သင်နေ့စဉ် ဝတ်နေတဲ့ အဝတ်အစားများကို ရက်ပေါင်းများစွာ ဆက်တိုက် ဝတ်နိုင်ပေမယ့် အဲဒီလို ဝတ်လို့ မရတဲ့ အဝတ်အစားအချို့တော့ ရှိနေပါတယ်။
အဲဒါကတော့ နေ့စဉ်လိုလို အသုံးပြု ဝတ်ဆင်နေတဲ့ အတွင်းခံ ဘောင်းဘီများပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့အများစုဟာ ဆပ်ပြာများများနဲ့ မလျှော်ဖွပ်ရမချင်း အတွင်းခံ အဝတ်အစားတွေကို ချွတ်ပစ်ဖို့ စိတ်မဝင်စားကြတာ များပါတယ်။
ဒါပေမယ့် ကျွမ်းကျင်သူများ အဆိုအရ အဲဒီ့ အဝတ်အစားမျိုးတွေဟာ သေသေချာချာ လျှော်ဖွပ်တာတောင် အပြည့်အဝ သန့်ရှင်းဖို့ မလုံ လောက်ပါဘူးတဲ့။
Good Housekeeping အင်စတီကျု၏ ဖော်ပြချက်အရ လတ်လတ် ဆတ်ဆတ် လျှော်ဖွပ်ထားတဲ့ အတွင်းခံများတွင် ရှင် သန်နေတဲ့ ဘက်တီးရီးယားပေါင်း ၁ သောင်းလောက်ကို ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ် တွေ့ရှိထားတာ တခုကတော့ လူတိုင်း ထင်မထားတဲ့ အံ့အားသင့် စရာ တခုပါ။
အဏုဇီဝ ပညာရှင် ဒေါက်တာ Charles Gerba ဦးဆောင်တဲ့ လေ့လာမှု တခုတွင် သန့်ရှင်းသော အတွင်းခံ ဘောင်းဘီ တထည်တွင် မစင် ၁၀ ဂရမ်လောက်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။
အတွင်းခံ ဘောင်းဘီတွင် ကပ်တွယ်နေတဲ့ ဘက်တီးရီးယားများဟာ သင်ဘယ်လောက် လျှော်လျှော် သင့် အရေပြားရဲ့ သီး သန့်နေရာတွေမှာ ရှင်သန် ပေါက်ဖွားတတ်တဲ့ ပိုးမွှားတွေနဲ့ အတူတူပါပဲ။
အဲဒီလို ပိုးမွှားတွေထဲမှာ လူကို အန္တရာယ်ဖြစ်နိုင်တဲ့ E. coli လို ရောဂါပိုးများတောင် ပါဝင်နေပါတယ်။
အဆိုပါ ဘက်တီးရီးယားများဟာ အချိန်ကြာလာသည်နှင့်အမျှ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကဲ့သို့ ကျန်းမာရေး ပြသနာများကို ဖြစ်လာနိုင်စေပါတယ်။

သင့်တွင် အတွင်းခံ ဘောင်းဘီ အသစ်တထည်ရှိပြီး ၎င်းတို့ထဲမှ လျှော်လို့ မပျောက်တဲ့ ပိုးမွှား ပမာဏ အနည်းငယ်ကြောင့် စိတ်ပူစရာတေ့ မလိုပါဘူး။
ဒါပေမယ့် သင့်အနေနှင့် အတွင်းခံ အံဆွဲ သို့မဟုတ် ထားသိုရာ နေရာကို တတ်နိုင်သမျှတော့ သန့်ရှင်းအောင် ထားဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် တနှစ်နှင့် အထက် ဝတ်ဆင်ပြီးသား အတွင်းခံ အဝတ်အစား အကုန်လုံးကို စွန့်ပစ်ပြီး အသစ်ကို ဝတ်ဆင်သင့်ပါတယ်။
ဆိုလိုတာကတော့ အတွင်းခံ အဝတ်အစားများကို တနှစ်နှင့် အထက် မဝတ်ဆင်သင့်ဘူးလို့ ပြောတာပါ။
ပုံမှန် ဝတ်ဆင်နေတဲ့ အတွင်းခံ များကိုလည်း အရောင်ချွတ်ဆေးဖြင့် အနည်းဆုံး ၁၄၀ ဒီဂရီ ဖာရင်ဟိုက်ရှိသည့် ရေနွေးဖြင့် ဆေးခြင်းဖြင့် ပိုးမွှားများ စုပုံမှု ကို လျှော့ချနိုင်ပါတယ်။

အဲဒီ့နောက် နေရောင် တိုက်ရိုက် ကျစေပြီး အခြောက်ခံတာဟာ ဘတ်တီးရီးယားတွေကို ရှင်းလင်းဖို့ နည်းလမ်းကောင်းတခု ဖြစ်ပါတယ်။
ဒီလိုတွေ့ရှိမှုတွေဟာ လူတွေအတွက် တကိုယ်ရည်သန့်ရှင်းရေး သာလျှင် အရေးကြီးတာ မဟုတ်ဘဲ အတွင်းခံ အဝတ်အစား များကိုလည်း ဂရုစိုက်ဖို့ လိုတယ်ဆိုတာ မြင်သာစေပါတယ်။
ဒီလောက်ဆို အင်းအင်းတွေ ၁၀၀ ဂရမ်လောက် ကပ်နေနိုင်မယ့် ဘောင်းဘီတွေကို သင့်အနေနဲ့ အသစ်လဲပစ်ဖို့ စိတ်ကူးနေပြီ လို့ ယူဆပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 29/6/2022