အန်နာကွန်ဒါ မြွေကြီးများထက် ၅ ဆလောက် ပိုကြီးသည့် တိုက်တန်နိုဘိုအာ မြွေကြီးများ အကြောင်း

History Knowledge

ယနေ့ခေတ် ကမ္ဘာပေါ်မှာ အကြီးဆုံးမြွေအဖြစ် အန်နာကွန်ဒါ မြွေကြီးများကို သတ်မှတ် ထားပေမယ့် ၎င်းထက် ၅ ဆ လောက်ကြီးတဲ့ မြွေကြီးတွေ ရှိခဲ့တာကို ရုပ်ကြွင်းများ အရ သိရှိထားပါတယ်။

Titanoboa လို့ခေါ်တဲ့ မြွေကြီးများဟာ ယနေ့ခေတ် ကိုလန်ဘီယာမှာ နေထိုင်ခဲ့ကြပြီး အရှည် ပေ ၅၀ လောက်နှင့် အလေး ချိန် ပေါင် ၂,၅၀၀ လောက်အထိတောင် ရှိခဲ့ကြပါတယ်။

ယနေ့ခေတ် အန်နာကွန်ဒါ များ၏ ပျမ်းမျှ အရှည် ၁၅ ပေ နှင့် အလေးချိန် ပေါင် ၅၀၀ လောက်သာ ရှိပြီး ပေ ၂၀ လောက် အ ထိရောက်ဖို့ ခဲယှဉ်းပါတယ်။

၎င်းတို့ဟာ ကြီးမားလှပေမယ့် လှုပ်ရှားရာမှာ အလွန်မြန်ဆန်ပြီး သားကောင်ကို လှစ်ကနဲ့ ဖမ်းယူနိုင်စွမ်း ရှိပါတယ်။

သမိုင်းမှတ်တမ်း မတင်ခင် လွန်ခဲ့သည့် နှစ် သန်းပေါင်း ၆၀ လောက်က တောနက်အတွင်းမှာ တိုက်တန်နိုဘိုအာ မြွေကြီးများ ၏ သားကောင်များဟာ အသံမထွက်ဘဲ တိုက်ခိုက်ခံရလေ့ရှိပြီး ရင်ဆိုင်ဖို့ရာလည်း အခွင့်အရေး မရှိခဲ့ကြပါဘူး။

Anaconda မြွေ

တိုက်တန်နိုဘိုအာ မြွေကြီးများဟာ ဒိုင်နိုဆောများ မျိုးသုဉ်းပြီး နောင် နှစ်ပေါင်း ၅ သန်းလောက်အထိ တောင်အမေရိက တိုက်ရှိ အပူပိုင်းတောတောင်များတွင် ကျင်လည် ကျက်စားခဲ့ပါတယ်။

အဆိုပါ ဧရာမ တွားသွား သတ္တဝါကြီး၏ ခွန်အားနှင့် ဖျက်လက်မှုကြောင့် အစာကွင်းဆက်တွင် ထိပ်ဆုံးက ရပ်တည်ခဲ့တာဖြစ်ပြီး‌ တောဘုရင်တောင် ဖြစ်ခဲ့တာပါ။

ပိုလာ ဝက်ဝံ ခေါ် ဝင်ရိုးစွန်း ဝက်ဝံကြီးများထက် ၂ ဆလောက် ပိုမို လေးလံပြီး ၃ ပေ ခန့်ကျယ်သည့် အညိုရောင်ခန္ဓာကိုယ်ရှိကာ ပူနွေး စွတ်စိုသည့် တောတောင်များရှိ ရွံ့များထဲမှာ ပုံဖျက်ကာ သားကောင်ကို ချောင်းမြောင်းလေ့ ရှိပါတယ်။

၎င်းဟာ အန်နာကွန်ဒါ မြွေကြီးများ ကဲ့သို့ပင် ရေတိမ်ပိုင်းတွင် ချောင်းမြောင်းကာ မမျှော်လင့်ထားသည့် သားကောင်ကို အ လစ်အငိုက်ဖမ်းဆီးကာ ဖျစ်ညှစ်တတ်ကြတယ်လို့ အချို့ သိပ္ပံပညာရှင်များက ယူဆကြပါတယ်။

ဒီမြွေကြီးတွေ အကြောင်းကို ၂၀၀၂ ခုနှစ် ကိုလံဘီယာနိုင်ငံ Cerrejón တွင် ရှိသည့် ဧရာမ ကျောက်မီးသွေးတွင်း သို့ အ လည်အပတ် ရောက်ရှိနေတဲ့ ကျောင်းသားတဦးမှာ ကျောက်ဖြစ်ရုပ်ကြွင်း သစ်ရွက်တခု တွေ့ရှိရမှ သိလာရတာ ဖြစ်ပါတယ်။

သမိုင်း မတင်မီကာလက ဧရာမမြွေကြီးများနှင့် မိချောင်းကြီးများ သရုပ်ပြ

ထိုတွေ့ရှိမှုကို ဆက်လက်လေ့လာသည့်အခါ တချိန်က ကျယ်ပြောလှသည့် တောနက်ကြီးဟာ ဒီမြွေကြီးတွေ၏ ကျက်စားရာ နေရာအဖြစ် သိရှိခဲ့ကြပါတယ်။

နောက်ထပ် လေ့လာတွေ့ရှိမှုအရ အဆိုပါ ကျောက်ဖြစ် ရုပ်ကြွင်းဟာ လွန်ခဲ့သည့် နှစ် ၆၆ သန်း နှင့် ၅၆ သန်းကြား Paleocene ခေတ်မှ ဖြစ်တာကို သိရှိခဲ့ရပြီး ထို သတ္တုတွင်းနေရာဟာ တချိန်က ကမ္ဘာ့ပထမဆုံးသော မိုးသစ်တောများ နေရာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ထိုနေရာတွင် နောက်ထပ် တူးဖော်ကြည့်သည့် အခါမှာတော့ ဧရာမ လိပ်ကြီးများ နှင့် မိချောင်းများ၊ ကမ္ဘာပေါ်တွင် ပထမဆုံး ဖြစ်လာသည့် ငှက်ပျောသီး၊ ထောပတ်သီးနှင့် ပဲပင်အချို့ကို ထပ်မံတွေ့ရှိခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ ၎င်းတို့ဟာ မှတ်တမ်းတင်ထားနိုင်သည့် တောတွင်းကြီး၏ ဧရာမ ကျောရိုးကြီးကို တူးဖော်နိုင်ခဲ့ပါတယ်။

ဒီကျောရိုးကြီးဟာ နှစ်သန်းပေါင်းများစွာ ရွှံ့မြေထဲတွင် ရှိနေခဲ့ပြီး ကျောက်မီးသွေးတွင်း၏ အစိတ်အပိုင်းတခု ဖြစ်နေခဲ့တာပါ။

ထိုမြွေကြီး၏ လှုပ်ရှားမှုများကို လေ့လာနိုင်ဖို့ ကျောရိုးတခုထဲနှင့် မလုံလောက်သည့်အတွက် သုတေသီများဟာ မြွေ၏ ဦး ခေါင်းကို လိုက်လံ ရှာဖွေခဲ့ကြပြန်ပါတယ်။

Smithsonian Institute မှ ပြန်လည် ပုံဖော်ထားသည့် တိုက်တန်နိုအာ မြွေကြီး

သိုပေမဲ့ မြွေဦးခေါင်းများဟာ အားပျော့ပြီး ကြွက်သားများက အဓိက ထိန်းသိမ်းထားသဖြင့် ရုပ်ကြွင်းအဖြစ် ရရှိရင် အလွန်ခက်ခဲပါတယ်။

အံ့ဩစရာကြောင်းတာကတော့ နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ သုတေသီများဟာ အခြား ကြီးမားသည့် မြွေကြီး ၂၈ ကောင်၏ ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ဦးခေါင်းရုပ်ကြွင်း ၃ ခုကိုပါ တွေ့ရှိခဲ့ကြာ ပေါင်းစပ်နိုင်ခဲ့ပါတယ်။

ယခုလို ရှာဖွေတွေ့ရှိခဲ့မှုဟာ Smithsonian Channel အထူးအစီအစဉ်၏ တစိတ်တပိုင်းဖြစ်ပြီး ယနေ့ခေတ် တိရစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက သမိုင်းမတင်မီက သတ္တဝါကြီးများဟာ မည်မျှကြီးမားသည်ကို မှန်းဆနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *