လေယာဉ်မှူးတွေကို ကယ်တင်နိုင်ခဲ့တဲ့ F-16 က Auto GCAS စနစ်

Knowledge Tech

တိုက်လေယာဉ်များတွင် တပ်ဆင်ထားတဲ့ အလိုအလျောက် ဆော့ဖ်ဝဲ စနစ်တွေဟာ တကယ်ပဲ အသုံးဝင်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀၂၀ တုန်းက ပိုင်းလော့များအတွက် အကူအညီအဖြစ် ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲဟာ F-16 ပိုင်းလော့ ၂ ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

ဒီ သီးခြား ဖြစ်စဉ် ၂ ခုမှာ အလိုအလျှောက် မြေပြင်နှင့် ထိခိုက်မှုကို ကာကွယ်ပေးတဲ့ စနစ် Auto Ground Collision Avoidance System ဟာ ပိုင်းလော့တွေကို မြေဆွဲအားမြင့် ခံစားနေရတဲ့အချိန်မှာ ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။

ဒီမတော်တဆမှုတွေဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီ နှင့် ဇူလိုင်လတို့မှာ နီဗားဒါးရှိ လေ့ကျင့်ရေးကွင်း မှာ ဖြစ်ခဲ့တာ ဖြစ်တယ်လို့ ပေါ်ပြူလာ သိပ္ပံ မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

ပိုင်းလော့ ၂ ယောက် လုံး ဟာ မြေဆွဲအားကြောင့်ဖြစ်တဲ့ သတိလစ်မှု G-induced loss of consciousness (G-LOC) ကို ဖြစ်စေခဲ့ပါတယ်။

ဒီအခြေအနေဟာ အလွန်အမင်း အန္တရာယ်ရှိပြီး အဲဒီ့အချိန်မှာ လေယာဉ်ဟာ အထိန်းအကွပ်မဲ့ ဖြစ်နေမှာပါ။ ပြန်သတိလည် လာရင်တောင်မှ ပိုင်းလော့တွေမှာ ခဏတာ စိတ်ရှုပ်ထွေးမှုကို ခံစားရမှာ ဖြစ်ပြီး မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ဖို့ နှောင့်နှေးသွားမှာပါ။

ဒီဖြစ်ရပ်ဟာ စိန်ခေါ်မှုများတဲ့ ပျံသန်းစစ်ကစားမှုတွေဖြစ်တဲ့ လေယာဉ်ကို အဆုံးအစွန်ထိကွေ့တာနှင့် ကိုယ်ထည်ကို လှည့်တဲ့ အနေအထားမှာ ဖြစ်တတ်တာ ဖြစ်ပါတယ်။

အဲဒီ့ ပျံသန်းစစ်ကစားမှု မပြီးခင်မှာပဲ ပိုင်းလော့ဟာ သတိမေ့သွားနိုင်ပြီး အကျိုးသက်ရောက်မှုဟာ စက္ကန့်အနည်းငယ်ဆိုပေမယ့် မြေပြင်ကို ဖြောင့်ဖြောင့်ကြီး ထိုးဆင်းသွားနိုင်ပါတယ်။

AGCAS ဆော့ဖ်ဝဲလ် စနစ်ဟာ ပိုင်းလော့များကို ကယ်တင်ဖို့ရာအတွက် နောက်ဆုံးအခြေအနေ ဖြစ်ပါတယ်။

ဒီ စနစ်ဟာ လေယာဉ်ကို အဆက်မပြတ် စောင့်ကြည့် နိုင်စေရန်အတွက် ဒီဇိုင်းဆွဲထားပြီး လေယာဉ် ကို လမ်းကြောင်း ပေးဖို့နှင့် ဒစ်ဂျစ်တယ် မြေပြင် အနေအထားများကို အမြဲ နှိုင်း ယှဉ် သုံးသပ်ပေးနေပါတယ်။

အကယ်လို့ လေယာဉ်ဟာ အန္တရာယ် ဖြစ်နိုင်ချေ ရှိပါက လေယာဉ်မှူးကို အကြောင်းကြားမှာ ဖြစ်ပြီး တခုခု လုပ်ရန် သတိ ပေးမှာပါ။

တကယ်လို့ လေယာဉ်မှူးဆီကနေ တုန့်ပြန်မှု မရပါက အလိုအလျှောက် လေယာဉ်ကို လှိမ့်သွားစေပြီး 5G pull လို့ခေါ်တဲ့ ဆွဲတင်ခြင်းဖြင့် လေယာဉ်ကို အန္တရာယ် ကင်းဝေးစေအောင် လုပ် ဆောင် ပေးတာဖြစ်ပါတယ်။

ဒီ စနစ်ဟာ ပတ်ဝန်းကျင်အနေအထားကို သတိမထားမိတဲ့ လေယာဉ်မှူးကိုတောင် အကူအညီ ပေးနိုင်ပါတယ်။

ပိုင်းလော့ ဟာ dogfight လေ့ကျင့်မှု တစ်ခု ပြုလုပ် နေစဉ် တစ်နာရီ မိုင်ရာပေါင်း များစွာနှင့် မောင်းနှင်ရင်း ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်တောင် Auto GCAS စနစ်ကို လူကိုယ် တိုင်ဖွင့်ပြီး အလုပ်လုပ်စေနိုင်ကာ လေယာဉ်ကို လုံခြုံစွာ မောင်းနှင်နိုင်တဲ့ အနေအထား ဖြစ်သွားအောင် အလိုအလျှောက် ထိန်းချုပ်စေနိုင်ပါတယ်။

လက်ရှိမှာ အဆိုပါ Auto GCAS စနစ်ကို F-16 Block 40 နှင့် Block 50 မျိုးကွဲများတွင် တပ်ဆင်ထားပြီး မကြာမီ Block 30 များတွင်ပါ တပ်ဆင်ပြီးစီး တော့မယ်လို့ သိရပါတယ်။

အမေရိကန်၏ မိတ်ဖက်နိုင်ငံများအပါအဝင် ကမ္ဘာအနှံ့မှာ F-16 ပေါင်း ၉၃၄ စီးလောက် ပျံသန်းနေပါတယ်။

ဒီ စနစ်ကို Lockheed Martin ကနေ တီထွင်ခဲ့တာ ဖြစ်ပြီး ၂၀၂၀ မတိုင်ခင်အထိ F-16 ၉ စီးနှင့် ပိုင်းလော့ ၁၀ ယောက် အပါ အဝင် ကယ်ဆယ်မှု ၉ ခု ပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၀ က မတော်တဆ ၂ ခု အပါအဝင်ဆိုပါက ကယ်ဆယ်မှု ၁၁ ခု ရှိပြီ ဖြစ်ပါတယ်။

အမေရိကန်လေတပ်ဟာ ဒီ Auto GCAS စနစ်များကို F-35 Joint Strike Fighter များမှာ ၂၀၁၉ ခုနှစ်က စပြီး တပ်ဆင်ခဲ့ပြီး သက်တမ်း တလျှောက်မှာ ပျက်ကျနိုင်မှု ၂၆ ခု ကနေ ကာကွယ်ပေးနိုင်မယ်လို့ ယုံကြည်ရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလက ဂျပန် လေကြောင်း ကာကွယ်ရေးတပ်ဖွဲမှ ပိုင်းလော့ တစ်ယောက်ဟာ F-35A အသစ် စက် စက် တစ်စီးကို ပစိဖိတ် သမုဒ္ဒရာအတွင်းမှာ ပျံသန်းရင်း မထိန်းချုပ်နိုင်ဘဲ ပျက်ကျခဲ့ပါတယ်။

ဂျပန်အစိုးရ၏ အဆိုအရ အဆိုပါဖြစ်စဉ်ဟာ ပိုင်းလော့၏ မှားယွင်းမှုကြောင့်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီ့ ဂျပန်လေတပ်၏ F-35A မှာ Auto GCAS စနစ် တပ်ဆင် ပေးထားလား မထားလားဆိုတာကတော့ မသိခဲ့ရပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *