ပတ်လမ်းထဲတွင် ရှိနေဆဲဖြစ်တဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဂြိုလ်တုအကြောင်း

Article Science

အဆိုပါ အမေရိကန်ရဲ့ ဒုတိယမြောက် ဂြိုလ်တုဟာ ၁၉၆၄ ခုနှစ်မှာ ကမ္ဘာနှင့် ဆက်သွယ်မှု ရပ်တန့် သွားသော်လည်း ၎င်းဟာ ပတ်လမ်းထဲမှာ ရာစုနှစ်များစွာ ရှိနေမှာပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ပတ်လမ်းထဲတွင် လှုပ်ရှားနေသော ဂြိုလ်တုပေါင်း ၂၆၀၀ ကျော်ရှိပြီး၊ ကမ္ဘာဂြိုလ်ကို အာကာသ အမှိုက်များ အ ဖြစ် လှည့်ပတ်နေသည့် ထောင်ပေါင်းများစွာသော ဂြိုဟ်တုသေများလည်း ရှိပါတယ်။

ဒါ့အပြင် ဒုံးပျံစျေးနှုန်းများ ကျဆင်းခြင်းနှင့် အသေးစား အီလက်ထရွန်နစ် ပစ္စည်းများ၏ တိုးတက်လာမှုဟာ စီးပွားဖြစ် အာ ကာသ ဆိုင်ရာလုပ်ငန်းသို့ အလျင်အမြန် တွန်းပို့နေပြီ ဖြစ်ပြီး အာကာသ ကုမ္ပဏီတွေဟာ နှစ်စဉ် ဂြိုဟ်တု ရာပေါင်းများစွာကို ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။

SpaceX အနေနဲ့ ၎င်းရဲ့ အငြင်းပွားဖွယ် Starlink ကြယ်စုရဲ့ တစ်စိတ်တစ်ပိုင်းကို ကမ္ဘာအတွက် အာကာသအခြေပြု အင်တာနက်ကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားပြီး ဂြိုဟ်တုများ ထပ်မံလွှတ်တင်ဖို့ အစီအစဉ်ရှိနေပါတယ်။

သို့သော်လည်း Starlink ဂြိုလ်တု တစ်ခုစီဟာ ကမ္ဘာလေထုတွင် ပါဝါ မကျသွားမီနဲ့ လောင်ကျွမ်းခြင်း မပြုမီ နှစ်အနည်းငယ်ခန့် ကြာမြင့်မည်ဟု မျှော်လင့်ရပါတယ်။

အဆိုပါ နှစ်အနည်းငယ် သက်တမ်းဟာ ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ဂြိုလ်တုနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ပါဘူး။

Vanguard 1 ဂြိုဟ်တု Image: Courtesy of Wiki Commons

Vanguard 1 ဆိုတဲ့ အမေရိကန်ရဲ့ ဒုတိယဂြိုဟ်တုဟာ ၁၉၅၈ ခုနှစ် မတ်လ ၁၇ ရက်နေ့တုန်းက အာကာသထဲသို့ လွှတ်တင်ခဲ့ပါတယ်။

ဆိုဗီယက်ရဲ့ Sputnik ဂြိုလ်တု အပြီး ခြောက်လအကြာတွင် လွှတ်တင်ခဲ့သော်လည်း Vanuguard 1 ဟာ နှစ် 60 ကျော်ကြာပြီးတိုင်အောင် ပတ်လမ်းထဲမှာ ရှိနေသေးတာကို တွေ့ရပါတယ်။

၎င်းဟာ ကမ္ဘာ့ အရှည်လျားဆုံး ပတ်လမ်းတွင် သွားနေသည့် ဂြိုလ်တုဖြစ်သည့်အပြင် အာကာသထဲမှာ သက်တမ်းအရင့်ဆုံး လူလုပ်အရာဝတ္ထုလည်း ဖြစ်လာပါတယ်။

ပြီးတော့ အဲဒါက မကြာခင် အချိန်ထိ ပြောင်းလဲနိုင်ဖွယ်မရှိပါဘူး။

Vanguard ဟာ 1964 ခုနှစ်မှာ ကမ္ဘာနှင့် ဆက်သွယ်မှု ရပ်ဆိုင်းသွားခဲ့ပြီး ဖြစ်သော်လည်း၊ ၎င်းဟာ လာမည့် ရာစုနှစ်များ အ ထိ ပတ်လမ်းတွင် ရှိနေမှာပဲ ဖြစ်ပါတယ်။

၎င်းဂြိုလ်တုဟာ ကျွဲကောသီးအရွယ်သာ ဖြစ်တဲ့အကြောင်း

Vanguard ဟာ 3 ပေါင် (1.5 ကီလိုဂရမ်) မျှသာ အလေးချိန် ရှိပြီး တစ်ဖက် 6.5 လက်မ (16.5 စင်တီမီတာ) ဆန့်သည့် သတ္တုစက်လုံးဖြစ်သည့်အပြင် ဘတ်စကတ်ဘောထက် သေးငယ်ပါတယ်။

ဆိုဗီယက် ခေါင်းဆောင် Nikita Khrushchev က ၎င်းကို “ကျွဲကောသီးဂြိုလ်တု” ဟု အမည်ပေးခဲ့ပါသေးတယ်။

ဆိုဗီယက်တို့၏ ကမ္ဘာ့ပထမဆုံး ဂြိုဟ်တု Sputnik 1 Image: Courtesy of Wiki Commons

၎င်းရဲ့ သေးငယ်သော အတိုင်းအတာများကြားမှ Vanguard ဟာ အမိုက်စားဖြစ်ပါတယ်။ ၎င်းဟာ နေရောင်ခြည်စွမ်းအင်သုံး အာကာသယာဉ်ဖြစ်ပြီး ၎င်းရဲ့ စွမ်းအင်ကို မီးခြစ်ပုံးအရွယ် အကန့်ခြောက်ခုမှ ထုတ်ယူနိုင်ခဲ့ပါတယ်။

အချို့သောနည်းလမ်းတွေမှာ Vanguard ဟာ NASA ရဲ့ရှေ့ပြေးကြိုးပမ်းမှုလည်းဖြစ်ပါတယ်။

အာကာသအေဂျင်စီကို 1958 ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး Goddard Space Flight Center ရဲ့ အဓိကဗဟိုချက်ကို ဖန်တီးပေးသည့် ရေတပ်သုတေသီအများအပြားဟာ NASA မှာ ပါဝင်လာခဲ့ကြပါတယ်။

အဆိုပါ ပရောဂျက်ကို ရေတပ်မှ NASA သို့ လွှဲပြောင်း ပေးတဲ့အခါ သုတေသီများက ၎င်းနှင့် အတူ ပါဝင်ခဲ့ကြပါတယ်။

အဆိုပါသိပ္ပံပညာရှင်တွေဟာ Project Vanguard ကို အာကာသပတ်ဝန်းကျင်မှ ဂြိုလ်တုများအပေါ် မည်သို့သက်ရောက်မှုရှိသလဲဆိုတာကို လေ့လာဖို့ စမ်းသပ်မှုတစ်ခုအဖြစ် ဒီဇိုင်းထုတ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ကမ္ဘာပတ်လမ်းကြောင်းသို့ ရောက်ရှိသောအခါ သုတေသီများက ၎င်းရဲ့ ပျံသန်းမှုလမ်းကြောင်းကို ဂရုတစိုက် ခြေရာခံခဲ့ပါတယ်။

၎င်းက ကမ္ဘာမြေရဲ့ အပေါ်ပိုင်းလေထုဂုဏ်သတ္တိများကို နားလည်သဘောပေါက်အောင် ပြုပြင်ဖို့ လိုအပ်တဲ့အချက်အလက်များကို အသုံးပြုပြီး လိုအပ်တာတွေကို လေ့လာခဲ့ကြပါတယ်။

အမေရိကန်၏ ပထမဆုံး ကမ္ဘာ့ တတိယမြောက် ဂြိုဟ်တု Explorer 1 Image: Courtesy of NASA

Vanguard ဟာ Vanguard ဟုခေါ်တဲ့ အဆင့်သုံးဆင့် ပစ်လွှတ်တင်ယာဉ်ရဲ့ ပစ်လွှတ်နိုင်စွမ်းကို စမ်းသပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် သူ့မှာ ဝေးကွာပြီး ရေရှည် ပတ်လမ်းကြောင်းထဲမှာ တည်ရှိနေနိုင်တာ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး ဂြိုလ်တုနှစ်ခုဖြစ်တဲ့ ဆိုဗီယက်တို့၏ Sputnik 1 နှင့် Sputnik 2 တို့ကို သေးငယ်တဲ့ ဒုံးပျံများ ပေါ်တွင် တင် ဆောင်ကာ အောင်မြင်စွာ လွှတ်တင်ခဲ့ပါတယ်။

ဆိုလိုတာက ၎င်းတို့က ကမ္ဘာမြေမျက်နှာပြင်မှ ဝေးကွာခြင်း မရှိသည့် အတွက် ပထမနှစ်မှာပဲ ကမ္ဘာမြေပေါ်သို့ ပြန်လည် ကျဆင်းသွားခဲ့ပါတယ်။

တတိယ (အမေရိကန်ရဲ့ ပထမဆုံး) ဂြိုလ်တု Explorer 1 ဟာ ၁၂ နှစ်အကြာမှာ ကမ္ဘာမြေသို့ ပြန်ရောက်ရှိလာပါတယ်။

သို့သော် Vanguard 1 ဟာ အာကာသအတွင်း အကြမ်းဖျင်း နှစ် 2,000 ခန့် ရှိနေနိုင်တယ်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ အာကာသကအတွင်းမှာ မျှော်မှန်းထားတာထက် ဆွဲငင်မှုပိုများကြောင်း သုတေသီများက သိ ရှိခဲ့ပြီး Vanguard ရဲ့ ခန့်မှန်းထားတဲ့ ပတ်လမ်းကြောင်း သက်တမ်းကို နှစ် ၂၄၀ ခန့် ပြန်လည် ပြင်ဆင်ခဲ့ကြပါတယ်။

ဘာပဲပြောပြော အနာဂတ်မှာ အာကာသခရီးသည်များအနေနဲ့ Vanguard သို့ သွားရောက် လည်ပတ်နိုင်မှာဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ ရှေးအကျဆုံး အာကာသအခြေပြု ရှေးဟောင်းသုတေသန နေရာအား အနီးကပ် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.