဟုအဓိပ္ပာယ်ရသည့် ဂျာမန်ဘာသာ စကားလုံးဖြစ်ပါတယ်။

ကုသမှု

အထက်ပါ ဖြစ်စဉ်များမှ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ဟာ အပျိုဖော်ဝင်ပြီးနောက်မှာ ပုံမှန် အနေအထားကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။

အရွယ်ရောက်ပြီးသူ အများစု အတွက်ကတော့ စိတ်ကျရောဂါဆေးများဖြင့် ကုသရာမှာ ကောင်းစွာ တုန့်ပြန်မှုရှိတာကို တွေ့ရှိရပါတယ်။

“ဖြစ်ရပ် တစ်ခုစီတွင် phobic လက္ခဏာများ၏ အကြောင်းအရာ မည်သို့ပင်ရှိစေကာမူ ဆေးများဟာ ကြောက်ရွံ့မှု၏ အဓိက အချက်ဖြစ်သည့် စိုးရိမ်ပူပန်မှုကို သက်သာစေပါတယ်” လို့ Oliveira-Souza မှရှင်းပြပါတယ်။

အချို့ လူများကိုတော့ သရဲ တစ္ဆေများ ကြောက်ရွံခြင်းကို စကားပြော ကုထုံးနည်းလမ်းဖြင့် ပုံမှန် အနေအထားရောက်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကုသမှု ခံယူပြီးနောက် full-blown claustrophobia မရှိတော့သည့် သူတောင်မှ စက်ချွတ်ယွင်းနေတဲ့ ဓာတ်လှေကားပေါ်မှာ စိတ်မသက်မသာ ဖြစ်နေနိုင်သလို အစကတည်းက မကြောက်တတ်တဲ့ သူတောင်မှ သရဲကားများနှင့် အလားတူ ခြောက်ခြားစရာများကို သတိရတတ်ပါသေးတယ်။

ဒါ့ကြောင့် သင့်ဟာ တစုံတခုကို ကြောက်တတ်နေတယ်လို့ ခံစားရရင် သင်တယောက်ထဲ မဟုတ်ဘူးဆိုတာကို သတိရဖို့အတွက် ဒီ ဆောင်း ပါးက အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *