ဝေဟင်မှ ပစ်ခတ်နိုင်သည့် လေဆာလက်နက်ကို နာမည်ကျော် AC-130 များတွင် တပ်ဆင်နိုင်မည့် အကြောင်း

Military News

စစ်ဘက်ဆိုင်ရာ လက်နက်များကို အဆင့်မြှင့်တင်နိုင်မယ့် နည်းပညာ အသစ်တခုကို လေကြောင်း ထုတ်လုပ်ရေးနှင့် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ Lockheed Martin က စတင် ပြသလိုက်ပါတယ်။

ကုမ္ပဏီဟာ လေကြောင်းမှ တဆင့် ပစ်ခတ်နိုင်တဲ့ စွမ်းအင်မြင့် လေဆာ လက်နက်ဖြစ်တဲ့ Airborne High Energy Laser (AHEL) ကို အမေရိကန် လေတပ်သို့ ပေးအပ်ခဲ့ပါတယ်။

ဒီ လက်နက်ကို အမေရိကန်၏ လက်နက်များစွာ တပ်ဆင် ထားသည့် နာမည်ကျော် Lockheed AC-130 တိုက်ခိုက်ရေး နှင့် ပစ်ကူ လေ ယာဉ် ကြီးများမှာ တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Lockheed Martin ၏ Advanced Production Solutions မှ ဒုဥက္ကဌ ဖြစ်တဲ့ Rick Cordaro မှ “ယနေ့မှာ ဒီနည်းပညာကို အသုံးပြုဖို့ အဆင်သင့် ဖြစ်နေပါပြီ” လို့ ကြေငြာချက်တွင် ပြောကြားခဲ့ပါတယ်။

AC-130 လေယာဉ်ကြီးများတွင် ဒီ AHEL လက်နက်ကို မတပ်ဆင်မီ ချွတ်ယွင်းမှုများ မရှိစေရန် မြေပြင် စမ်းသပ်မှုများ နှင့် အခြား စမ်းသပ် မှုများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

၆၀ ကီလိုဝပ်ရှိတဲ့ အာရုံခံကိရိယာများကို ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်သည့် အပြင် ရန်သူ့ ယာဉ်များကို အပေါက်များ ဖောက်နိုင်သည့် HELIOS ခေါ် High Energy Laser and Integrated Optical-dazzler and Surveillance စွမ်းအင်မြင့် လေဆာစနစ်ကို ဘယ်အချိန်မှာ စ တင် စမ်းသပ်မယ်ဆိုတာတော့ မသိရသေးပါဘူး။

ဒီ သတင်းကို Defense Daily မှ ဖော်ပြခဲ့တာဖြစ်ပြီး စီပွားဖြစ် ထုတ်လုပ်မှုများဟာ ၂၀၂၂ ခုနှစ်မှာ ပြီးစီးလိမ့်မယ်လို့ သိရပါတယ်။

ယခု သတင်းဟာ အမေရိကန် ကြည်းတပ်မှ သတ္တုများကို လျှင်မြန်စွာ အရည်ပျော် လောင်ကျွမ်းနိုင်သည့် လေဆာလက်နက် အသစ်တခု ထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ကြေငြာအပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီ လက်နက်သစ်ဟာ အမေရိကန် စစ်တပ်အတွက်တော့ ဆန်းသစ်ပြီး ကြီးမားတဲ့ ခြေလှမ်းတခုဖြစ်ပြီး လေယာဉ်ဟာ အသံတောင် မထွက်ဘဲနှင့် တိုက်ခိုက်နိုင်တော့မှာ ဖြစ်ပါတယ်။

သင်္ဘောပေါ်တွင် တပ်ဆင်ထားသည့် လေဆာ စနစ်တခု

ဒီနည်းပညာသစ် လက်နက်ဟာ လက်တွေ့ ကျကျ ဖြစ်လာ နိုင်ရင်တော့ စစ်တပ်အတွက် နည်းဗျူဟာ အားသာချက် တခု အနေဖြင့် ဆောင် ရွက် နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံအချို့ဟာလည်း အလားတူ လေဆာ စနစ်များ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပြီး အစ္စရေးဟာ လည်း ၎င်းတို့၏ လေဆာ စနစ်ကို စမ်းသပ်ခဲ့ပါသေးတယ်။

အဲဒီ့ စမ်းသပ်မှုကို ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ သတင်းကို အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနှင့် Elbit Systesm တို့က ကြေငြာခဲတာပါ။

အစ္စရေးတို့ ဝေဟင်မှ ပစ်ခတ်နိုင်တဲ့ လေဆာ စမ်းသပ် အောင်မြင်ခဲ့တဲ့ အကြောင်း ကိုတော့ “ဝေဟင်မှ ပစ်ခတ်နိုင်သည့် လေဆာစနစ် အစ္စရေး စမ်းသပ်အောင်မြင်” တွင် အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *