ပင်တဂွန် စစ်ဌာနချုပ်၏ AI စွမ်းရည်ဟာ တိုက်ပွဲ နေ့ရက်များကို ကြိုတင် ခန့်မှန်း နိုင်ပါသလား
နည်းပညာ အသစ်ကို ကျယ်ကျယ် ပြန်ပြန့် စမ်းသပ်ခဲ့ပြီး အသုံးပြုဖို့ အဆင်သင့် ဖြစ်လုနီးပါး ရှိနေပါပြီ။ ပင်တဂွန်စစ်ဌာနချုပ်သည် AI ဥာဏ်ရှိတုဟာ စွမ်းရည်များ ရှိပြီး ခြိမ်းခြောက်မှုများကို ရက်အနည်းငယ် ကြိုသိနိုင်ပါတယ်။
သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းအမျိုးအစားတွေက ဥာဏ်ရည်တုဖြင့် ထောက်လှမ်းခြင်း (AI) ကမှ ကူညီပေးတာ သို့မဟုတ် လမ်းညွှန်ပေးတာမျိုး ပြုလုပ်နိုင်မယ့် အနာဂတ်စစ်ပွဲတွေ အကြောင်းကို အရိပ်အမြွက်ပေးနေတာ ကြာခဲ့ပါပြီ။
သို့သော်လည်း ထိုအနာဂတ်ဟာ အမြဲဝေးကွာနေခဲ့ပြီး ဒီလိုနည်းပညာကို အသုံးပြုခြင်းဟာ တန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်ဖို့ ဖြစ်လာဖွယ်ရှိပါတယ်။
တိုးတက်မှု အသစ်တခုကတော့ အမေရိကန်မြောက်ပိုင်းစစ်ဌာနချုပ် (NORTHCOM) သည် တိုက်ပွဲများကို ရက်များကြိုတင်ခန့်မှန်းရန် AI နည်းပညာကိုအသုံးပြုနေတယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။

စစ်ရေး အသုံးချမှုများတွင် နည်းပညာတိုးတက်မှုများသည် လူသားတို့၏ အသက်အန္တရာယ်ကိုလျှော့ချရန်နှင့် ဘေးကင်း လုံခြုံသော အကွာအဝေးမှ စစ်ဆင်ရေးများကို အဓိကရည်ရွယ်ပါတယ်။
AI က ဒရုန်းတွေမှာ ပဲ ဖြစ်ဖြစ် တိုက်လေယာဉ်မှူးတွေကို အထောက်အပံ့ ပေးတာ ပဲ ဖြစ်ဖြစ် ရည်ရွယ်ချက်က တိုက်ခိုက်နည်းတွေ တိုး တက်အောင် လုပ်နေချိန်မှာ ၎င်းနှင့် ဆက်စပ် ထိခိုက်မှုတွေကို လျှော့ချပေးပါတယ်။
မကြာသေးမီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် NORTHCOM တပ်မှူး ဗိုလ်ချုပ်ကြီး Glen D. Vanherckက အမေရိကန်စစ်တပ်သည် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် လွှမ်းမိုးမှု စမ်းသပ်ချက်များ (GIDE) စီးရီး၌ တတိယမြောက် စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
ပထမဆုံး GIDE စမ်းသပ်ချက်ကို တန်းတူ ခြိမ်းခြောက် လှုပ်ရှားမှုများအား AI ဖွင့်ထားသည့် ကြိုတင် သတိပေးချက် များကို ရှေ့ပြေးပုံစံပြုလုပ်ရန် တိုက်ခိုက်ရေး အမိန့်အနည်းငယ် ပါဝင်မှုနဲ့ ၂၀၂၀ ဒီဇင်ဘာမှာ လုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မတ်လတွင် GIDE-2 ကို အမေရိကန် တိုက်ခိုက်ရေး အမိန့် ပေး စစ်ဆင်ရေးစင်တာ ၁၁ ခု လုံးဖြင့် ပြုလုပ်ခဲ့ပြီး လက်တွေ့အခြေအနေများအား တုံ့ပြန်ရန် သတင်း အချက်အလက်ကို သုံးရန် ဥာဏ်ရည်တုနှင့် machine learning စနစ်ကို အသုံးပြုခဲ့ပါတယ်။
NORTHCOM က ဒီစီးရီး အတွင်းမှာ အဟန့်အတားစွမ်းရည်များ တိုးတက်စေရန်နှင့် ဆုံးဖြတ်ချက်ချရန်နေရာ ပိုမိုတိုးတက်လာ စေရန်
Cosmos, Lattice နဲ့ Gaiaလို့ ခေါ်တဲ့ ဆုံးဖြတ်ချက် အထောက်အကူ ၃ မျိုး ကိုလည်း စမ်းသပ်ခဲ့ပါတယ်။

တတိယစမ်းသပ်မှု GIDE-3 သည် မကြာသေးမီကပင် ပြီးဆုံးခဲ့ပြီး တကမ္ဘာလုံးတွင် ဖြန့်ကျက်ထားသော အာရုံခံ စနစ်မှ ဒေတာ အချက် အလက်များလည်းပါဝင်ပြီး အချို့မှာ မူလက အရပ်ဖက် စီးပွားရေးသုံးတွေ ဖြစ်တယ်လို့ ဗိုလ်ချုပ် Vanherck ကဖော်ပြခဲ့ပါတယ်။
သူဟာ AI ဖြန့်ကျက်ရန် ကြိုးပမ်းနေသော အခြားအမေရိကန် ပရိုဂရမ်များနဲ့မတူဘဲ GIDE ပရိုဂရမ်သည် ၎င်း၏အချက်အလက်များရယူရန် စွမ်းရည်အသစ်များကို မဖန်တီးဘဲ ရှိပြီးသား သတင်းအချက်အလက်ဂြိုဟ်ထုများ၊ ရေဒါများ၊ ရေအောက်စွမ်းရည်များ၊ ဆိုက်ဘာနဲ့ Intel စွမ်းရည်များကို အသုံးပြုခဲ့တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ပရိုဂရမ်သည် အချက်အလက်များ အားလုံးကို machine learning နှင့် AI တို့က စီမံဆောင်ရွက်ပြီး ဆုံးဖြတ်ချက်ချသူများအား အရေးပါသော သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ပေးသော cloud မှာ မျှဝေခဲ့ပါတယ်။
VanHerckက ဆုံးဖြတ်ချက် သာလွန်ခြင်းလို့ခေါ်ဆိုတဲ့ ဤ အဆင့်မြင့် သတိပေးစနစ်များသည် ဆုံးဖြတ်ချက်ချမှုများက တုန့်ပြန်မှုကြောင့် မဟုတ်ဘဲ၊ ဖြစ်အောင် အခြေအနေ ဖန်တီးယူရတာ ဖြစ်တဲ့အတွက် စစ်တပ်နှင့် အရပ်သား ခေါင်းဆောင်များအား ဆုံးဖြတ်ချက်ချရန်အတွက် ကွက်လပ်တခု ပေးလိမ့်မယ် လို့ ထပ်မံ ပြောကြား ခဲ့ပါတယ်။

အမေရိကန်စစ်ဌာနချုပ်များနှင့် စမ်းသပ်မှုပြုလုပ်နေစဉ် ဒီစနစ်ကို မဟာမိတ်နှင့် လုပ်ဖော်ကိုင်ဖက်များအား သတင်းအချက်အလက်များပေါင်းစပ် ဖြန့်ဝေရန်လည်း ဒီဇိုင်းဆွဲထားပါတယ်။
မြောက်ပိုင်းအတွက် သတိပေးစနစ်တွင် ကနေဒါနှင့်အမေရိကန်တို့သည် အတူတကွပူးပေါင်း လုပ်ဆောင်နေကြပြီး GIDE ၏ လုပ်ငန်းစဉ်များ အတွင်း အမေရိကန်သည် မိတ်ဖက်များနှင့် အတူတကွလုပ်ဆောင်နေပါတယ်။
မဟာမိတ်များ သို့ ရန်သူများကိုခေါ်ဆိုရန် ရှောင်ရှားနေစဉ် GIDEသည် အမေရိကန်ကို နေ့စဉ် စိန်ခေါ်နေသည့် နျူကလီးယားလက်နက်ပိုင် နိုင်ငံနှစ်ခုကို တုန့်ပြန်ဖို့ ကူညီပေးပြီး ၂၀၂၂အစောပိုင်းတွင် အတည်ပြုချက်အတွက် အဆင်သင့်ဖြစ်ပြီဟု ဗိုလ်ချုပ် VanHerckက Engadget အစီအရင်ခံစာတွင် ပြောကြားခဲ့ပါတယ်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။