ရှေးဟောင်း သုတေသန ပညာရှင် အဖွဲ့တစ်ဖွဲ့ဟာ လူ့သမိုင်းတွင် အကြီးမားဆုံး ငလျင် လှုပ်ခတ်မှု ဆိုင်ရာ အထောက် အထားများကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
အဆိုပါ ငလျင်ဟာ ချီလီနိုင်ငံ မြောက်ပိုင်းတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃,၈၀၀ ခန့်က လှုပ်ခတ်ခဲ့ခြင်း ဖြစ်တယ်ဟု ခန့်မှန်းခဲ့ကြပါတယ်။
၎င်းရဲ့ ဆိုးရွားတဲ့ ဂယက် ရိုက်ခတ်မှုများကြောင့် လူသားများကို အိမ်နီးချင်း ကမ်းရိုးတန်းများမှ နှစ်ပေါင်း ၁,၀၀၀ ကြာ ဝေး ကွာ စေခဲ့ပါတယ်။
ဆောက်သမ်တန်တက္ကသိုလ်မှ သုတေသီများက ပြင်းအား ၉.၅ ရှိတဲ့ ငလျင်ဟာ နယူးဇီလန်နိုင်ငံသို့ မိုင်ပေါင်း ၅၀၀၀ (ကီလိုမီတာ ၈၀၀၀) ကျော် ခရီးနှင်သည့် လှိုင်းအမြင့် 66 ပေ (20 မီတာ) ရှိသည့် ဆူနာမီလှိုင်းများကို ဖြစ်ပေါ်ခဲ့ကြောင်း Science Advances ဂျာနယ်တွင် ဖော်ပြထားပါတယ်။
ပြင်းအား ၉.၅ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့အကြောင်း
ငလျင်တွေဟာ ကမ္ဘာ့မြေထု အလွှာချပ်ကြီးတွေ တိုက်မိတဲ့အခါ သို့မဟုတ် ကွဲကွာတဲ့ အခါတွေမှာ ဖြစ်ပေါ်လာတက်ပါတယ်။

မကြာသေးမီ နှစ်များအတွင်း မြေငလျင် အများအပြား လှုပ်ခတ်ခဲ့သော်လည်း၊ ၂၀၀၅ ခုနှစ်တွင်လှုပ်ခတ်ခဲ့တဲ့ ကက်ရှ်မီးယားငလျင်ရဲ့ စွမ်းအားဟာ ၂၀၁၀ ခုနှစ်တွင် လှုပ်ခတ်ခဲ့တဲ့ ဟေတီငလျင်နှင့် နှိုင်းယှဥ်လျှင် သိသိသာသာ အားနည်းတာကိုလည်း တွေ့ရပါတယ်။
နိုင်ငံရဲ့မြောက်ဘက်မှာ ဒီလောက်ကြီးတဲ့ အဖြစ်အပျက်မျိုး မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတယ် ဟု လေ့လာမှုအသစ်ရဲ့ ပူးတွဲရေးသားသူ ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ James Goff က ထုတ်ပြန်ချက်တွင် ရှင်းပြခဲ့ပါတယ်။
ဒါပေမယ့် အခု ကျွန်တော်တို့ ရှာတွေ့ခဲ့တဲ့ အထောက်အထားကတော့ Atacama သဲကန္တာရ ကမ်းရိုးတန်းမှာ ကီလိုမီတာ တစ်ထောင်လောက် ရှည်လျားပြီး ကြီးမားလွန်းတဲ့ ပြိုကျမှုတစ်ခုဖြစ်ခဲ့တယ်ဟု ဆိုပါတယ်။
အဆိုပါ ငလျင်ဟာ မှတ်တမ်းတင်ဖူးသမျှ အကြီးဆုံးငလျင်အကြောင်း ကျွန်ုပ်တို့သိထားကြပါတယ်။
ယခင်က သိပ္ပံပညာရှင်များက ပြင်းအား 9.4 နှင့် 9.6 ကြားရှိ ချီလီတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော 1960 Valdivia ငလျင်က လူ့သမိုင်းတွင် အကြီးဆုံးငလျင်ဟု သိပ္ပံပညာရှင်များက ယူဆခဲ့ကြပါတယ်။
အဆိုပါ ငလျင်ရဲ့ အဓိက လှုပ်ခတ်မှုကြောင့် မိုင် ၅၀၀ (၈၀၀ ကီလိုမီတာ) အထိ ရောက်ခဲ့ပြီး အလွန် ကြီးမားလှတဲ့ အတွက်ကြောင့် လူပေါင်း ၆၀၀၀ ကျော် ဆုံးရှုံးခဲ့ရပါတယ်။

ငလျင် အတွက် အထောက်အထားတွေကို ရှာဖွေနေတဲ့အကြောင်း
သုတေသီတွေက ကမ်းရိုးတန်းဒေသမှ ဖြစ်ပေါ်လာတဲ့ ကျောက်တုံးတွေ၊ ကျောက်စရစ်ခဲတွေ၊ သဲတွေ၊ အဏ္ဏဝါ ကျောက် ဆောင်တွေ နှင့် ပင်လယ်ရေသတ္တဝါများကဲ့သို့သော အဏ္ဏဝါနှင့် ကမ်းရိုးတန်းပစ္စည်းတွေမှာ ငလျင် လှုပ်ခတ်မှု အတွက် အထောက်အထားများ တွေ့ရှိခဲ့ပါတယ်။
သုတေသီအဖွဲ့ဟာ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီဟာ ချီလီနိုင်ငံရဲ့ Atacama သဲကန္တာရတွင် ကုန်းတွင်းပိုင်းသို့ ရွှေ့ ပြောင်းသွားတဲ့ အဏ္ဏဝါပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့တယ်ဟု ဆိုပါတယ်။
အဆိုပါ ပစ္စည်းတွေအားလုံးကို မြင့်မားလွန်းတဲ့ ကုန်းတွင်းပိုင်းမှာ တွေ့ရတာကြောင့် မုန်တိုင်းကြောင့် မဖြစ်နိုင်ဘူးလို့ Goff က ဆိုပါတယ်။
သုတေသီတွေက radio carbon dating နည်းကို အသုံးပြုပြီး ရွှေ့ပြောင်းသွားတဲ့ ကမ်းရိုးတန်းပစ္စည်းများရဲ့ သက်တမ်းကို ရှာဖွေခဲ့ပြီး ၎င်းတို့ဟာ လွန်ခဲ့သော နှစ်ပေါင်း ၃၈၀၀ ခန့်က ကုန်းတွင်းပိုင်းသို့ သယ်ဆောင်လာခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ဒါ့အပြင် လူသားများတည်ဆောက်ထားတဲ့ ရှေးဟောင်း ကျောက်တုံးများကို တူးဖော် တွေ့ရှိမှုကနေ ငလျင်လှုပ်ခတ်မှုရဲ့ သက်ရောက်မှုကို သိရှိနိုင်စေခဲ့တယ်ဟု ဆိုပါတယ်။
“အဲဒီမှာဒေသခံလူထုက ဘာမှမကျန်ခဲ့ပါဘူး” ဟု Goff ကဆိုပါတယ်။
ဆူနာမီလှိုင်းတွေကြောင့် ကုန်းတွင်းပိုင်းကို ပြောင်းရွှေ့နေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ကသောင်းကနင်း ဖြစ်ခဲ့ရတာကို ကျွန်တော်တို့ရဲ့ ရှေးဟောင်း သုတေသန လုပ်ငန်းက တွေ့ရှိခဲ့ပါတယ်။
လူတွေဟာ ကမ်းရိုးတန်းမှာ တစ်ဖန် ပြန်မနေထိုင်ခင် နှစ်ပေါင်း ၁၀၀၀ ကျော်လောက်ကတည်းက အစားအသောက်အတွက် ပင်လယ်ကို မှီခိုအားထာခဲ့ရတယ်ဟု ဆိုပါတယ်။
နောက်ဆုံးအနေနဲ့ သုတေသီတွေက အဆိုပါ ဒေသအား အနာဂတ် ငလျင်များရဲ့ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်များ အကြောင်းကို အသိ ပေးနိုင်ဖို့ အတွက် မျှော်လင့်ချက်များစွာဖြင့် ထပ်မံစုံစမ်းဖို့ ရည်ရွယ်ထားတယ်ဟု သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။