ကာတာနိုင်ငံ ကန္တာရ အတွင်းတွင် စွန့်ပစ်ထားသည့် ဦးထုပ်နှင့် ဆင်တူသည့် AI Thumama အားကစားကွင်းဟာ FIFA 2022 ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးအတွက် မကြာမီက ပြီးစီးခဲ့ပြီး အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။
ဒီ ဘောလုံးကွင်းကြီး၏ ဆွဲဆောင်မှုရှိသည့် ဒီဇိုင်းကို ပရိသတ်များနှင့် အားကစားသမားများ သက်တောင့်သက်သာရှိသော အပူချိန်တွင် ထိန်းသိမ်းနိုင်ဖို့ အရှေ့ အလယ်ပိုင်း ဒေသ တခွင်တွင် ဝတ်ဆင်လေ့ ရှိသည့် ရိုးရာ ခေါင်းဆောင်းဖြစ်သည့် Gahfiya ပုံစံ ဒီဇိုင်းဆွဲ တည် ဆောက် ထားတာ ဖြစ်ပါတယ်။

Al Thumama ဘောလုံးကွင်းကို ကာတာ အခြေစိုက် ဗိသုကာ ပညာရှင် Ibrahim M Jaidah က ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး နိုင်ငံ၏ မြို့တော် ဒိုဟာ အနီးတွင် တည်ရှိတာ ဖြစ်ပါတယ်။
ပရိသတ် ၄ သောင်းအထိ ဝင်ဆန့်သည့် အဆိုပါ ဘောလုံးကွင်းတွင် ကွာတား ဖိုင်နယ် ပွဲစဉ်များအပါအဝင် ဘောလုံးပွဲ ၈ ပွဲအထိ လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အားကစားဆိုင်ရာ အဆောက်အဦးများအပြင် ဗလီတလုံး၊ ခေတ်ဆန်သည့် ဟိုတယ် တလုံး နှင့် အရောင်းဆိုင်များ အတွက် နေရာများ ပါရှိမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲ ပြီးဆုံးသည်နှင့် တပြိုင်နက် ထိုင်ခုံ တဝက်ကို ဖယ်ရှားပြီး အခြားသော အားကစားပွဲများအတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဗိသုကာပညာရှင်၏ အဆိုအရ ဂါဖီယာ ဦးဆောင်းဟာ လူတို့၏ ဦးခေါင်းကို နေရောင်ခြည်မှ ကာကွယ်ပေးသည့်အတိုင်း အားကစားကွင်းဟာ ကစားသမားများနှင့် ပရိသတ်များအား ရေဖြန်းသည့်စနစ်များ၊ လေအေးပေးစက်များနှင့် ပန်ကာများပါဝင်သော ရှုပ်ထွေးသည့် အအေးပေး စနစ်များကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကစားသမားတွေဟာ လှည့်ပတ်ပြေးလွှား နေရတဲ့အတွက် ပွဲကြည့် ပရိသတ်တွေထက် ပိုအေးတဲ့ လေကို လိုအပ်ပါတယ်” လို့ လူတိုင်း သက်တောင့်သက်သာ ဖြစ်စေရန် အပူချိန် ထိန်းညှိသည့် အလုပ်ကို တာဝန်ယူထားသည့် Dr. Saud Abdulaziz Abdul Ghani က ပြောပါတယ်။
“ကျင်းပရာနေရာ တခုစီမှာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုကတော့ မတူညီတဲ့ နေရာတွေအတွက် မှန်ကန်တဲ့ နည်းပညာနှင့် အပူချိန် ရရှိနိုင်အောင် ဖြည့်ဆည်းပေးဖို့ပါပဲ”

“AL Thumama တွင် အေးမြသော လေဟာ ပရိသတ်များနှင့် ပိုပြီး နီးကပ်ပါတယ်။ ဒီမှာတော့ ကျွန်တော်တို့ဟာ ထိုင်ခုံအောက်ရှိ လေအေးများကို ပြန်လည် သန့်စင် အသုံးပြုပါတယ်။” လို့ ၎င်းက ဆက်ပြောပါတယ်။
သဲကန္တာရတွင် ကြီးမားသော အားကစားကွင်းများ တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး အထူး “ရေရှည်တည်တံ့မှုနှင့် ဆိုင်သည့်” ရည်ရွယ် ချက်ဖြင့် တည်ဆောက် ထားတာ မရှိပေမယ့် ဒီကွင်းကြီးကိုတော့ ကာဗွန် ထုတ်လွှတ်မှုကို လျှော့ချ ပေးသည့် ထူးထူး ခြားခြား ဒီဇိုင်း ဖြင့် ဆောက်လုပ်ထားတာကို တွေ့ရပါတယ်။

ပတ်ဝန်းကျင်နှင့် ဘောလုံးကွင်းတဝိုက် ဖုံးအုပ်ထားသည့် အပင်နှင့် သဘာဝပေါက်ပင်များကို ရေပေးဝေမှု စနစ်တွင် Greywater လို့ခေါ်သည့် ရေဆိုးများမှ ပြန်လည် ထုတ်ယူထားသည့် ရေကို အသုံးပြုထားပြီး ဘောလုံးကွင်းအတွက် အသုံးပြုရန် အနီးတွင် တပ်ဆင်ထားသည့် ဆိုလာပြားကြီးများမှ လျှပ်စစ်မီး တစိတ်တပိုင်း ရယူထားတာ ဖြစ်ပါတယ်။
သီးခြားရှိသည့် ဆိုလာ ပြားကြီးများဟာ အဆောက်အဦးအတွင်းရှိ လေအေးပေးစနစ်ကိုလည်း စွမ်းအင်ပေးထားပါတယ်။
ဖီဖာ 2022 ကမ္ဘာ့ဖလားအတွက် ကြိုတင်ပြင်ဆင်မှုများဟာ ကြီးမားသောလုပ်ဆောင်မှုများ ဖြစ်ပြီး Diamond in the Desert နှင့် Zaha Hadid ၏ Al Wakrah ဘောလုံးကွင်းတို့ ကဲ့သို့ ပြောင်မြောက်သော စီမံကိန်းများကို ဖြစ်ပေါ် စေခဲ့ပါတယ်။

ဒါပေမယ့် စီမံကိန်းဟာ အငြင်းပွားစရာ ကိစ္စတွေ မရှိတာတော့ မဟုတ်ပါဘူး။
လုပ်သား အသက်အန္တရာယ်ထိခိုက်မှုနှင့် ညံ့ဖျင်းသည့် အခြေအနေများနှင့် ပတ်သက်ပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် သတင်းများလည်း ထွက်ပေါ် လျက်ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။