Adidas နှင့် Puma ညီအစ်ကိုရဲ့ အချစ်ကြီးမှု

Article History

အောင်မြင်သည့် မိသားစုစီးပွားရေး တခုကို အခြေခံပြီး ညီအစ်ကို နှစ်ယောက်ကြား ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်လာခဲ့တဲ့ တကယ့် ဖြစ်ရပ်ဇာတ်လမ်း တပုဒ်ရှိပါတယ်။

၎င်းတို့ ပြိုင်ဆိုင်မှာဟာ ၂၀ ရာစု တခုလုံး နီးပါးလောက် ကြာမြင့်ခဲ့ပြီး မြို့ကိုတောင် နှစ်ခြမ်းကွဲတဲ့ အထိပါပဲ။

ဒီဇာတ်လမ်းကတော့ ၁၉၂၀ ခုနှစ်များမှာ ဂျာမနီနိုင်ငံ မြို့ငယ်လေး တမြို့ဖြစ်တဲ့ Herzogenaurach ကနေ စတင်ခဲ့တာပါ။

ညီအစ်ကို နှစ်ယောက်ဟာ သူ့အမေရဲ့ ပင်မင်းလုပ်ငန်းကို လုပ်ကိုင်သည့် အပြင် Dassler Brothers အားကစားဖိနပ် ကုမ္ပဏီငယ်လေး တခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အစ်ကိုဖြစ်သူမှာ Rudolph ခေါ် Rudi ဖြစ်ပြီး လူများနှင့် ပြောရဲဆိုရဲရှိပြီး ထင်ပေါ်ကာ အရောင်းပိုင်းကို စိတ်ဝင်စားသူဖြစ်ပေမယ့် ညီဖြစ်သူ Adolph ခေါ် Adi ကတော့ တိတ်ဆိတ်စွာ နေတတ်ပြီး ဖိနပ်များကို ဒီဇိုင်းဆွဲထုတ်လုပ်ရာမှာ အထူးကျွမ်းကျင်ပါတယ်။

မြို့နေလူ တော်တော်များများ ကဲ့သို့ပင် လူငယ်များဖြစ်တဲ့ သူတို့ ညီအစ်ကိုဟာ ဒုတိယ ကမ္ဘာစစ်မတိုင်ခင် ၁၉၃၆ မှာ ပါတီသို့ ဝင်ကြရပြီး ၁၉၃၆ ခုနှစ်အထိ ဖိနပ်လုပ်ငန်းဟာ အားမကောင်းသေးပါဘူး။

Image: Courtesy of HaSe/Wiki CC BY 4.0

Image: Courtesy of HaSe/Wiki CC BY 4.0

ထိုအချိန် ဂျာမနီတွင် အိုလံပစ် ပြိုင်ပွဲ ကျင်းပခဲ့ရာ မထင်မှတ်ထားဘဲ ၎င်းတို့၏ အပြေးဖိနပ် ဝတ်ဆင် ထားသည့် အာဖရိကန်-အမေရိကန် နွယ်ဖွား Jesse Owens ဟာ ပြိုင်ပွဲအတွင်း ရွှေတံဆိပ် ၄ ခုလောက် ရရှိခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်ကြောင့် Dassler Brothers ကုမ္ပဏီ၏ ဖိနပ်များဟာ သောက်သောက်လဲ ရောင်းအားတက်လာခဲ့ပါတယ်။

သို့ပေမဲ့ သူတို့ရဲ့ ညီအစ်ကိုကြားမှာ အောင်မြင်မှုကြောင့် တင်းမာမှုတွေ မြင့်တက်လာပြီး အထူးသဖြင့် ၎င်းတို့၏ ဇနီးများဟာလည်း အဲဒီ့ကတည်းက အချင်းချင်း ကြည့်မရကြတော့ပါဘူး။

ညီအစ်ကိုတွေကို အချင်းချင်း အရမ်းကို နာကြည်းသွားစေတဲ့ အဖြစ်အပျက်တွေ အများအပြားရှိခဲ့ပါတယ်။

အကြောင်းတခုကတော့ Rudi နှင့် သူ့ရဲ့ ဇနီးဟာ ဗုံးခိုကျင်းအတွင်းမှာ ထိုင်နေစဉ် Adi နှင့် ဇနီးရောက်လာချိန်မှာ Adi မှ မြို့ကို ထပ်ဗုံးကြဲတော့မယ် ထင်တယ်လို့ ပြောမိခဲ့တာပါ။

ဒါကို Rudi က Adi အနေဖြင့် ၎င်းတို့ ဗုံးခိုကျင်း အတွင်း ထိုင်နေတာကို ခနဲ့တယ်လို့ လွဲမှားစွာ ထင်မှတ် သွားခဲ့ပါတယ်။

Dassler Brothers ကုမ္ပဏီ

Dassler Brothers ကုမ္ပဏီ

နောက်ပိုင်းတွင် Rudi ဟာ ဂျာမနီစစ်တပ်တွင် ဝင်ရောက်တိုက်ခိုက်ဖို့ ဆင့်ခေါ်ခံခဲ့ရပြီး ဒါဟာ Adi နှင့် သူ့ဇနီးက သူ့ကို ရှေ့ တန်းပို့ပြီး ကုမ္ပဏီကို အပိုင်စီးဖို့ တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာလို့ Rudi ယုံကြည် နေခဲ့တာပါ။

