မြင်းတွေမှာ သံခွာလိုအပ်ပေမယ့် နွားတွေမှာ မလိုအပ်တဲ့အကြောင်း

Knowledge Nature

လူအများစုက မြင်းတွေရဲ့ ခြေထောက်မှာ ရိုက်ထားတဲ့ ဖိနပ် ပုံစံ ခွာကို ကံကောင်းစေတဲ့ ကျက်သရေ​ဆောင် တစ်ခု အနေနဲ့ တချို့နိုင်ငံတွေမှာ သတ်မှတ်ကြပါတယ်။

မြင်းတွေမှာ ဘာကြောင့် ခွာလိုအပ်ပြီး နွားတွေမှာကျတော့ ဘာကြောင့် မလိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

အရိုးရှင်းဆုံးအဖြေကတော့ ကြမ်းတမ်းတဲ့မြေပြင်အခြေအနေ ဒါမှမဟုတ် အလွန်အကျွံ အသုံးပြုခြင်းကြောင့် ၎င်းတို့ရဲ့ခြေထောက်တွေ ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ဖို့အတွက် မြင်း၏ ခြေထောက်တွင် ခွာတွေကို တပ်ဆင်ရခြင်းပဲ ဖြစ်ပါတယ်။

မြင်းခွာတွေဟာ လူတွေပြုလုပ်ထားတဲ့ ဖိနပ်တွေထက် ပိုမို တာရှည်ခံကြောင်း ဝန်ခံရမှာပါ။

ခွာရဲ့ထိပ်ကိုဖုံးကာ အောက်ခြေ တစ်ဝိုက်ရှိ အနားကွပ်ဖွဲ့ထားတဲ့ ခွာနံရံတွေမှာ အာရုံကြော သို့မဟုတ် သွေးကြောတွေ မရှိပါဘူး။

ကံကောင်းခြင်းအတွက် မြင်းခွာနှင့် လေးညှင်း အယူအဆ

ဒါ့ကြောင့် မြင်းတွေဟာ ၎င်းတို့ရဲ့ ခွာလေးခု အပေါ်ရှိ ခွာရိုးများအပေါ် ဖိနပ်များ တပ်ဆင်ကာ ဘေးကင်းစွာ သွားလာနိုင်ပါတယ်။

တောရိုင်းမြင်းများအတွက် သဘာဝမြေပြင်ကိုဖြတ်ကျော်သွားလာတဲ့အခါ ခွာတွေက များစွာအထောက်အကူဖြစ်စေတာကို တွေ့ရပါတယ်။

သို့သော် Horse & Country က ရှင်းပြထားသည့်အတိုင်းဆိုရင် အိမ်မွေးမြင်းတွေဟာ ကြမ်းတမ်းတဲ့ မျက်နှာပြင်အမျိုးမျိုးကို လုပ်ဆောင်ကြရတဲ့အတွက်ကြောင့် မြင်းခွာတွေ လိုအပ်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။

အချို့သော အထူးသဖြင့် ရထားလုံးဆွဲသူတွေ သို့မဟုတ် အခြားကုန်ဝန်​တွေကို ထမ်းဖို့ အသုံးပြုသူတွေအတွက် မြင်းခွာတွေဟာ ပြန်ပေါက်နိုင်တာထက် ပိုမိုလျင်မြန်စွာ ယိုယွင်းပျက်စီးသွားနိုင်ပါတယ်။

အခြားမြင်းတွေဆိုရင် ရေခဲ​တွေ၊ စိုစွတ်တဲ့ ရွှံ့မျက်နှာပြင်​တွေနှင့် မကြာခဏ ထိတွေ့မိတာကြောင့် ပျက်စီးမှုတွေ မဖြစ်ရန် အ တွက် သံမဏိခွာတွေ လိုအပ်ပါတယ်။

ဒါတွေအပြင် အဆစ်အမြစ်ရောင်ရောဂါ၊ laminitis (ခွာနံရံနှင့် အနီးနားအရိုးများကြားရှိ တွယ်ဆက်တစ်သျှူးပြဿနာ) သို့မ ဟုတ် Ringbone (အရိုးကြီးထွားမှုကို ပိုဖြစ်စေသော ယိုယွင်းလာတဲ့ အဆစ်ရောဂါ) များလည်းရှိပါတယ်။

အချို့မြင်းတွေဆိုရင် သဘာဝအတိုင်း အားနည်းတဲ့ ခွာတွေ ဒါမှမဟုတ် မညီညာတဲ့ ခွါတွေ ရှိကြပါတယ်။

ဒီလိုကိစ္စတွေအတွက် သံမဏိ မြင်းခွာတွေဟာ မြင်းတွေရဲ့ ခြေထောက်တွေကို တည်ငြိမ်စေပြီး ခိုင်ခံ့စေကာ ၎င်းတို့ကို ကျန်းမာစေပါတယ်။

သံခွာတွေ လုံးဝမတပ်ဘဲ အဆင်ပြေတဲ့ မြင်းတွေ ဒါမှမဟုတ် ရံဖန်ရံခါပဲ တပ်ဆင်ဖို့ လိုတဲ့ မြင်းတွေလည်း ရှိပါတယ်။

အကြမ်းဖျင်းအနေနဲ့ မြင်းခွာတွေကို ခရီးဝေးသွား သမားများတွေဟာ အကောင်းဆုံးမြင်းခွာအမျိုးအစားကို အသုံးပြုကြပါတယ်။

အချို့သောလူတွေကတော့ သံမဏ မြင်းခွာတွေကို ဆန့်ကျင်ကြပြီး သဘာဝပုံစံကိုသာ နှစ်သက်သော်လည်း၊ မြင်းတစ်ကောင်ချင်းစီရဲ့ လိုအပ်ချက်အပေါ် အမှန်တကယ် မူတည်တာလည်း တွေ့ရပါတယ်။

ဒါဆို နွားတွေကကော သံခွာတွေ ဘာကြောင့်မလိုအပ်တာလဲ

အခြေခံအားဖြင့်တော့ နွားတွေကို မြင်း​တွေကဲ့သို့ မြေမျက်နှာ အသွင်အပြင် အမျိုးမျိုးမှာ အသုံးပြုခြင်းနဲ့ တခြား အရာများစွာကို လုပ်ဆောင်နိုင်ဖို့ သိပ်အသုံးမပြုကြပါဘူး။

နွားတွေကို အဓိကအားဖြင့် လယ်ယာ လုပ်ငန်းအတွက် အသုံးများသော တိရစ္ဆာန် တစ်ကောင် ဖြစ်ပေမည့်လည်း ၎င်းတို့ကို အသားစား မွေးမြူရေးအနေနဲ့လည်း အသုံးပြုကြတာများပါတယ်။

သို့သော်လည်း နွားတွေဟာ ပုံမှန်အားဖြင့် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့ရဲ့ ခွာတွေကို ပြုပြင် ထိန်းသိမ်းဖို့တော့ လိုအပ်ပါတယ်။

၎င်းပြုပြင်ထိန်းသိမ်းမှုတွေဟာ နွားတစ်ကောင်စီ အပေါ် မူတည်သော်လည်း အကြမ်းဖျင်းအားဖြင့် တစ်နှစ်ကို နှစ်ကြိမ်ခန့် ပြုပြင်ပေးသင့်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *