Social Media မှာ အမေရိကန်လုပ် အစ္စရေးတို့၏ F-35 လေယာဉ်တစ်စီး လက်ဘနွန်ကောင်းကင်မှာ ပျံသန်းနေတဲ့ပုံများ ပျံ့နှံ့နေပါတယ်။ ဒီပုံတွေကို လက်ဘနွန် ဟစ်ဘိုလာအဖွဲ့မှ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အလားတူအချိန်မှာပဲ သူတို့ဟာ F-15 အဖြစ် မှားယွင်းခေါ်ခဲ့ကြ အနည်းငယ်ရှုပ်ထွေးမှု ဖြစ်ခဲ့ကြပါသေးတယ်။
Adir လို့ခေါ်တဲ့ အစ္စရေးမျိုးကွဲ F-35I တွေဟာ လက်ဘနွန်ကောင်းကင်ယံမှာ ခပ်နိမ့်နိမ့်ပျံပြီး တာဝန်ထမ်းဆောင်နေခဲ့တာပါ။ အစ္စရေးလေတပ်အရာရှိများကတော့ F-35I လက်ဘနွန်ကောင်းကင်ယံမှာ ဘာလုပ်ဖို့ရှိခဲ့တာလဲဆိုတာကို မှတ်ချက်ပေးဖို့ သို့မဟုတ် သတင်းထုတ်ပြန်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
Social Media မှာတော့ F-35I တွေအလုပ်လုပ်နေတဲ့ပုံကို ပထမဆုံးရိုက်ကူးထားမှု ဖြစ်ကြောင်းမဖြစ်ကြောင်းကို ငြင်းခုံနေကြပါတယ်။

အစ္စရေးဟာ အမေရိကန်အစိုးရ နိုင်ငံခြားစစ်ဘက်ဆိုင်ရာအရောင်းဌာနမှတဆင့် ၂၀၁၀ အောက်တိုဘာလမှာ သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံး F-35 တွေကို ဝယ်ယူခွင့်ရရှိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
အစ္စရေးလေတပ်မှ ဇွန်လ ၂၂ ရက် ၂၀၁၆ ခုနှစ်မှာ အမေရိကန် တက်ဆက်ပြည်နယ် ဖို့ဝေါ့သ်ရှိ F-35 စက်ရုံမှာ ပထမဆုံး F-35A လက်ခံရရှိတဲ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
အစ္စရေးလေတပ်ဟာ ၎င်းတို့ရဲ့ F-35 များကို အစ္စရေးမှာရှိတဲ့ နီဘာတင်မ်လေတပ် အခြေစိုက်စခန်းမှာ လေ့ကျင့်မှုများပြုလုပ်ပြီး ၂၀၁၇ ဒီဇင်ဘာမှာ တာဝန်ထမ်းဆောင်နိုင်မှာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။
ဒီ F-35 တွေကို အစ္စရေးလေတပ်ရဲ့ ရွှေလင်းယုန် (Golden Eagle) နှင့် တောင်ဘက်မှခြင်္သေ့များ (Lions of the South) လို့ခေါ်တဲ့ တိုက်လေယာဉ်အုပ်များမှာ တာဝန်ထမ်းဆောင်နေပါတယ်။
၂၀၁၉ သြဂုတ်လ အစောပိုင်းက အမည်မဖော်လိုသော အနောက်သံတမန်များကို ကိုးကား၍ လန်ဒန်အခြေစိုက် အာရပ်သတင်းစာ Asharq Al-Awsat က အစ္စရေး F-35i တိုက်လေယာဉ်များဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အရှေ့မြောက်ဘက်စခန်းရှိ Ash Ashraf တွင် သိုလှောင်ထားသောလက်နက်များနှင့် ဒုံးကျည်များသိုလှောင်ထားသည့် အီရန်သိုလှောင်ရုံများကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။