Rudi ဟာ ရာထူးမှ နှုတ်ထွက်လို့ ဂျာမန်တို့၏ ဖမ်ဆီးခြင်း ၁ ကြိမ်နှင့် မဟာမိတ်များမှ ဖမ်းဆီးခြင်း ၁ ကြိမ် ခံခဲ့ရပြီး ထိုဖြစ် ရပ်အားလုံးအတွက် Adi ကို အပြစ်ဖို့ခဲ့ပါတယ်။

စစ်သုံ့ပန်းအဖြစ် Rudi ဟာ ဖြတ်သန်း နေရစဉ် အတွင်း Adi ဟာ ၎င်း၏ ဖိနပ်များကို အမေရိကန် စစ်မှုထမ်းများ အတွက် စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

ဒီလို ဆိုးဝါးတဲ့ ခံစားချက်တွေကြောင့် ကုမ္ပဏီဟာ ၁၉၄၈ ခုနှစ်မှာ ၂ ပိုင်းကွဲသွားပြီး Adi က သူ့ရဲ့ ကုမ္ပဏီသစ်ကို “Adidas” လို့ အမည်ပေးကာ Rudi ကတော့ “Puma” လို့ အမည်ပေးခဲ့ပါတယ်။

မြို့ရဲ့ ဆန့်ကျင်ဘက် ၂ နေရာမှာ စက်ရုံတွေ တည်ဆောက်ထားတဲ့ ဖိနပ်ကုမ္ပဏီနှစ်ခုဟာ အပြိုင်အဆိုင်ဖြစ်လာပြီး မကြာခင် Herzogenaurach မြို့ငယ်လေးရဲ့ စီးပွားရေးကိုတောင် လွှမ်းမိုးသွားနိုင်ခဲ့ပါတယ်။

ထိုအချက်ကြောင့် မြို့ပေါ်ရှိ လူဦးရေ အများစုဟာ Adidas သို့မဟုတ် Puma တို့အတွက် အလုပ်လုပ် နေကြရပြီ ဖြစ်ပါတယ်။

ကုမ္ပဏီများ၏ မြို့အပေါ် လွှမ်းမိုးမှုကြောင့် ပြိုင်ဘက်ကုမ္ပဏီမှ အလုပ်သမား အချင်းချင်း လက်ထပ်ခြင်း သို့မဟုတ် ချိန်းတွေ့ခြင်းကိုတောင် တားမြစ်ထားပြီး ကုမ္ပဏီ အလိုက် ဝယ်ယူသူများ သီးသန့်ကိုသာ ဝန်ဆောင်မှုပေးမည့် လုပ်ငန်းများပါ ရှိလာပါတယ်။

Nike ရုံးချုပ် Image: Courtesy of Coolcaesar/Wiki CC BY 4.0

Nike ရုံးချုပ် Image: Courtesy of Coolcaesar/Wiki CC BY 4.0

Herzogenaurach မြို့ရှိလူများ အကြားတွင် စကားစမြည် မပြောခင် ဖိနပ် အမှတ်တံဆိပ်ကို ဦးစွာ ငုံ့ကြည့်ပြီး စစ်ဆေးရမယ်လို့တောင် ပြောစမှတ်တွင်ခဲ့ပါတယ်။

ကုမ္ပဏီ ၂ ခုလုံးဟာ အချိန် အတော်ကြာ အောင်မြင်လာခဲ့ပြီး Rudi နှင့် Puma ဟာ အရောင်းဝန်ထမ်းများ ပိုမိုသာလွန်ကာ Adi နှင့် Adidas ကတော့ အားကစားသမားများနဲ့ ဆက်ဆံရေးနှင့် နည်းပညာပိုင်းတွင် ပိုမိုကောင်းမွန်ပါတယ်။

ယေဘုယျအားဖြင့်တော့ Adidas ဟာ Puma ထက် ငွေကြးအရ အသာစီး ရခဲ့ပါတယ်။

အချင်းချင်း အပြင်းအထန် ပြိုင်ဆိုင် နေချိန်တွင် အားကစား ဖိနပ် လောက တခုလုံးကို လွှမ်းမိုးနိုင်မယ့် Nike ကုမ္ပဏီသစ် ပေါ်လာချိန်မှာတော့ Adidas ရော Puma ပါ များစွာ ကျဆင်းသွားခဲ့ရပါတယ်။

၂၀၀၀ ခုနှစ်များ အစောပိုင်းလောက်မှာ ညီအစ်ကို နှစ်ယောက်လုံး ဆုံးပါးသွားခဲ့ပြီး ၎င်းတို့ကို မြို့တွင်းရှိ သင်္ချိုင်းတွင် ဝေးနိုင်သမျှဝေးအောင် အစွန်း ၂ ဘက်တွင် မြှပ်နှံခဲ့ပါတယ်။

နှစ်ရှည်လများ မသင့်မြတ်မှုကို အဆုံးသတ်ရန်အတွက် ကုမ္ပဏီ ၂ ခုလုံး၏ အဖွဲ့ဝင်များဟာ ၂၀၀၉ ခုနှစ်မှာ ခင်မင်ရင်းနှီးစွာ ဘောလုံးကစားဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published.