ညစ်ညမ်းတဲ့လေထု၏ လူ့သက်တမ်းအပေါ် သက်ရောက်နေမှုများ

Article Science

ညစ်ညမ်းတဲ့လေက ကျွန်ုပ်တို့ရဲ့ဘဝသက်တမ်းကို သိသိသာသာတိုစေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့မြို့ကြီး အများစုမှာရှိတဲ့ လေထု အရည်အသွေးဟာ အတော်လေး အခြေအနေ ဆိုးနေပါတယ်။

လေညှင်းခံဖို့ နှင့် အအေးခံဖို့ နေ့တိုင်း အပြင်ထွက်ပေမယ့် တကယ်တမ်းတော့ ကားအိတ်ဇောနဲ့ တခြားအန္တရာယ်ရှိတဲ့ အရာတွေကိုတော့ အမြဲလိုလို ရှူရှိုက်မိတာပါပဲ။

ပြောစရာမလိုအောင်ပဲ ဒီအရာတွေအားလုံးဟာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်လာပြီး အဆိပ်ငွေ့တွေဟာ ကျွန်ုပ်တို့ရဲ့ ခန္ဓာ ကိုယ်ကို ဖျက်ဆီးပစ်တာ သေချာပါတယ်။

အီလီနွိုက်ပြည်နယ်မှ သိပ္ပံပညာရှင်တွေက ညစ်ညမ်းတဲ့လေထုက “လူ့ကျန်းမာရေးအတွက် အကြီးမားဆုံးအန္တရာယ်” ဖြစ်ပြီး လူ့သက်တမ်းကို သိသိသာသာ လျော့ကျစေတယ်ဟု ဆိုပါတယ်။

ညစ်ညမ်းတဲ့လေထုက လူတို့ရဲ့အသက်ရှည်မှုကို မည်မျှအကျိုးသက်ရောက်သလဲဆိုတာကို သိရှိဖို့အတွက် ၎င်းတို့ဟာ ကမ္ဘာ့လေထုအရည်အသွေးညွှန်းကိန်း (AQLI) မှ ကောက်ယူရရှိတဲ့ အချက်အလက်များကို လေ့လာသုံးသပ်ခဲ့ကြပါတယ်။

ရလဒ်တွေကို အလွန် စိတ်မကောင်းဖြစ်ခဲ့ကြပြီး တကယ်လို့ လူသားတွေအနေနဲ့ ယခုထက် ပိုမိုသာယာ ကောင်းမွန်တဲ့ အ ခြေ အနေမှာ နေထိုင်ပါက ၎င်းတို့ရဲ့ အိပ်မက်များစွာကို အကောင်အထည်ဖော်နိုင်မှာပဲ ဖြစ်ပါတယ်။

လူသားတွေရဲ့ ဘဝသက်တမ်းကို လျော့ချခြင်း

စုဆောင်းရရှိထားတဲ့ ထိတ်လန့်ဖွယ်ရာ သိပ္ပံရလဒ်​တွေအရ မြို့အများစုမှာ တွေ့ရတဲ့ လေထုညစ်ညမ်းမှုဟာ လူတို့ရဲ့ အသက်ကို အနည်းဆုံး နှစ်နှစ်အထိ တိုစေပါတယ်။

ဒါ့အပြင် သုတေသီတွေက မြို့ကြီးတွေမှာ နေထိုင်သူတွေဟာ အထူးသဖြင့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဟာ ၎င်းတို့ရဲ့ အသက်ကို ဆယ်နှစ်နီးပါး လျှော့ကျစေတာကို တွေ့ရပါတယ်။

အဆိုပါ အညွှန်းကိန်းဟာ ဆယ်စုနှစ်များစွာကြာ လေထုညစ်ညမ်းမှုရဲ့ အရေးပါတဲ့ အဓိကနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနှင့် သက် ဆိုင်တယ်ဟု ယူဆနိုင်သော်လည်း ကမ္ဘာမြို့ကြီး တော်တော်များများမှာလည်း လေထုညစ်ညမ်းမှုဟာ အလွန်ဆိုးဝါးနေတာကို တွေ့ရပါတယ်။

ဒီလိုအခြေအနေတွေက တိုးတက်ကောင်းမွန်လာပုံလည်း မရပါဘူး။

အိန္ဒိယနိုင်ငံမှာ တွေ့ရတဲ့ လေထုညစ်ညမ်းမှုအကြောင်း

လေထုညစ်ညမ်းမှုဟာ ကမ္ဘာတစ်ဝှမ်းလုံးနီးပါးမှာရှိတဲ့ လူသားတို့ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဟု သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ AQLI Michael Greenstone (Michael Greenstone)ရဲ့ ပြောကြားချက်အရ

ကပ်ရောဂါလိုပဲ လေထုညစ်ညမ်းမှုက ဆိုးဆိုးရွားရွား အန္တရာယ်ရှိနိုင်တယ်ဟု ဆိုပေမဲ့လည်း အသက်ဆုံးရှုံးနိုင်တဲ့ ရောဂါတွေက ထိထိရောက်ရောက် ကာကွယ်မှုတွေနဲ့ အပြည့်အဝကုသ စောင့်ရှောက်မှု​တွေ ပေးမယ်ဆိုရင် ပျောက်ကင်းနိုင်တာ သေချာပါတယ်။

