လောင်စာဖြည့်ခြင်း
သိပ္ပံပညာရှင်တွေက အင်္ဂါဂြိုဟ် ပေါ်က လေထုကို ဒုံးပျံလောင်စာအဖြစ် ပြောင်းလဲနိုင်တဲ့ လှည့်ကွက်တစ်ခုကို တီထွင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အာကာသယာဉ်ဟာ သူ့ရဲ့အပြန်ခရီးအတွက် အပိုလောင်စာများ သယ်ဆောင်ရန် မလိုအပ်တာကြောင့် အဲ့ဒါဟာ အကျိုးသက်ရောက်မှုရှိပါတယ်။
ဓာတု ဓာတ်ကူပစ္စည်း အသစ်တွေကို သုံးတဲ့ ဓာတ်ပေါင်းဖိုဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မီသိန်းနဲ့ အီသလင်းအဖြစ်သို့ အကျိုးရှိစွာပြောင်း လဲစေနိုင်ပြီး ဖန်လုံအိမ် ဓာတ်ငွေ့ကို လောင်စာ၊ စွမ်းအင်၊ သိုလှောင်ရုံနဲ့ ပလတ်စတစ်တွေ အတွက် အသုံးဝင်တဲ့ အဆောက် အဦး အဖြစ် ပြောင်း လဲစေတယ်လို့ ယခုလအစောပိုင်းတွင် Nature Communications ဂျာနယ်တွင် ထုတ်ဝေခဲ့တဲ့ သုတေသနအရ သိရပါတယ်။

စိတ်ဝင်စားစရာမှာ မီသိန်းဓာတ်ငွေ့ပြောင်းလဲမှုဟာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းက ရှူသွင်းလို့မရတဲ့ လေကို လောင်စာအဖြစ်ပြောင်းလဲရန် အသုံးပြုတဲ့ နည်းစနစ်နဲ့တူပါတယ်။
ဒါပေမယ့် ဦးဆောင် လေ့လာသူ စာရေးဆရာနဲ့ Cincinnati တက္ကသိုလ် ဓာတုအင်ဂျင်နီယာ Jingjie Wu တို့မှာ ပိုပြီး ကြီးမားတဲ့ ရည်မှန်း ချက်ပန်းတိုင်တွေရှိပါတယ်။
သူက ဓာတ်ပေါင်းဖိုဟာ အင်္ဂါဂြိုဟ် ပေါ်ရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် ကြွယ်ဝတဲ့ လေထုကို အမှုထမ်းတစ်ဦးရဲ့ အပြန်ခရီး အတွက်ဖြစ်စေ၊ အိမ်နဲ့ ပိုပြီးဝေးတဲ့ နေရာတွေကို သွားလာနိုင်ဖို့ ကူညီပေးဖို့ အတွက် ဖြစ်စေ ဒုံးပျံလောင်စာအဖြစ် ပြောင်းပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။
ဒါဟာ အင်္ဂါဂြိုဟ် ပေါ်က ဓာတ်ဆီဆိုင်နဲ့တူပါတယ်။ ဒီဓာတ်ပေါင်းဖိုကနေတစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အလွယ်တကူစုပ်ထုတ်နိုင်ပြီး ဒုံပျံအတွက် မီသိန်းထုတ်ပေးနိုင်ပါတယ်လို့ Wu က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့ပါတယ်။
လက်တွေ့အသုံးချမှုများ
အင်္ဂါဂြိုဟ် သို့သွားမယ့်မစ်ရှင်ဟာ လောင်စာတစ်ဝက်သာ သယ်ဆောင်ရန်လိုအပ်ပြီး အာကာသယာဉ်ရဲ့အလေးချိန်ကို သိသိသာသာလျှော့ချနိုင်ပြီး အာကာသယာဉ်ပျံတွေကို စျေးသက်သက်သာသာနဲ့ ပိုမိုအကျိုးရှိစေတယ်လို့ Wu က ပြောကြားခဲ့ပါတယ်။

သို့သော် ဒီစနစ်ဟာ ကမ္ဘာပေါ်တွင် အရေးပါတဲ့ အသုံးချမှုများလည်း ရှိတယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
ပြောရရင်တော့ သူက သူ့ရဲ့နည်းပညာကို လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားတဲ့နည်းလမ်းတစ်ခုအဖြစ် တွေ့ရှိခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေပြီး သန့်စင်တဲ့စွမ်းအင်အရင်းအမြစ် ဒါမှမဟုတ် ဓာတု အဆောက်အအုံ တည်ဆောက်မှုအဖြစ် ပိုကောင်းတဲ့ အသုံးပြုမှုတွေ ဖြစ်ပေါ်စေပါတယ်။
သူရဲ့ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့မှ မီသိန်းသို့ ပြောင်းလဲခြင်းဟာ ဆိုလာနဲ့ လေစွမ်းအင်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ပိုမိုယုံကြည်စိတ်ချရတဲ့ ဓာတု ဘက်ထရီတစ်မျိုးအဖြစ်တောင် ကူညီနိုင်လိမ့်မယ်လို့ သူကပြောခဲ့ပါတယ်။
အခုကျွန်တော်တို့မှာ မသုံးလိုက်ရတဲ့ ပိုလျှံနေတဲ့ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တွေ ရှိပါတယ်။
ဒီပိုနေတဲ့ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို ဓာတုပစ္စည်းတွေထဲမှာ သိုလှောင်ထားနိုင်တယ်လို့ Wu က ထုတ်ပြန်ချက်မှာပြောကြားခဲ့ပါတယ်။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။