နေအဖွဲ့အစည်းမှာ အအေးဆုံးဂြိုဟ်ဖြစ်တဲ့ ယူရေးနပ်စ်ဂြိုလ်၏ ထူးခြားမှုများ အကြောင်း

Article Science

နေမှ သတ္တမမြောက်ဂြိုဟ်ဖြစ်တဲ့ ယူရေးနပ်စ်ဂြိုလ်ဟာ နေအဖွဲ့အစည်းထဲမှ ဂြိုဟ်တလုံး ဖြစ်ပြီး ၎င်းရဲ့ အချင်းက အီကွေ တာတွင် ကီလိုမီတာ ၅၁,၀၀၀ ကျော်ရှိပါတယ်။

ယူရေးနပ်စ်ဂြိုလ်ရဲ့ ကြီးမားတဲ့ လျှို့ဝှက် ဆန်းကြယ်မှုတစ်ခုက ၎င်းဟာ အပူများစွာကို မထုတ်ပေးခြင်းပင် ဖြစ်ပါတယ်။

ယူရေးနပ်စ်ဂြိုလ်ဟာ နေစကြာဝဋ္ဌာတွင် အအေးဆုံး ဂြိုဟ်ဖြစ်ပြီး ၎င်းတိမ်တိုက်ရဲ့ အပူချိန်က ပျမ်းမျှ -224°C ရှိပါတယ်။

စကြာဝဋ္ဌာရှိ ဂြိုလ်များအားလုံးဟာ ၎င်းတို့ရဲ့ ဖွဲ့စည်းမှုမှ ကျန်နေခဲ့တဲ့ မူလအပူကို ထုတ်လွှတ်သော်လည်း ယူရေးနပ်စ်ဂြိုလ်ကတော့ အပူအနည်းငယ်သာ ထုတ်လွှတ်ပုံရပါတယ်။

နက္ခတ်ဗေဒင်ပညာရှင်များနှင့် ဂြိုဟ်များကို လေ့လာသည့် သိပ္ပံပညာရှင်များက အဘယ်ကြောင့် ဖြစ်သလဲဆိုတာကို အဖြေရှာနေကြပါတယ်။

ယူရေးနပ်စ်ဂြိုလ်ကို ၁၇၈၁ ခုနှစ် Bath ရှိ William Herschel မှ ရှာဖွေ တွေ့ရှိခဲ့သော်လည်း ယနေ့အထိ အာကာသ စူးစမ်းလေ့လာရေး ယာဥ်တစ်စင်းတည်းသာ သွားရောက်ခဲ့ပါသေးတယ်။ ၎င်းက 1986 ခုနှစ်တွင် ဖျတ်ခနဲ ဖြတ်ပျံခဲ့တဲ့ Voyager 2 ပဲ ဖြစ်ပါတယ်။

ထိုအချိန်မှစပြီး နှစ်များအတွင်း၊ သိပ္ပံပညာရှင်တွေဟာ ယူရေးနပ်စ်ဂြိုလ်ကွင်း နှင့် လေထုအတွင်း အပြောင်းအလဲများကို တစ်ချက် ကြည့်ရှု လေ့လာခဲ့ပါတယ်။

Voyager ထံမှ ရာသီဥတုအကြောင်း အနည်းငယ်သာ တွေ့ရှိခဲ့သော်လည်း မြေပြင်မှ မကြာသေးမီက လေ့လာ တွေ့ရှိချက်များအရ အတော်လေး ထူးဆန်းတဲ့ ရာသီဥတု စနစ်များကို တွေ့ရှိခဲ့ရပါတယ်။

ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်နှင့် နက်ပကျွန်းဂြိုဟ်တို့ဟာ ဂြိုဟ်များကြားတွင် အတူတကွ အုပ်စုထားပါတယ်။

ယူရေးနပ်စ်ဂြိုလ်ဟာ နေမှ 2.86 ဘီလီယံ ကီလိုမီတာ (1.78 ဘီလီယံ မိုင်) အကွာအဝေးတွင် လည်ပတ်နေတာပဲ ဖြစ်ပါတယ်။

အနီးကပ်ကြည့်ရှုမယ်ဆိုရင် ဂျူပီတာနှင့် စနေဂြိုဟ်တို့ကို ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်တို့က ကြီးစိုးထားပြီး၊ ယူရေးနပ်စ် နှင့် နက်ပကျွန်းတို့ကတော့ ကျောက်နှင့်ရေခဲများစွာဖြင့် ဖွဲ့စည်းထားပါတယ်။

၎င်းတို့ရဲ့ လေထုထဲမှာဆိုရင် ရေနှင့် မီသိန်းများလည်း ပိုများပြီး ၎င်းတို့ရဲ့ အစိုင်အခဲ အူတိုင်များကလည်း ပိုမိုကြီးမားကြပါတယ်။

ယူရေးနပ်စ်ဂြိုလ်က ဘာလို့ အရမ်းအေးရတာလဲ။

နက်ပကျွန်းဂြိုလ်က ကျွန်ုပ်တို့ နေစကြာဝဋ္ဌာတွင် နေနှင့် အဝေးဆုံး ဂြိုဟ်ဖြစ်တဲ့အတွက်ကြောင့် အအေးဆုံး ဖြစ်သင့်ပါတယ်။ ဒါဆို ဘာဖြစ်လို့ ယူရေးနပ်ဂြိုလ်က အအေးဆုံးဖြစ်ရတာလဲ။

လေ့လာမှုအရ ၎င်းရဲ့လေထုအတွင်း အပူချိန်ကို တစ်နည်းနည်းဖြင့် ဟန့်တားထားတဲ့အတွက်ကြောင့်ဖြစ်ပြီး အခြားဂြိုလ်လေထုတွေလို လှည့်ပတ်ခြင်းကဲ့သို့သော ကြီးမားတဲ့ လှည့်ပတ် လှုပ်ရှားမှုများ မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Uranus ဟာ သူ့ရဲ့ မူလ အပူအများစုကို အစောပိုင်းတုန်းက ဆုံးရှုံးသွားခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။

ယူရေးနပ်ဂြိုလ်ရဲ့ ထူးခြားချက်က ၎င်းရဲ့ဝင်ရိုးဟာ ၎င်းရဲ့ပတ်လမ်းသို့ 97° ကျော်အထိ တိမ်းစောင်းနေတဲ့အတွက်ကြောင့် ပတ်လမ်းတွင်တည်ရှိနေသော ဝင်ရိုးအတိုင်း လှည့်ပတ်နေခြင်း ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ် သို့မဟုတ် ကမ္ဘာရဲ့အရွယ်အစား တစ်စုံတစ်ရာက စကြာဝဋ္ဌာရဲ့ အစောပိုင်းကာလတွေတုန်းက ယူရေးနပ်စ်ကို ဝင်တိုက်ပြီး ၎င်းကို အပူချိန် အကြီးအကျယ် ဆုံးရှုံးစေခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

၎င်းရဲ့ဝင်ရိုးရှိ ကြီးမားတဲ့ တိမ်းစောင်းမှုဟာ နေကို လှည့်ပတ်သည့် ၈၄ နှစ်ကြာ ပတ်လမ်းကြောင်းတွင် ယူရေးနပ်စ်ဂြိုလ်အတွက် ထူးခြားတဲ့ရာသီများကို ထုတ်ပေးပါတယ်။

ဝင်ရိုးတစ်ဖက်က နေရောင်ခြည်ကို ၄၂ နှစ်အထိ ရရှိပြီး နောက်တစ်ခုက အမှောင်ထဲတွင် ရှိနေကာ၊ ထို့နောက် အခြေအနေက ပြောင်းပြန်ဖြစ်ဖို့ ၄၂ နှစ်ကြာပါတယ်။

ဒီအရာကြောင့် လေထုဟာ အလွန်ပြင်းထန်စွာ သက်ရောက်မှုရှိပြီး ဒါဟာ နေအဖွဲ့အစည်းတွင် ကျွန်ုပ်တို့ မည်သည့်နေရာမှ မတွေ့နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

Voyager 2 ဟာ ယူရေးနပ်စ်ဂြိုလ်ကိုဖြတ်၍ ပျံသန်းသွားတဲ့အခါ ဂြိုလ်တစ်ခြမ်းတည်းသာ နေရောင် လင်းထိန်နေပါတယ်။

သို့သော် 2007 ခုနှစ်တုန်းက၊ အီကွေတာက နေရောင် အားလုံးရနေချိန်တွင် ယူရေးနပ်ဂြိုလ်ဟာ ၎င်းရဲ့ equinoxes တစ်ခုသို့ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ လေထုရဲ့ဒိုင်းနမစ်ကို ပြောင်းလဲစေပါတယ်။

ယူရေးနပ်စ်ဂြိုလ်ရဲ့ ကွင်းတွေအကြောင်း

ယူရေးနပ်စ်ဂြိုလ်ရဲ့ကွင်းစနစ်ဟာ ဂျူပီတာ၊ စနေဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့တွင် ကျွန်ုပ်တို့တွေ့ရှိသည့်အရာများနှင့် အလွန်ကွာခြားပါတယ်။

ကွင်းများဟာ အလွန်သိပ်သည်းပြီး ကျဉ်းမြောင်းသော အကွေ့များဖြစ်ကာ ၎င်းတို့ကို Voyager 2 ကတည်းက ပြောင်းလဲလာတာကို မြင်တွေ့ခဲ့ရပါတယ်။

ကွင်းများထဲမှ တစ်ခုဟာ ကမ္ဘာသို့ ရွေ့လျားနေပြီး ကွင်းအသစ် များကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒီဝေးလံတဲ့ ရေခဲကမ္ဘာသို့ ရောက်ရှိဖို့နှင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရမှာဖြစ်ပါတယ်။

သို့သော် ယူရေးနပ်စ်နှင့် နက်ပကျွန်းဂြိုဟ်တို့ထံ ရောက်ရှိခဲ့မယ်ဆိုရင်တော့ ၎င်းတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုအချို့ကို ဖြေရှင်းနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *