ဒီ လေယာဉ် ဒီဇိုင်းဟာ အမေရိကန်တို့၏ ရေဒါပျောက်လေယာဉ် ကိုယ်ထည်များကို အဆင့်မြှင့်တင်ရန် နည်းလမ်းတခုအဖြစ် ထုတ်ခဲ့သည့် Lockheed Martin ၏ ထိပ်တန်း ဒီဇိုင်းတခု ဖြစ်ပါတယ်။
X-44 MANTA လို့ခေါ်တဲ့ အမြှီးမပါတဲ့ လေယာဉ် ဒီဇိုင်းဟာ အနာဂါတ် အသွင်အပြင်ဖြင့် Lockheed ၏ နာမည်ကြီး F-22 ဒီဇိုင်းမှ ဆင်း သက်လာတာ ဖြစ်ပါတယ်။
အဆိုပါ X-44A MANTA (Multi-Axis No-Tail Aircraft) လေယာဉ်ကို ၁၉၉၉ ခုနှစ်တွင် စတင်ချပြခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စတင် ပျံသန်းနိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
Air Force မဂ္ဂဇင်း၏ အဆိုအရ Lockheed Martin ကုမ္ပဏီဟာ အမေရိကန် လေတပ်အတွက် F-22 နှင့် ဆင်တူသည့် လေယာဉ် ကိုယ် ထည် ဒီဇိုင်းပေါင်း ၆ ခု လောက်အထိ ထုတ်လုပ်ခဲ့ဖွယ် ရှိတယ်လို့ သိရပါတယ်။
အဲဒီ့အထဲက တစင်းမှ အရွေးချယ် မခံခဲ့ရပေမယ့် ဤအထူးဒီဇိုင်းဖြင့် thrust vectoring ကိုအသုံးပြုပြီး အမြှီးမပါသည့် ဒီဇိုင်းများအား ထိန်းချုပ်နိုင်ဖို့ သုတေသန အရာအဖြစ် NASA က စိတ်ဝင်စားခဲ့ပါတယ်။

ဒီဇိုင်းအားဖြင့် ရေဒါပျောက်အစွမ်းရှိနေ
X-44 ဟာ ၎င်းအခြေခံထားတဲ့ F-22 လိုပဲ ရေဒါပျောက် စွမ်း မြင့်မားစွာ ရှိနေပြီး F-22 ထက်ပင် သာလွန်နိုင်ဖွယ် ရှိပါတယ်။
၎င်း၏ အယူအဆ ဒီဇိုင်းကို ကွန်ပျူတာဖြင့် ပုံဖော်ရာတွင် F-22 ထက် လေယာဉ်၏ လေဝင်ပေါက်များဟာ ရန်သူ့ ရေဒါလှိုင်းများကို အ တွင်းသို့ ပျံ့နှံ့သွားစေတာကို တွေ့ရပါတယ်။
နာမည်ကြီး B-2 လိုပဲ X-44 လေယာဉ်ကို အမြှီးမပါဝင်တဲ့ ဒီဇိုင်းဖြင့် တည်ဆောက်ထားတဲ့အတွက် အမြှီးပါဝင်တဲ့ လေယာဉ်များထက် ရေ ဒါပျောက်နိုင်စွမ်း မြင့်မားစေတာ ဖြစ်ပါတယ်။
လေယာဉ်ကို စစ်ကစားပျံသန်းရာတွင် သမားရိုးကျ ထိန်းချုပ်စနစ်များကို အသုံးပြုရမည့်အစား MANTA တွင် အိပ်ဇော နော်ဇယ်ကို မျိုးစုံ လှည့်နိုင်သည့် thrust vectoring ကို အသုံးပြုထားပါသေးတယ်။

thrust vectoring ဒီဇိုင်းဟာ အမေရိကန်တို့အတွက် တီထွင်ဆန်းသစ်မှု အသစ်တခု မဟုတ်ပေမယ့် ရုရှားတို့အနေဖြင့် ကာလ ကြာရှည်စွာ အောင်မြင်စွာ အသုံးချနိုင်နေတဲ့ ဒီဇိုင်းတခု ဖြစ်ပါတယ်။
ပြုပြုမွမ်းမံထားတဲ့ ဒယ်လ်တာ ပုံစံ တောင်ပံ ဒီဇိုင်းဟာ ၎င်း၏ ယခင် ဒီဇိုင်းများထက် ကောင်းကျိုးတွေ အများကြီး ဖန်တီးနိုင်တာကို တွေ့ရပါတယ်။
ဒီဇိုင်းအားဖြင့် ဒယ်လ်တာ တောင်ပံများဟာ သမားရိုးကျ တောင်ပံများထက် အတွင်းရော အပြင်ပိုင်းမှာပါ ပိုမို ကျယ်ပြန့်တဲ့ မျက်နှာပြင်ရှိပြီး လောင်စာဆီ ပိုမို တင်ဆောင်နိုင်ပါတယ်။
wet wings လို့ ခေါ်ကြတဲ့ ပေါင်းစပ် လောင်စာဆီ တိုင်ကီများဟာ လေယာဉ်တောင်ပံအတွင်းတွင် ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ဒီလို လောင်စာဆီ ထည့်သွင်းမှုဟာ အတော်လေး အသုံးများပြီး လောင်စာဆီကို များစွာ တင်ဆောင်နိုင်စေမယ့် နည်းလမ်းတခု ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီဇိုင်းဟာ X-44 ကို လောင်စာဆီ ပိုမို တင်ဆောင်နိုင်မည့်အပြင် အပိုဆီတိုင်ကီ ချိတ်ဆွဲစရာမလိုသဖြင့် လေခွင်းအားပိုကောင်းစေပြီး ပျံသန်းနေချိန်တွင် ဆွဲအားကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
X-44 ဟာ Lockheed Martin ၏ အမေရိကန်လေတပ်အတွက် ရေဒါပျောက် စွမ်းရည်ရှိသော အမြှီးမပါသည့် တခုထဲသော တိုက်လေ ယာဉ် ဒီဇိုင်းတခု ဖြစ်ပါတယ်။
အမေရိကန်တို့၏ F-22 နောက် ထွက်ရှိလာမယ့် ဆဌမ မျိုးဆက် တိုက်လေယာဉ်ဟာ မည်သို့ ဖြစ်မည်ဆိုတာ မသိရှိရ သေးပေမယ့် F-22 ထုတ်လုပ်မှုတွေကို ရပ်တန့်ခဲ့ရာကနေ MANTA ကိုတော့ မြင်တွေ့ရဖို့ မလွယ်ပါဘူး။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။