လူသားတွေအနေနဲ့ လေထုညစ်ညမ်းမှုကို သန့်စင်ဖို့ နည်းလမ်း​တွေကို ယခုထဲက စတင်ရှာဖွေခဲ့မယ်ဆိုလျှင် သန်းပေါင်းများစွာသော လူသားတွေဟာ အသက်ရှည် ပျော်ရွှင်စွာ နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အညစ်ပတ်ဆုံးလေထု

အထက်ဖော်ပြပါ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို အထူး သတိထားသင့် သော်လည်း နီပေါ၊ ပါကစ္စတန် နိုင်ငံတွေ ကိုလည်း မမေ့သင့်ပါဘူး။

လွန်ခဲ့တဲ့ နှစ် 20 အတွင်း အဆိုပါဒေသများရှိ သုတေသီများရဲ့ တွက်ချက်မှုများအရ လေထုအရည်အသွေးဟာ 44% အထိ ကျဆင်းသွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

သို့ပေမယ့်လည်း ယခုအခါမှာတော့ လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ကျဆင်းနေပြီပဲ ဖြစ်ပါတယ်။

လူတွေဟာ အတွင်းလောင်ကျွမ်းအင်ဂျင် ICE တွေနဲ့ ကားတွေကို ဆက်လက် မောင်းနှင်နေကြမယ်၊ ပလတ်စတစ် အပျက် အစီး တွေကို ဆက်လက် မီးရှို့ စွန့်ပစ်နေမယ်ဆိုရင် အနာဂတ် စိမ်းလန်းနေတဲ့ ကမ္ဘာကြီးကို တွေ့မြင်ရမှာ မဟုတ်တော့ပါဘူး။

ဒီ​လေထု ညစ်ညမ်းမှုတွေကြောင့် လူတွေရဲ့ ကျန်းမာရေးကလည်း ဆက်လက် ယိုယွင်းလာပြီး ဘဝ သက်တမ်းတွေကလည်း တိုလာနေပါတယ်။

ခက်ခဲတဲ့အခြေအနေမှာ အရှေ့တောင် အာရှနိုင်ငံတွေလည်း ပါဝင်ပါတယ်။ ခန့်မှန်းခြေအားဖြင့် လူဦးရေ သန်း 650 ရှိပြီး ၎င်းတို့ထဲမှ 89% ဟာ လေထုညစ်ညမ်းတဲ့ ဒေသတွေမှာ နေထိုင်ကြရပါတယ်။

ထိုညစ်ညမ်းတဲ့လေထုဟာ လူသားတို့ရဲ့ကျန်းမာရေးကို ကြီးမားစွာအန္တရာယ်ဖြစ်စေတယ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များက ဆိုထားပါတယ်။

၎င်းတို့အဆိုအရ 2016 ခုနှစ်ထဲက ကမ္ဘာ့လူဦးရေရဲ့ 91% ခန့်ဟာ လေထုညစ်ညမ်းမှုဆိုင်ရာ လန်းညွှန်ချက်တွေကို ကျော်လွန်နေထိုင်နေကြရတာကို တွေ့ခဲ့ရပါတယ်။

သန့်ရှင်းတဲ့လေထုကို ညစ်ညမ်းစေတာဟာ အိတ်ဇောမီးခိုးငွေ့များနှင့် စက်ရုံအလုပ်ရုံများသာမက တောမီးများပါ ပြင်းထန်စွာ သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။

2020 ရောက်ထဲက လေထုညစ်ညမ်းမှုဆိုင်ရာ ပြသာနာမျိုးစုံကို ကြုံတွေ့နေရသော်လည်း မနှစ်က ပိုမိုပြီး အပူရှိန်တက်လာခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဆိုက်ဘေးရီးယား တောမီးကြောင့်ဆိုရင် မီးခိုးမြူတွေဟာ မော်စကိုနှင့် ဝေးလံခေါင်သီတဲ့ ဒေသများအထိ ရောက်ရှိခဲ့တာပါ။ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံတွေမှာလည်း တောမီးတွေဟာ ဆက်တိုက် ဆိုသလိုပဲ လောင်ကျွမ်းတာကို မြင်တွေ့ရပါတယ်။

လူသားတွေအပေါ် လေထုညစ်ညမ်းမှုရဲ့ သက်ရောက်မှုနဲ့ ပတ်သက်ပြီး လေ့လာမှုတွေကို ပုံမှန်ပြုလုပ်နေပါတယ်။

ဥပမာ မကြာသေးမီက ပြုလုပ်ထားတဲ့ လေ့လာမှုအရ လေထုညစ်ညမ်းမှုဟာ သားအိမ်အတွင်းရှိ ကလေးငယ်များကို မည် သို့ အကျိုးသက်ရောက်ကြောင်း လေ့လာခဲ့ကြပြီး ကိုယ်ဝန် ပထမ သုံးလအတွင်း အမျိုးသမီးတွေဟာ ညစ်ညမ်းတဲ့လေ ကို ရှူရှိုက်မိပါက ကလေးကြီးထွားမှု နှောင့်နှေးနိုင်ခြေဟာ အဆများစွာတိုးလာကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒါ့အပြင် လေထုညစ်ညမ်းမှုဟာ အသက် ၄ နှစ်အထိ ကလေးများရဲ့ ကြီးထွားနှုန်းကို ထိခိုက်စေတာကို တွေ့ခဲ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.