ကြယ်တွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်ရတဲ့အကြောင်း

Knowledge Science

ညကောင်းကင်ယံမှာ ကြယ်လေးတွေ ဘာကြောင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြတာလဲ

ကြယ်လေးတွေတော့ မှိတ်တုတ်မှိတ်တုတ် ဖြစ်​ကြသော်လည်း ဂြိုလ်တွေကို ကြည့်ရင်တော့ တည်ငြိမ်တဲ့ အလင်းရောင်ကို တွေ့ရမှာပါ။

မှောင်နေတဲ့ညတွေမှာ ကောင်းကင်ကို မော့ကြည့်လိုက်မယ်ဆိုရင် ကြယ်လေးတွေကို တောက်ပတဲ့ အလင်းတန်းတွေနဲ့ မှိတ် တုတ်မှိတ်တုတ် ပေါ်လာတာကို သတိပြုမိပါလိမ့်မယ်။

တကယ်တော့ ကြယ်လေးတွေဟာ မှိတ်တုတ်မှိတ်တုတ် လှုပ်နေကြတာ မဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာမြေပေါ်ရှိ ကျွန်ုပ်တို့ မြင်ရတဲ့ ရှု့ထောင့်တွေကြောင့် ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့လေထုဟာ ကမ္ဘာမြေမျက်နှာပြင်မှ ကီလိုမီတာ ၁၀,၀၀၀ အကွာအဝေး အမြင့်လောက်အထိ ရောက်ရှိပြီးတော့ အဲဒီ့နေရာမှာ အောက်မှ လေပူများဟာ တက်လာပြီး လေအေးများနှင့် ပေါင်းစပ်ကာ ပျံ့နှံ့သွားပါတယ်။

လေထုကို ဖြတ်သန်းသွားတဲ့အခါ မတူညီတဲ့ အပူချိန်နှင့် လေထု သိပ် သည်းဆ အမျိုးမျိုးကြောင့် ကြယ်တွေကလာတဲ့ အလင်းရောင်ဟာ ကွေးညွှတ် ပုံပျက်ပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်လာပါတယ်။

တကယ်တော့ ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာနဲ့ ပတ်သတ်ပြီး သိပ္ပံနည်းကျ အသုံးအနှုန်း ရှိပြီး ၎င်းကို ‘atmospheric scintillation’ သို့မဟုတ် ‘လေထုရဲ့ လင်းလက်ပြိုးပြက်မှု’ဟု သမုတ်ကြပါတယ်။

အထက်ပါ အသုံးအနှုန်းဟာ ကြယ်တစ်လုံးရဲ့ ထင်ရှားတဲ့ တောက်ပမှုတွေ လျင်မြန်စွာပြောင်းလဲနေမှု အတွက် နက္ခတ္တဗေဒ အသုံးအနှုန်း ဖြစ်ပြီး ကြယ်တွေရဲ့ အရောင်များဟာ လေထုကို ဖြတ်ပြီး ပုံမှန်တဲ့ အရောင်တွေ ထွက်ပေါ် လာတာကိုလည်း အလားတူ ခေါ်ဆိုကြပါတယ်။

မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ ကြယ်တစ်ပွင့်ရဲ့ ပြောင်းလဲနေတဲ့ အရောင်​တွေကို ဓာတ်ပုံရိုက် လေ့လာကြည့်မယ် ဆိုရင် လေထုညစ်ညမ်းမှုရဲ့ အကျိုးသက်ရောက်မှု​တွေ​ကို ဖမ်းယူနိုင်ပါတယ်။

နက္ခတ္တဗေဒဆိုင်ရာ အမြင်

လူအများစုအတွက်တော့ မှိတ်တုတ်မှိတ်တုတ် ကြယ်တလုံးကို မြင်တဲ့ အယူအဆကို အလွန်ရိုမန်တစ်ဆန်တဲ့ အပြင် အကျော်ကြားဆုံး သားချော့တေး သီချင်းများထဲမှ အမှတ်ရစရာ​တွေ အဖြစ် ပုံဖော်ယူဆကြပါတယ်။

သို့သော် နက္ခတ္တဗေဒပညာရှင်​တွေ အတွက်တော့ မှိတ်တုတ်မှိတ်တုတ်ကြယ်တွေဟာ တယ်လီစကုပ်မှာ မြင်ရတဲ့ ပုံရိပ်ဟာ ခုန်ပေါက် လှုပ်ရှားနေတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ်ရပါတယ်။

နက္ခတ်ဗေဒဆိုင်ရာ အရာဝတ္ထုတွေ မှန်ပြောင်းထဲမှာ ခုန်ပေါက်လှုပ်ရှားနေတဲ့ အတိုင်းအတာကို နက္ခတ္တဗေဒပညာရှင်တွေကတော့ ‘seeing’ ခေါ် မြင်ရခြင်း ဟုခေါ်ဝေါ် သမုတ်ကြပါတယ်။

ဥပမာအနေနဲ့ လက်တွေ့ကျကျလုပ်ဆောင်နေတဲ့ နက္ခတ္တဗေဒပညာရှင်တွေဟာ ကောင်းကောင်း မမြင်ရတဲ့အခါ ‘bad seeing’ လို့ ညည်းညူတတ်ကြပြီး ကောင်းကောင်း မြင်ရတဲ့ အခါမှာတော့ ‘good seeing’လို့ ပြောဆိုကြပါတယ်။

ကြယ်တွေဟာ မှိတ်တုတ်မှိတ်တုတ် ဖြစ်ကြသော်လည်း ဂြိုလ်တွေက ဘာကြောင့် မဖြစ်ကြတာလဲ

ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေချိန်မှာ ဂြိုလ်တွေဘာကြောင့် မဖြစ်သလဲဆိုရင် ကြယ်တွေဟာ ကမ္ဘာမြေနဲ့ အလွန် ဝေးကွာသောကြောင့် ဖြစ်ပါတယ်။

အဆိုပါ ဝေးကွာမှုကြောင့် ၎င်းတို့ကို စုစည်းထားတဲ့ အလင်းတန်းတွေ အဖြစ် ပေါ်လွင်စေပြီး ၎င်းအလင်းရောင်တွေဟာ ကမ္ဘာ့လေထုရဲ့ သက်ရောက်မှုကြောင့် ပိုမိုလွယ်ကူစွာ အနှောင့်အယှက် ဖြစ်စေပြီး မှိတ်တုတ်မှိတ်တုတ် မြင်ရခြင်းပဲ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ဂြိုလ်တွေဟာ ပိုမိုနီးကပ်လာကာ ၎င်းတို့မှ ထွက်ပေါ်လာတဲ့ အလင်းရောင်ဟာ ကြယ်အလင်းထက် ပိုမိုထူထပ်တဲ့ အလင်းတန်း တစ်ခု အနေနဲ့ ကမ္ဘာရဲ့လေထုအတွင်း ပြန်ဝင်လာပြီး လေထုရဲ့ မတူညီတဲ့ သိပ်သည်းဆ နှင့် အပူချိန် တွေကို သိသာထင်ရှားစွာ သက်ရောက်မှု မရှိပဲ မှိတ်တုတ်မှိတ်တုတ် အဖြစ် မမြင်ရတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် သောကြာဂြိုဟ်ကို မနက် နေမထွက်ခင် အာရုဏ်တက်ချိန်တွင် အရှေ့ကောင်းကင်တွင် တည်ငြိမ်သည့် အ လင်းရောင်ဖြင့် ထင်ရှားစွာ တွေ့မြင် နိုင်ပြီး နေဝင် ဆည်းဆာအချိန်တွင် အနောက်ဘက် ကောင်းကင်ယံတွင် ရှင်းလင်း စွာမြင်တွေ့ နိုင်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.