နာမည်ကြီး ဒတ်ခ်ျကုမ္ပဏီတစ်ခုဟာ စိမ်းလန်းတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်တွေကို အသုံးပြုပြီး မြို့ပြရေရှည်တည်တံ့မှု ပရောဂျက်အသစ်တစ်ခုကို စတင်လိုက်ပြီပဲ ဖြစ်ပါတယ်။
Sun Rock ပရောဂျက်ဟု အမည်ပေးထားတဲ့ MVRDV ဟာ အကြမ်းဖျင်းအားဖြင့် တစ်နှစ်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်း 1 million kWh အထိ ထုတ်ပေးနိုင်တဲ့ ဆိုလာပြားများဖြင့် မြုပ်လုနီးပါး အဆောက်အအုံကို တည်ဆောက်ဖို့ အစီအစဉ်ရှိကြောင်း ကုမ္ပဏီရဲ့တရားဝင် ဝဘ်ဆိုက်စာမျက်နှာသစ်တစ်ခုအရ သိရပါတယ်။
အရေးကြီးတာတစ်ခုက အဆိုပါ အဆောက်အဦးဟာ အလုပ်လုပ်ပါက မြို့အတွင်းရှိ လုပ်ငန်းလည်ပတ်နိုင်အောင် ရပ်ကွက်များနှင့် လူနေအိမ်အဆောက်အအုံတွေ အားလုံးအတွက် ဓာတ်အား အရင်းအမြစ်တစ်ခုအနေနဲ့ အသုံးပြုနိုင်မလားဆိုတာ မေးခွန်းတစ်ခုဖြစ်လာပါတယ်။
အဆိုပါ အဆောက်အဦးကို 2024 မှာ စတင်လည်ပတ်နိုင်ဖို့ စီစဉ်ထားတယ်ဟု သိရပါတယ်။

ထိုင်ဝမ်ရဲ့ မကြာမီ တည်ဆောက်ပြီးစီးတော့မည့် Sun Rock ဟာ ဓာတ်အားလိုင်းတွေဆီကို ပိုလျှံနေတဲ့ စွမ်းအင်ကို ထောက် ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
ထိုင်ဝမ်အစိုးရပိုင် လျှပ်စစ်ကုမ္ပဏီဖြစ်တဲ့ Taipower ဟာ Sun Rock ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး စက်ကိရိယာများအတွက် သိုလှောင်မှုနှင့် ပြုပြင်ထိန်းသိမ်းရေး စင်တာတစ်ခု အဖြစ် အသုံးပြုဖို့လည်း စီစဥ်ထားတယ်ဟု သိရပါတယ်။
သို့သော် လာမည့်ပရောဂျက်ရဲ့ အထင်ရှားဆုံးနှင့် အထင်ကြီးလောက်စရာ အင်္ဂါရပ်မှာ ဆိုလာပြားများဖြင့် လုံးလုံးနီးပါး ဖုံးလွှမ်းသွားမည့် အဆောက်အဦးရဲ့ မျက်နှာစာဖြစ်ပါတယ်။
သို့ပေမည့်လည်း စိတ်ပူစရာမလိုတာက သဘာဝအလင်းရောင်နှင့် လေထုဖလှယ်မှုကို မြှင့်တင်နိုင်ဖို့အတွက် လေဝင်ပေါက်များနှင့် ပြတင်းပေါက်များလည်း ရှိနေမှာ ဖြစ်ပါတယ်။
အဆိုပါ အဆောက်အဦးဟာ 1 million kWh အထိ ထုတ်ပေးနိုင်မှာ ဖြစ်ပြီး ပျမ်းမျှ အိမ်ထောင်စု တစ်ခုကလည်း နှစ်စဉ် 11,000 kWh လောက်ကို အသုံးပြုကြတယ်ဟု တာဝန်ရှိသူတွေက ဆိုပါတယ်။
အဆိုပါ အဆောက်အဦးဟာ တစ်နှစ်ပတ်လုံး နေရောင်ခြည် ထိတွေ့မှု အများအပြားကို ရရှိမှာဖြစ်ပြီး အဝိုင်းပုံသဏ္ဍာန်တည်ဆောက်ထားမှုဟာ နေရောင်ခြည်စွမ်းအင် ရရှိမှုကို အမြင့်ဆုံးဖြစ်အောင် ဒီဇိုင်းထုတ်ထားတာဖြစ်တယ် ဟု New Atlas အစီရင်ခံစာတွင် MVRDV ကဆိုထားပါတယ်။

အဆောက်အဦးရဲ့အပေါ်ဘက်မျက်နှာပြင်ကို photovoltaic panels တွေနဲ့ ပြတင်းပေါက်တွေကို ရောနှောထားပြီး အစီအရီဖြင့်တည်ဆောက်ထားပါတယ်။
စွမ်းအင်ထုတ်လွှတ်မှုကို အမြင့်ဆုံးဖြစ်စေဖို့အတွက် ဆိုလာပြားတွေရဲ့ အစိတ်အပိုင်းအားလုံးကိုလည်း ချိန်ညှိထားတယ်ဟုလည်း သိရပါတယ်။
ဓာတ်အားထုတ်လုပ်ခြင်းရဲ့ အချိန်နှင့်တပြေးညီ တိုင်းတာမှုများကို တစ်ချက်ကြည့်ရှုခြင်း
အဆိုပါ အဆောက်အဦးရဲ့ photovoltaic panels တွေကနေ နှစ်စဉ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် 1 million kWh နီးပါး ဖန်တီး ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး ဒါဟာ ရေနံစိမ်း ၈၅ တန်ကို လောင်ကျွမ်းစေတဲ့ စွမ်းအင်ပမာဏနှင့် ညီမျှတယ်” ဟု MVRDV အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် နောက်ထပ် ဒီဇိုင်းရွေးချယ်မှုတွေဟာ တစ်နှစ်ကို 1.7 million kWh အထိ ပံ့ပိုးပေးနိုင်တဲ့ PV panels တွေရဲ့ ပိုကျယ်သော အပိုင်းကို အဆောက်အဦးရဲ့ ဖွဲ့စည်းပုံပေါ်သို့ ချိန်ဆနိုင်တယ်ဟုလည်း သိရပါတယ်။
၎င်းဟာ သမားရိုးကျ မဟာဓာတ်အားလိုင်းတွေအတွက် လျှပ်စစ်ဓာတ်အား ပိုမိုပံ့ပိုးပေးနိုင်မှာ ဖြစ်တယ်ဟုလည်း ဆိုပါတယ်။

အဆောက်အဦးထဲမှာဆိုရင် ကြီးမားကျယ်ပြန့်သော အတွင်းပိုင်းနေရာလွတ်တစ်ခုရှိပြီး ကြမ်းဖျင်းအားဖြင့် 138,000 စတု ရန်းပေ (12,900 မီတာ) ရှိကာ ဂိုဒေါင်တစ်လုံး၊ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံနှင့် ရုံးခန်းတစ်ခုတို့ ပါဝင်မှာ ဖြစ်ပါတယ်။
ပထမထပ်မှာတော့ ပြခန်းနေရာလွတ်များဖြင့် စီတန်းထားမှာဖြစ်ရာ သာမန်လူတွေဟာ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အလုပ်ရုံတွင် ဖြစ်ပျက်နေတဲ့အရာများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
အာကာသရဲ့ စိတ်ကူးယဉ်ဆန်ဆန်၊ ကဗျာဆန်ဆန် ပန်းချီကားတစ်ကားကို ရိုက်ကူးထားသကဲ့သို့၊ အဆောက်အအုံထဲမှာဆိုရင် Taipower ရဲ့ လုပ်ဆောင်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပြသပေးမည့် “Data Room” တစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။
၎င်းဟာရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိုးရိမ်မှုတွေ ဆက်လက်မြင့်တက်နေသဖြင့် မြို့ပြဒီဇိုင်းကို ပိုမိုနက်ရှိုင်းလာစေမည့် ကြီးမားသောပရောဂျက်တစ်ခုလည်း ဖြစ်ပါတယ်။
၎င်းကို 2024 ခုနှစ်မှာ အပြီးသတ်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။