ခေတ်လွန် နည်းပညာတွေ အသုံးပြုထားတဲ့ ပစ္စည်း အသစ်အဆန်းတွေနဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ မင်းသားတွေကြောင့် ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေကို တကမ္ဘာလုံးက ကြိုက်နှစ်သက်ကြပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာလည်း ဂျိမ်းစ်ဘွန်းဆိုတာ မသိတဲ့သူ မရှိလောက်အောင် နာမည်ကျော်ပြီး ဖြစ်ပါတယ်။
ဗြိတိသျှ ထောက်လှမ်းရေး ဇာတ်ကောင် ဂျိမ်းစ်ဘွန်း ဟာ ၁၉၆၂ ခုနှစ် ၎င်း၏ ပထမဆုံး ဇာတ်ကားဖြစ်တဲ့ Dr. No ကတည်းက အဆင့်အမြင့်ဆုံး နည်းပညာတွေနဲ့ စတင် ခဲ့တာပါ။

ဒါပေမယ့် ဘွန်း အတွက် အထူးအဆန်း တွေ ထုတ်ပေးနေတဲ့ MI 6 မှာ တီထွင်ဖန်တီးသူ Q ဟာ Apple က ထုတ်တဲ့ iPhone တွေရဲ့ ဒီဇိုင်းကိုတော့ ပိုကောင်းအောင် မလုပ်ပေးခဲ့ပါဘူး။
အခုအချိန် အထိလည်း ဘွန်းဟာ iPhone တွေကို အသုံးပြုတာ မတွေ့ရှိရသေးပါဘူး။
၂၀၀၆ ခုနှစ် Casino Royale မှာလည်း မင်းသားဖြစ်တဲ့ Daniel Craig ဟာ Sony စမတ်ဖုန်းကိုသာ အသုံးပြုခဲ့တာ တွေ့ရပါတယ်။ (ဇာတ်ကားကို Sony ကုမ္ပဏီက ဖြန့်လို့နေမှာပါ)
၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ No Time to Die ဇာတ်ကားမှာတော့ ဘွန်းဟာ Nokia ဖုန်းတွေကို အသုံးပြုနေပြန်ပါတယ်။
ဒါ့ကြောင့် ခေတ်မှီ ဆန်းပြားတဲ့ ပစ္စည်းတွေ အသုံးပြုနေတဲ့ ဇာတ်ကောင်ဟာ စမတ်ဖုန်းလောကမှာ ဘုရင်တဆူဖြစ်တဲ့ iPhone ကို တခါလေးတောင် မသုံးခဲ့တာ မေးခွန်း ထုတ်စရာပါ။
ဒီ့အတွက် အဖြေကတော့ နားလည်ဖို့ရာအတွက် အတော်လေး ရိုးရှင်းမှာပါ။

WIRED ဝက်ဘ်ဆိုက်တွင် ရှင်းပြထားသည့်အတိုင်း ပြောရမယ်ဆိုရင်တော့ ဘွန်း၏ တည်နေရာကို ခြေရာခံဖို့ အလွန် လွယ်ကူစေမှာမလို့ ဖြစ်ပါတယ်။
ဒါဆို Nokia ကျတော့ ပိုမဆိုးပေဘူးလား ဆိုတော့ ပိုဆိုးတယ် ဆိုပေမယ့် မတူညီတဲ့ အချက်တခုတော့ ရှိပါသေးတယ်။
ကုမ္ပဏီဟာ No Time to Die တွင် ၎င်း၏ အမှတ်တံဆိပ်ကို ပြသရန် Sony နှင့် သဘောတူညီမှု ရရှိခဲ့ပြီး ၎င်းဟာ Craig အတွက် အားကစားလုပ်ရန် ဘဏ္ဍာရေးအရ ကောင်းမွန်သည့် ရွေးချယ်မှု ဖြစ်စေခဲ့လို့ပါ။
ဒါ့အပြင် ဇာတ်လမ်းတွင် အသုံးပြုခဲ့သည့် Nokia ၏ XR20 မော်ဒယ် ဖုန်း၏ specification များအရ ဖုန်းဟာ အလွန် အကြမ်းပတမ်းခံပြီး ပွန်းရာခြစ်ရာများကို ခံနိုင်ရည်ရှိတယ် လို့ဆိုပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုများ၊ အနီးကတ် သတ်ပုတ်မှုများတွင် ပုံမှန် အသုံးပြုရသည့်အပြင် ကြီးမားတဲ့ ပေါက်ကွဲမှုတွေနဲ့ နီးနီးကပ်ကပ်ရှိတဲ့ ဘွန်းအတွက်တော့ ဒီဖုန်း အကြမ်းခံတဲ့ ဖုန်းဟာ ဘွန်းအတွက် အတော်လေး ပြီးပြည့်စုံတာကို တွေ့ရမှာပါ။

ဒါပေမယ့် ဒါကိုကြည့်ခြင်းအားဖြင့် Apple နှင့် ဂျိမ်းစ်ဘွန်းတို့ အရမ်းကွဲလွဲနေတယ်လို့တော့ မဆိုလိုပါဘူး။
၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ Apple TV+ ဟာ ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေ ဂီတနှင့် ပတ်သက်ပြီး The Sound of 007 ကို ပြသဖို့ရှိပြီး အဲဒီ့ မှတ်တမ်းရုပ်ရှင်မှာ ဂီတဟာ ဘွန်းဇာတ်ကားတွေမှာ ဘယ်လောက်တောင် လွှမ်းမိုးသလဲဆိုတာ မြင်ရမှာ ဖြစ်ပါတယ်။
ဒါဟာ အနာဂါတ်မှာ 007 ကို iOS အသုံးပြုတဲ့ ပစ္စည်းတွေ အသုံးပြုလာဖို့ လမ်းဖွင့်တာလည်း ဖြစ်နိုင်ပါတယ်။
ဘွန်းသာ iPhone အသုံးပြုရင်တော့ မကွဲမှန် ကပ်တာတို့၊ ဘတ္တရီ သက်တမ်း ရာခိုင်နှုန်းလေး ကျလာရင် ဖျက်ဖျက်လူးတာတို့ တော့ ဖြစ် လာမယ် မထင်ပါဘူး။ နောက်တာပါ။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။