ကမ္ဘာပေါ်မှာ အန္တရာယ် အရှိဆုံး အလုပ် တစ်ခု ဖြစ်သည့် ရေအောက် ဂဟေဆော်ခြင်းအကြောင်း

Knowledge Tech

ရေအောက် ဂဟေဆက်ခြင်း လုပ်ငန်းဟာ ခက်ခဲတဲ့ အလုပ် တစ်ခု ဖြစ်ပါတယ်။

ရေအောက်မှာဆိုရင် ရေဖိအားတွေက ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကို ခြိမ်းခြောက်ရုံသာမက မြင်ကွင်းကို ပိတ်ဆို့​စေတဲ့ ရေပူဖောင်းတွေကြောင့် လုပ်ကိုင်ရ အလွန်ခက်ခဲစေပါတယ်။

အန္တရာယ်တွေ ကြားကနေ ရေအောက် ဂဟေဆက်သူ ထောင်ပေါင်းများစွာဟာ ရေအောက်အဆောက်အဦးတွေကို တပ်ဆင် ပြုပြင်ဖို့ အ တွက် တာဝန်များစွာ ရှိပါတယ်။

ရေအောက် ဂဟေဆော်သူတွေဟာ ပိုက်လိုင်းတွေ၊ ကမ်းလွန်ရေနံတူးစင်တွေ၊ ဆည်တွေ၊ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ အပါ အဝင် များစွာသော ရေအောက်အဆောက်အဦးတွေကို ပြုပြင် တည်ဆောက်ကြရပါတယ်။

ရေအောက် ဂဟေဆက်နည်း အကြောင်း

သတ္တုနှစ်ပိုင်းကို ရေအောက်မှာ ဂဟေဆက်ခြင်းဟာ ဘေးကင်းရေးအတွက် များစွာ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။

ဂဟေဆော်သူတွေဟာ လုပ်ငန်းကို လုပ်ဆောင်တဲ့နေရာမှာ နည်းလမ်းအနည်းငယ်ရှိပါတယ်။ အခြေအနေအများစုတော့ အခြောက်ခံခန်းစနစ်ကို အသုံးပြုပါတယ်။

အလုပ်ဧရိယာအတွင်း ရေဝင်ရောက်ခြင်းမှ ကာကွယ်ဖို့အတွက် ယာယီ ဟိုက်ပါဘားရစ်အခန်းတွေကို အသုံးပြု​ကြပါတယ်။ အဆိုပါ အခန်းတွေမှာ တစ်ကြိမ်လျှင် ဂဟေဆော်သူ သုံးဦးအထိ ရှိကြပါတယ်။

မြေပြင်ပေါ်မှ ထိန်းချုပ်တဲ့လူတွေဟာ ကုန်ဆုံးသွားတဲ့ အဆိုပါ အခန်းထဲက လေကို အဆက်မပြတ် လဲလှယ်ပေးပြီး လေအသစ်ဖြင့် အစား ထိုး ပေးရပါတယ်။

ဖိအားသက်ရောက်မှု ဒဏ်တွေကို လျှော့ချဖို့ အတွက်လည်း အခန်းတွေကို ဖိအားပေးထားပါတယ်။

နောက်တစ်နည်းကတော့ စိုစွတ်တဲ့ ဂဟေဆက်နည်းဖြစ်ပြီး များသောအားဖြင့် အသုံးပြုလေ့ရှိပါတယ်။

အဆိုပါ နည်းလမ်းကို အသုံးပြုရာမှာ လုပ်ငန်း ဧရိယာအတွင်း ဝင်ရောက်ရန်လွယ်ကူမှုနှင့် ပြင်းထန်မှု အဆင့် ပေါ်မှာ မူတည်ပါတယ်။

သို့သော်လည်း စိုစွတ်တဲ့ ဂဟေဆက်တွေဟာ ရေကြောင့် အအေးခံဖို့ အခွင့်အလမ်းပိုရစေပြီး ကွဲထွက်နိုင်ခြေကိုလည်း တိုးစေပါတယ်။

“စိုစွတ်တဲ့ဂဟေဆက်နည်းဟာ အရေးပေါ် သို့မဟုတ် ယာယီအတွက်သာ ဖြစ်တယ်” ဟု ရေအောက်ဂဟေသမား Jeff Peters က ရှင်းပြပါတယ်။

Image: Courtesy of Underwater Welding commercial diving

ရေအောက်ဂဟေဆက်ခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်မယ်ဆိုရင် AWS – American Welding Society (သို့မဟုတ် ကျွန်ုပ်တို့နေထိုင်တဲ့နိုင်ငံပေါ်မူတည်ပြီး သင့်လျော်တဲ့ အဖွဲ့အစည်းတစ်ခု) မှ အသိအမှတ်ပြုလက်မှတ်နှင့် သင့်လျော်တဲ့သင်တန်းတွေ တက်ရောက်ဖို့ လိုအပ်ပါတယ်။

ကံကောင်းတာတစ်ခုက ကျွန်ုပ်တို့ကို ကူညီပေးနိုင်တဲ့ စီးပွားဖြစ် ရေငုပ်ကျောင်းများစွာရှိခြင်းပဲ ဖြစ်ပါတယ်။

ရေအောက်ဂဟေဆက်ခြင်းဟာ ဘယ်လောက်အန္တရာယ်ရှိသလဲ။

မျှော်လင့်ထားသည့်အတိုင်းပဲ ရေအောက်ဂဟေဆက်ခြင်းဟာ မယုံနိုင်လောက်အောင် အန္တရာယ်များတဲ့ အလုပ် နယ်ပယ်တစ်ခုပဲ ဖြစ်ပါတယ်။

ရေစီးကြောင်းအန္တရာယ်များစွာက ရေငုပ်လုပ်ငန်းတွေကို အဟန့်အတားဖြစ်စေသော်လည်း၊ ရေအောက်ဂဟေဆော်သူ​​တွေအတွက် အကြီးမားဆုံးအန္တရာယ် အချို့ကတော့ အံ့သြစရာဖြစ်နိုင်ပါတယ်။

ရေငုပ်သမား​တွေအတွက် အန္တရာယ်အရှိဆုံးအန္တရာယ်များထဲမှ တစ်ခုကို “Delta P” hazards (ΔP) ဟုခေါ်ဆို​ကြပါတယ်။

Delta P သို့မဟုတ် ကွဲပြားတဲ့ ဖိအားဟာ ရေငုပ်သမား​တွေ အတွက် ထူးခြားပြီး အသက် အန္တရာယ်ကို ဖြစ်စေပါတယ်။

ဆည်တစ်ခုမှာရှိတဲ့ ရေအဆင့်​တွေလိုပဲ မတူညီတဲ့ ရေအဆင့်တစ်ခုစီကို ဖြတ်သွားတဲ့ အခါတိုင်း ကွဲပြားတဲ့ ဖိအားတွေ ဖြစ်ပေါ်လာပါတယ်။

ရေအနက်များလာတာနဲ့အမျှ ဖိအားကွဲပြားမှုဒဏ်ကို ပိုမိုခံလာရတာပဲ ဖြစ်ပါတယ်။ ဖိအားကွာခြားမှုဟာ တစ်စတုရန်း လက်မကို ပေါင်ရာနှင့်ချီပြီး စုပုံနိုင်ပြီး လွတ်မြောက်ဖို့ကလည်း ခက်ခဲစေပါတယ်။

Image: Courtesy of Underwater Welding commercial diving

ဒါ့ကြောင့် ရေစီးလမ်းကြောင်းထဲမှာ ပိတ်မိနေတဲ့ ရေငုပ်သမားဟာ ​ရေနစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။

ပရောဂျက်တစ်ခုကို ဘေးကင်းစွာ မဆောင်ရွက်ခင် သင့်လျော်တဲ့ ပြင်ဆင်မှု​တွေ​နဲ့ လေ့ကျင့်မှုတွေကို ထည့်သွင်းစဉ်းစားဖို့လည်း လိုအပ်ပါတယ်။

အတွေ့အကြုံ၊ နည်းပညာကျွမ်းကျင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားတွေကတော့ ရေငုပ်ဖို့အတွက် နောက်ထပ်လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။

ဘေးကင်းရေး လုပ်ငန်းစဉ်တွေကို တင်းတင်းကြပ်ကြပ် မလိုက်နာပါက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ မတော်တဆမှုတွေ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိပါတယ်။

ရေအောက် ဂဟေဆက်ခြင်းရဲ့ အနာဂါတ် အကြောင်း

စက်ရုပ်စွမ်းရည်တွေ တိုးတက်လာတဲ့ နည်းပညာ​တွေနှင့်အတူ ရေအောက်ဂဟေဆော်သူတွေကို ကာကွယ်ဖို့အတွက် တိုးတက်မှုတွေကို လုပ်ဆောင်လျက် ရှိပါတယ်။

အနာဂတ်မှာ ဘယ်လိုဖြစ်လာမည်ဆိုတာ မသိနိုင်ပေမယ့် ယနေ့ခေတ်ရေအောက်ဂဟေဆော်သူတွေကတော့ ကမ္ဘာတစ်ဝှမ်းရှိ စက်မှုလုပ် ငန်း အများအပြားရဲ့ အရေးကြီးဆုံးအစိတ်အပိုင်း​တွေကို ထိန်းသိမ်းပြုပြင်နိုင်ဖို့ အဓိက ကူညီပေးနေတာပဲ ဖြစ်ပါတယ်။

အဆင့်မြင့် စက်ရုပ်တွေဟာ ကျွန်ုပ်တို့လူသားတွေလို အနုစိတ်တဲ့ အလုပ်​တွေကို မဆောင်ရွက်နိုင်မချင်း၊ ရေအောက် ရေငုပ်သမားတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီ​တွေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာအဖြစ် ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

၎င်းဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အန္တရယ် အလွန်များတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် ရေအောက်ဂဟေဆက်ခြင်းလုပ်ငန်းဟာ လုပ်ငန်းခွင်အခြေအနေ​တွေနှင့် လိုအပ်ချက်​တွေအတွက် အကောင်းဆုံးသော အသက် မွေးဝမ်းကြောင်းတစ်ခု မဟုတ်သော်လည်း အချိန်တို အတွင်း လစာမြင့်မားလိုသူများ အတွက်တော့ ကောင်းမွန်တဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.