လင်းပိုင်တွေထက် ပိုမိုမြန်ဆန်စွာ သွားလာနိုင်တဲ့အလေးချိန် ၁၀ တန်ရှိတဲ့ ဇိမ်ခံ ရေငုတ်သင်္ဘော အသစ်အကြောင်း

News Tech

မကြာသေးမှီက U-Boat Worx ဟာ စူပါ ရေငုတ်သင်္ဘောကို မိတ်ဆက်ခဲ့ပြီး အဆိုပါယာဥ်ဟာ ၆၀ ကီလိုဝမ် တွန်းအားရှိတဲ့စက်လေးခု တပ်ထားပြီး ၉၈၄ပေ (မီတာ ၃၀၀) အနက်ထိ ငုတ်လျှိုးနိုင်ပါတယ်။

အဆိုပါ စူပါရေငုတ်သင်္ဘောကို ” ​စျေးကွက်အတွင်းမှာ hydrodynamic အကောင်းဆုံး ရေငုတ်သင်္ဘော ” အဖြစ် သတ်မှတ်ထားပါတယ်။

အဆိုပါ ရေငုတ်သင်္ဘောဒီဇိုင်းအသစ်ဟာ အသုံးပြုသူတွေအတွက် U-Boat Worx ရဲ့စိတ်ကြိုက်ရေးဆွဲထားတဲ့ ရေငုပ်သင်္ဘောပရိုဂရမ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

နောက်ဆုံးထုတ်ကုန်ဟာ ရှည်လျားတဲ့ အမြှီး နှင့် စမတ်ကျတဲ့ အတောင်များ ပါရှိမည်ဖြစ်ပြီး အစက်အပြောက်သဏ္ဍာန်နဲ့ နစ်မြှုပ်ငုတ်လျှိုးနိုင်မည်ဟု သိရပါတယ်။

အဆိုပါ ရေငုတ်သင်္ဘောဒီဇိုင်းဟာ 360 ဒီဂရီ ရှုခင်းများကို မြင်နိုင်စွမ်းရှိပြီး ကြီးမားတဲ့ အဏ္ဏဝါမျိုးစိတ်များနှင့် လိုက်လျောညီထွေဖြစ်စေဖို့ လုံလုံလောက်လောက် အားကောင်းတဲ့ ရေယာဉ်တစ်စင်းဖြစ်နိုင်ဖို့ မျှော်မှန်းထားကြပါတယ်။

Photo: Courtesy of U-Boat Worx

စူပါရေငုတ်သင်္ဘောကို ၆၀ ကီလိုဝပ် တွန်းအားပေးစက်ကို အသုံးပြုထားပြီး လင်းပိုင်တွေ ရေထဲမှာ သွားလာတာထက် ပိုမိုမြန်ဆန်စွာ သွားလာနိုင်မည် ဟုဆိုပါတယ်။

U-Boat Worx ရဲ့ အဆိုအရ စူပါရေငုတ်သင်္ဘောဟာ ယာဉ်မှူးတစ်ဦးနှင့် ခရီးသည်နှစ်ဦးတို့ကို ပို့ဆောင်ပေးနိုင်မည်ဖြစ်ပြီး ယာဥ်ရဲ့အတွင်းခန်းက အလွန်ဇိမ်ရှိလှတယ် ဟုဆိုပါတယ်။

ဒါတွေအပြင် အလွန်ကြည်လင်ပြတ်သားတဲ့ မှန်ကိုယ်ထည်က ခရီးသွားတွေကို သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးအထိ မြင်တွေ့စေနိုင်ပါတယ်။

ရေငုပ်သင်္ဘောကို အထူးဒီဇိုင်းထုတ်ထားတဲ့ ပေါ့ပါးတဲ့ လစ်သီယမ်-အိုင်ယွန်ဘက်ထရီတွေနဲ့ ပါဝါအသုံးပြုနိုင်မည်ဖြစ်ပြီး ဒါဟာ ၉.၉ တန် (၉၀၀၀ ကီလိုဂရမ်) ရေငုပ်သင်္ဘောအတွက် လုံလောက်တဲ့ စွမ်းအားနဲ့ အမြင့်ဆုံးအမြန်နှုန်းရရှိအောင် စွမ်းဆောင်ပေးနိုင်မည်ဟု ဆိုပါတယ်။

ပထမဆုံး စူပါ ရေငုတ် သင်္ဘော မော်ဒယ်ကို ၂၀၂၃ တွင် ထုတ်​ဖော် ပြသမည် ဖြစ်ပြီး ကုမ္ပဏီဟာ နောက်ပိုင်းတွင် စူပါ ရေငုတ် သင်္ဘော မော်ဒယ် အမြောက်အများကို ခင်းကျင်းတည်ဆောက်ပြီး ၎င်းတို့ရဲ့ ရေယာဥ်စုအင်အားကို တိုးချဲ့နိုင်ဖို့ စီစဥ်ထားတယ်ဟု ဆိုပါတယ်။

ယခင်က အနက် ၃၂၈ ပေအထိရောက်ရှိနိုင်တဲ့ ကမ္ဘာ့အပေါ့ပါးဆုံး ကိုယ်ပိုင်သုံး ရေငုပ်သင်္ဘော ဆုရ NEMO ဟာ TU-Boat Worx ရဲ့ လက်ရှိ လုပ်ငန်းသုံး ရေယာဉ်စု ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

Photo: Courtesy of U-Boat Worx

မကြာသေးမီ နှစ်များ အတွင်း 360 ဒီဂရီ လည်ပတ် ကြည့်ရှုနိုင်တဲ့ ရေငုပ်သင်္ဘောတွေဟာ U-Boat Worx နှင့် Triton Submarines ကဲ့သို့သော စီးပွားရေးလုပ်ငန်းများကြောင့် ပြန်လည်ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။

ယခုဆိုရင် Blue Origin နှင့် Virgin Galactic ကဲ့သို့သော နည်းပညာ ကြွယ်ဝတဲ့ ကုမ္ပဏီတွေဟာ အာကာသထဲကို သွားရောက်နိုင်မည့် လက်မှတ်တွေကို ဒေါ်လာ ၄သိန်းဖြင့် ရောင်းချနေကြပါပြီ။

အလားတူဘဲ ရေနက်ပိုင်း ရေအောက်သွားလာနိုင်တဲ့ ကိရိယာတွေနဲ့ ငုတ်လျိုးခြင်းဟာလည်း ကမ္ဘာ့ချမ်းသာကြွယ်ဝသူတွေကြား ရေပန်းစားတဲ့ အပန်းဖြေအားကစားတစ်ခုသဖွယ် ဖြစ်လာပါတယ်။

သို့သော်လည်း U-Boat Worx ကတော့ ဝန်ဆောင်မှု လုပ်ငန်း အဖြစ် လုပ်ကိုင်မှာ မဟုတ်ဘဲ ၎င်းတို့ရဲ့ စူပါ ရေငုတ် သင်္ဘောတွေကို သာ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *