လေယာဉ်ပြတင်းပေါက်တွေမှာ တွေ့ရတဲ့ အပေါက် သေးသေးလေးတွေ အကြောင်း

Knowledge Tech

ကျွန်ုပ်တို့အ​နေနဲ့ လေယာဥ်ပေါ် ရောက်တဲ့အခါမှာ လေယာဥ် ပြတင်းပေါက်မှန်ရဲ့ အလယ်က အပေါက်သေးလေးကို သတိ ထားမိ ကြမှာပါ။

လေယာဥ်တွေရဲ့ ပြတင်းပေါက်တိုင်းမှာဆိုရင် အပေါက်သေးလေးတွေ ရှိပါတယ်။ ဒါပေမယ့် အားလုံးကိုတော့ မဆိုလိုပါဘူး။

ခရီးသည်အချို့ကတော့ ဒါကိုမြင်တဲ့အခါ ထုတ်လုပ်မှု ချို့ယွင်းချက်ဟု ထင်ကြသော်လည်း ဒီအရာနဲ့ ပတ်သတ်ပြီး ကောင်း မွန် ခိုင်မာတဲ့ ရှင်းပြချက်တစ်ခုရှိပါတယ်။

ပြတင်းပေါက်မှ လေထုတ်ပေါက်အကြောင်း

Breather hole သို့မဟုတ် Bleed hole လို့ခေါ်တဲ့ လေထုတ်ပေါက်တွေဟာ လေယာဥ်ပြတင်းပေါက်မှန်မှာ တွေ့ရတဲ့ အ ပေါက်သေးသေးလေး ဖြစ်ပါတယ်။

Lexan polycarbonate သို့မဟုတ် plastic acrylic တွေဟာ အလေးချိန်နည်းပြီး ပျော့ပြောင်းမှု​တွေကြောင့် လေယာဉ်ပျံ ပြတင်းပေါက်တွေမှာ အသုံးအများဆုံးပစ္စည်းများ ဖြစ်ပါတယ်။

ပုံမှန်အနေနဲ့ လေယာဥ်ပြတင်းပေါက်မှန်ရဲ့ အောက်ခြေ အလယ်လောက်မှာ လေထုတ်ပေါက် တစ်ခု ရှိပါတယ်။

ဘာကြောင့် လေထုတ်ပေါက်တွေက လိုအပ်တာလဲ။

လေထုတ်ပေါက်တွေဟာ လေယာဉ် အမြင့်ပေများစွာ တက်လာတဲ့အခါမှာ လေဖိအားကို ထိန်းသိမ်းဖို့ဖြစ်တဲ့အတွက် မဖြစ်မနေ လိုအပ်ပါတယ်။

ပုံ​မှန် အရပ်ဖက်သုံး လေယာဉ်တစ်စင်းဟာဆိုရင် အမြင့်ပေ ၂၈,၀၀၀ မှ ၃၅,၀၀၀ ကြား (ခြောက်မိုင်ခွဲကျော်အထိ ) ပျံသန်းပါတယ်။

အဆိုပါ အမြင့်မှာ လေထုဟာ အလွန်ပါးလွှာတဲ့အတွက်ကြောင့် အသက်ရှူရ ခက်ခဲစေပါတယ်။ ခရီးသည်​တွေနှင့် လေယာဉ်အမှုထမ်း​တွေအတွက် လုံခြုံပြီး သက်တောင့်သက်သာရှိစေတဲ့ လေထုကို ရရှိစေဖို့ လေယာဉ်တွေဟာ လေယာဉ်အတွင်းခန်းကို ဖိအားပေးထားပါတယ်။

လေယာဉ် အတွင်းခန်း လေဖိအားက လေယာဉ် အပြင်ဘက် လေဖိအားထက် ပိုမြင့်လာတဲ့အခါ ၎င်းဟာ ဟန်ချက်ညီစေဖို့အတွက် ပြတင်း ပေါက်များကို တွန်းကန်ပါတယ်။

မြင့်မားတဲ့လေဖိအားနည်းရပ်ဝန်းဟာ လေယာဥ်ရဲ့မှန်တွေကို ကွဲအက်တာတွေ ဒါမှမဟုတ် ပျက်စီးတာတွေ ဖြစ်​စေနိုင်တဲ့အတွက်ကြောင့် ၎င်းတို့ကို ဖိအားဒဏ်ကိုခံနိုင်ရည်ရှိစေဖို့ တည်ဆောက်ထားပါတယ်။

လေထုဖိအား တင်းမာမှုအချို့ကို လျှော့ချတဲ့​နေရာမှာ အထောက်အကူဖြစ်စေဖို့အတွက် လေယာဥ်ပြတင်းပေါက်တွေမှာ လေထုတ်ပေါက်တွေကို တည်ဆောက်ထားပါတယ်။

လေထုတ်ပေါက်က ဖိအားပေးတဲ့ လေတွေကို အပြင်အကန့်ဖြစ်တဲ့ လေယာဥ် အပြင်ရောက်အောင် ပြုလုပ်ပေးပါတယ်။

လေထုတ်ပေါက်တွေဟာ လေယာဥ်အတွင်းခန်းမှ ဖိအားရှိတဲ့လေကို ပြတင်းပေါက် မှန်မှတဆင့် အပြင်ဘက် အကန့်ဖြစ်တဲ့ လေယာဥ် အပြင်ဘက်ကို ရောက်ရှိစေဖို့ လုပ်​ဆောင်ပေးသည့်အပြင် အဆို့ရှင် အဖြစ်လည်း လုပ်ဆောင်ပါတယ်။

လေထုတ်ပေါက် မရှိပါက ပြတင်းပေါက်ရဲ့ အတွင်းပိုင်းမှန်ဟာ မြင့်မားတဲ့ဖိအားဒဏ်ကို ခံရမှာပဲ ဖြစ်ပါတယ်။

ဖိအားတွေဟာ လေထုတ်ပေါက်မှတဆင့် အပြင်ဘက်ကို ထွက်သွားကာ လေယာဥ်အလယ် နဲ့ အတွင်းပိုင်းရှိ ဖိအားတွေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်ကြိုတင်ကာကွယ်မှုအနေနဲ့ အပြင်ဘက်မှန်တွေ ပျက်စီးတာတွေ ဒါမှမဟုတ် ကွဲအက်တာတွေမဖြစ်အောင် လုပ်ပေးတဲ့နေရာမှာလည်း လေထုတ်ပေါက်တွေက အဓိကကျပါတယ်။

လေယာဉ် ပြတင်းပေါက်ရှိ အပေါက်လေးတွေကြောင့် လေယာဥ်ပျံသန်း​နေတဲ့အခါ ကျွန်ုပ်တို့အနေနဲ့ ကြောက်စရာမလိုပါဘူး။

လေထုတ်ပေါက် ဟု လူသိများတဲ့ အဆိုပါ အပေါက်လေးတွေဟာ လေယာဉ်မှန်အတွင်း ချို့ယွင်းချက် ဒါမှမဟုတ် ပျက်စီးမှုရဲ့ လက္ခဏာ မဟုတ်ပါဘူး။

၎င်းတို့ရဲ့အဓိကလုပ်ဆောင်ချက်က ပြတင်းပေါက်ရဲ့ အတွင်းနှင့် အပြင်အကန့်ကြား ဖိအားကွဲပြားမှုကို ထိန်းသိမ်းဖို့ဖြစ်ပြီး ပြင်ပအကန့်က ဖိအားရှိတဲ့လေနှင့် အမြဲထိတွေ့နေစေဖို့ဖြစ်ပါတယ်။

အဆိုပါ လေထုတ်ပေါက်လေးတွေဟာ အတွင်းပိုင်းမှ ပြင်ပသို့ ဖိအားများကို ထွက်သွားစေပြီး လေယာဥ်အတွင်းခန်းအတွင်းရှိ ဖိအားကို ညီမျှစေပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.