အရိုးကဲ့သို့ အထူး ကွေးနိုင် ဆန့်နိုင်တဲ့ သတ္တုစပ်အကြောင်း

Innovation Tech

သိပ္ပံပညာရှင်တွေဟာ ဆေးဘက်ဆိုင်ရာ အသုံးပြုသည့် သတ္တုစပ်များကို စမ်းသပ်ခဲ့ရာ သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခု ရရှိခဲ့ပြီး အဆိုပါ ဇီဝပစ္စည်း အသစ်ဟာဆိုရင် အလွန်ပျော့ပျောင်းပြီး ခံနိုင်ရည်ရှိတဲ့ ပစ္စည်းတစ်ခုဖြစ်တယ်ဟု ဆိုပါတယ်။

သု​တေသီအဖွဲ့ရဲ့ အထူးကွေးနိုင် ဆန့်နိုင်တဲ့ သတ္တုစပ်ဟာဆိုရင် အဓိက ဘေးကင်းရေး ပြဿနာ အချို့ကို ကျော်လွှားနိုင်ပြီး လူ့ခန္ဓာကိုယ်အတွင်းရေရှည် အစားထိုး အင်္ဂါများအတွက် အသုံးပြုနိုင်ပါတယ်။

အဆိုပါ သတ္တုစပ်အသစ်ဟာဆိုရင် ဆေးဘက်ဆိုင်ရာ အစားထိုး ကုသမှု များအတွက် လက်ရှိအသုံးပြုနေတဲ့ ဇီဝပစ္စည်းများနှင့် ပတ်၀န်းကျင်ရှိ အဓိကပြဿနာအချို့ကို ဖြေရှင်းဖို့ ဂျပန်နိုင်ငံ Tohoku တက္ကသိုလ်မှ သိပ္ပံပညာရှင်များရဲ့ လက်ရာဖြစ်ပါတယ်။

တင်ပါးဆုံရိုး သို့မဟုတ် ဒူးဆစ် အစားထိုးခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုနိုင်ပါတယ်။

ယနေ့ အသုံးပြုနေသော သတ္တု ပစ္စည်းများဟာ အရိုးများထက် ပိုမို တောင့်တင်းကာ အရိုးများ ကျဉ်းမြောင်း လာစေဖို့ သို့မ ဟုတ် သိပ်သည်းဆကို ဆုံးရှုံးစေနိုင်ပါတယ်။

ဒါ့အပြင် ပျော့ပျောင်းတဲ့ ပစ္စည်းများကလည်း အချိန် ကြာလာတာနှင့် အမျှ ၎င်းတို့ရဲ့ ခံနိုင်ရည်အား ဆုံးရှုံးသွားတတ်ပါတယ်။

stents နှင့် orthodontic wire များတွင် အသုံးများသော ရှိရင်းစွဲ အထူးကျုံ့နိုင် ဆန့်နိုင်တဲ့ သတ္တုစပ်များဟာ တာရှည်ခံမှုနှင့် ပျော့ပြောင်းမှုရှိသော်လည်း ၎င်းတို့တွင် ဓာတ်မတည့်မှုအန္တရာယ်ကို သယ်ဆောင်ပေးတဲ့ နီကယ်ပါရှိပါတယ်။

ယခင်က ပညာရှင်များဟာ အလွန် ကွေးနိုင် ဆန့်နိုင်စွမ်းကို ပေးဆောင်သည့် နီကယ်မပါတဲ့ ဗားရှင်းများကို မထုတ်လုပ် နိုင်ခဲ့တဲ့အတွက်ကြောင့် လေ့လာမှုအသစ်ရဲ့ သိပ္ပံပညာရှင်တွေက နီကယ်မပါတဲ့ ဗားရှင်းကို ထုတ်လုပ်နိုင်ဖို့ အဖြေရှာခဲ့တာပဲ ဖြစ်ပါတယ်။

အရာဝတ္ထုတစ်ခုမှာဆိုရင် ၎င်းရဲ့ ပုံဆောင်ခဲ ဖွဲ့စည်းပုံအရ ဘယ်လောက်လွယ်ကူစွာ ဆွဲဆန့်နိုင်သလဲ ဆိုတာကို တိုင်းတာတဲ့ Young’s modulus ဟုခေါ်သည့်အရာ ပါဝင်ပါတယ်။

လိုက်လျောညီထွေရှိတဲ့ ပစ္စည်းတစ်ခုတွင် Young’s modulus နိမ့်ပြီး ခိုင်မာတဲ့ပစ္စည်းတွေမှာ Young’s modulus မြင့်မားပါတယ်။

အဖွဲ့က လူသားအရိုးနှင့် ဆေးဘက်ဆိုင်ရာ အစားထိုးမှုများ အတွက် အသုံးပြုသော သတ္တုစပ် Young’s modulus ကွာဟ ချက်ကို လျှော့ချဖို့ ကြိုးပမ်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုတွေဟာ စျေးကွက်တွင် ရရှိနိုင်တဲ့ နီကယ်-တိုက်တေနီယမ် သတ္တုစပ် များထက် ၁၇ ရာခိုင်နှုန်း အထိ strain recovery rate နှစ်ဆ ပြသသည့် chromium ကို အခြေခံကာ လိုက်လျောညီထွေရှိပြီး အကြမ်းခံတဲ့ စူပါသတ္တုစပ်အသစ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အဆိုပါ သတ္တုစပ်ရဲ့ Young’s modulus ကလည်း လူသားအရိုးနှင့်ဆင်တူသော သတ္တုစပ်ဖြင့် ပျော့ပြောင်းမှုကို ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။

“Chromium က ခိုင်ခံ့ပြီး သံချေးတက်ခြင်းကို ခံနိုင်ရည်ရှိတာကို ကျွန်ုပ်တို့ သိထားသော်လည်း၊ ကိုဘော့-ခရိုမီယမ်အခြေခံပစ္စည်းရဲ့ ပျော့ပြောင်းမှုနှင့် သိသာထင်ရှားတဲ့ ခံနိုင်ရည်ရှိမှုတို့က ကျွန်ုပ်တို့ကို အံ့အားသင့်စေတယ်” ဟု လေ့လာမှုဆိုင်ရာ စာရေးဆရာ Xiao Xu မှ ပြောကြားခဲ့ပါတယ်။

ယခုအခါ သိပ္ပံပညာရှင်တွေက Co-Cr-Al-Si (CCAS) ဟုခေါ်တဲ့ ၎င်းတို့ရဲ့ သတ္တုစပ်ကို ပိုမို တိုးတက် ကောင်းမွန် လာစေဖို့ မျှော်လင့်ချက်ဖြင့် ယခုလို အစွမ်းထက်တဲ့ ဂုဏ်သတ္တိများ ပြသနိုင်အောင် ဆက်လက် လုပ်ဆောင်နေကြပါတယ်။

အဆိုပါ ဇီဝပစ္စည်းဟာ ဇီဝဆေးဘက်ဆိုင်ရာ အသုံးချမှုများအတွက် အလားအလာ ကောင်းတစ်ခု ဖြစ်တယ်ဟု သိပ္ပံပညာရှင်များက ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *