ဗီယက်နမ်ကိုရောက်ရင် ထူးခြားတဲ့ ကော်ဖီတမျိုး ရှိတယ်ဆိုတာကို သိကြမယ်လို့ ထင်ပါတယ်။ အဲဒါကတော့ ကြက်ဥ ကော်ဖီပဲ ဖြစ်ပါတယ်။
ဗီယက်နမ်ကြက်ဥ ကော်ဖီဟာ ကော်ဖီ၊ sweetener၊ အမြှပ်ထအောင် ခေါက်ထားသည့် ကြက်ဥ နှင့် အခြား ပါဝင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပါတယ်။
အပေါ်တွင် ဖော်ပြထားသည့်အတိုင်း သင်ဟာ အဆိုပါ ကော်ဖီကို သောက်သုံးပါက အချိုရည်ယမကာ သောက်သုံးသကဲ့သို့ ခံစားရမှာ ဖြစ်ပါတယ်။
တကယ်တော့ ဒီကော်ဖီဟာ ပစ္စည်းရှားပါးမှုကြောင့် ပေါ်လောက်လာတဲ့ တီထွင်မှုကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ပထမ အင်ဒိုချိုင်းနား စစ်ပွဲအတွင်းတွင် ဗီယက်နမ်နိုင်ငံမှာ နွားနို့ အလွယ်တကူ ရရှိနိုင်ဖို့ အခက်အခဲ များစွာ ရှိခဲ့ပါတယ်။
အဲဒါကြောင့် ၁၉၄၆ ခုနှစ်မှာတော့ ဟနွိုင်းမြို့ရှိ Sofitel Legend Metropole ဟိုတယ်မှ အဖျော်ဆရာတယောက်မှ ကော်ဖီအား နို့အစား ခလောက်ထားတဲ့ ကြက်ဥနှင့် ရောစပ်စေခဲ့ပါတယ်။
အဆိုပါ အဖျော်ဆရာ၏ အမည်မှာ Nguyen Van Giang ဖြစ်ပြီး ၎င်းဟာ အဆိုပါ ကြက်ဥနှင့် ရောစပ်သည့် ကော်ဖီကို “cà phê trứng” သို့မဟုတ် “ကြက်ဥကော်ဖီ” လို့ ခေါ်တွင် စေခဲ့ပါတယ်။
Atlas Obscura ဝက်ဘ်ဆိုက်ဒ်၏ အဆိုအရ ကော်ဖီဟာ အဖျော်ဆရာကို ဟိုတယ်မှ ထွက်ပြီး Café Giang လို့အမည်ရတဲ့ ကိုယ်ပိုင် ကော်ဖီဆိုင် ထူထောင်နိုင်တဲ့အထိ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
ကော်ဖီလုပ်နည်းဟာ တဖြည်းဖြည်း ပိုမိုကောင်းမွန်လာပြီး ကြက်ဥ၏ အရသာကို ပိုပြီးနူးညံ့စေသည့် နည်းပါ ပါဝင်လာကာ နောက်ပိုင်း မွှေစက်များ ပေါ်လာသောအခါ ကြက်ဥကို မွှေနှောက်ရာတွင် ပိုမို လွယ်ကူလာပါတယ်။
၁၉၈၀ ခုနှစ်များတွင် ဒီ ဗီယက်နမ် ပြည်တွင်းဖြစ် ကော်ဖီဟာ ယခင်ကထက် ပိုမို ရေပန်းစားလာပြီး ကမ္ဘာအနှံ့ ကော်ဖီဆိုင်များအထိ ပျံ့နှံ့ လာခဲ့ပါတယ်။
ယနေ့မှာတော့ ကြက်ဥကော်ဖီနှင့် စတင်ခဲ့တဲ့ Café Giang ကော်ဖီဆိုင်ကို Van Giang ၏ သား Tri Hoaမှ ဦးစီးလျှက် ရှိပါတယ်။

သူဟာ ဖခင် တီထွင်ခဲ့သည့် ကြက်ဥကော်ဖီ နည်းကို အသုံးပြုနေကြသည့် ကော်ဖီဖျော်သူများ အပေါ် သဘောထားအား
“ကျွန်တော်ဟာ အတုယူမှုတွေ အတွက် လမ်းဖွင့်ပေးထားပါတယ်။ ဒါဟာ စီးပွားရေးရဲ့ အစိတ်အပိုင်းတခုပါ” လို့ VICE မီဒီယာနှင့် အင်တာဗျူးတွင် ပြောပြခဲ့ပါတယ်။
“လူများစွာဟာ တူညီတဲ့ ထုတ်ကုန်ကို ပိုင်ဆိုင်နိုင်ပြီး အဲဒါကို ၎င်းတို့၏ ကိုယ်ပိုင် နည်းလမ်းနဲ့ တိုးတက်နိုင်အောင် လုပ်နိုင်ပါတယ်”
“ကျွန်တော့်အတွက်ကတော့ ကျွန်တော်တို့ ပထမဆုံး ဖန်တီးခဲ့တဲ့ ကော်ဖီရဲ့ လျှို့ဝှက် ပါဝင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ယုံကြည်မှု အပြည့်အဝ ရှိပါတယ်” လို့ ပြောခဲ့ပါသေးတယ်။
Café Giang ရဲ့ ဝက်ဘ်ဆိုက်ဒ်မှာတော့ အခြား ပါဝင်ပစ္စည်းတွေအနေဖြင့် ကြက်ဥအနှစ်၊ ဗီယက်နမ် ကော်ဖီမှုန့်၊ နို့ဆီ၊ ထောပတ်နှင့် ချိစ် ဒိန်ခဲတောင် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
သင်လည်း အိမ်မှာ ဗီယက်နမ် ကော်ဖီ တခွက် စမ်းသပ် ဖန်တီးနိုင်ဖို့ အထက်ပါ ပါဝင် ပစ္စည်းတွေနဲ့ စမ်းသပ် ကြည့်လို့ ရပါတယ်နော်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။