ကုန်ကျစရိတ်ကြီးသည့် F-35 များထက် ဟောင်းပေမယ့် အသုံးဝင်နေဆဲ F-16 များ

Knowledge Military

တက္ကဆက်ပြည်နယ် ဖော့ဝို့သ်ရှိ Lockheed Martin ကော်ပိုရေးရှင်းအား နိုင်ငံခြားစစ်ဘက်ရောင်းဝယ်ရေး F-16 Foreign Military Sales (FMS) လေယာဉ်များ ထုတ်လုပ်ဖို့အတွက် ဒေါ်လာ ၆၂ ဘီလီယံတန်ကြေးရှိ ၁၀ နှစ်စာ အကန့်အသတ်မရှိအရေအတွက်ကို အကန့်အသတ်မရှိပေးပို့ရမည့် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ကနဦးအမှာစာကတော့ F-16 အစီး ၉၀ ကို ထုတ်လုပ်လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီစာချုပ်ချုပ်ဆိုမှုကို အိုဟိုင်းယိုးပြည်နည်ရှိ အမေရိကန်လေတပ် လေယာဉ်သက်တမ်းစီမံခန့်ခွဲမှုစင်တာရှိရာ ရိုက်ပက်တာဆန် လေတပ်အခြေစိုက်စခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်လေတပ်ဟာ Fighting Falcon ခေါ်တဲ့ F-16 တွေ စတင်ထမ်းဆောင်ပြီး ၄၂ နှစ်အကြာမှာ တကယ်ပဲ ဆက်လက် မှာယူအသုံးပြုဖို့ စဉ်းစားနေတာပါ။

ယခင်က ရေဒါပျောက်စနစ်မှမပါရင် မဝယ်နိုင်ပါဘူးဆိုတဲ့ ကန်လေတပ်ဟာ အခုတော့ အဖိုးနည်း လေယာဉ်တွေဝယ်ယူဖို့ ပြန်လည်စဉ်းစားနေရပါပြီ။

အဓိကကတော့ F-35 တွေဟာ ပျံသန်းဖို့ရာ ကုန်ကျစရိတ်ကြီးမားလို့ပဲဖြစ်ပါတယ်။ လေတပ်ဟာ ၂၀၂၀ ခုနှစ်များမှာ လေကြောင်းအတွက် ဗျူဟာမြောက်လိုအပ်ချက်တွေကို လေ့လာနေပြီး F-16 တွေကို ပြန်လည်မှာယူဖို့ အမှန်တကယ်တွေးတောနေတာပါ။

လက်ရှိ အမေရိကန်လေတပ်မှာ တစ်ယောက်မောင်း F-16C ၇၈၃ စင်းနှင့် F-16D 151 စင်း အပါအဝင် F-16 ပေါင်း အစင်း ၉၀၀ ကျော် တာဝန်ထမ်းဆောင်နေပါတယ်။ F-16C များရဲ့ ပျမ်းမျှသက်တမ်းကတော့ ၂၈.၇ နှစ် ရှိနေပါပြီ။

F-16 Falcon ဟာ ယခင် General Dynamics ယခု lockheed Martin က ထုတ်လုပ်ခဲ့တဲ့ အင်ဂျင်တစ်လုံးတပ် အသံထက်မြန်တဲ့ တိုက်လေယာဉ်ဖြစ်ပါတယ်။ ဒီဘက်စုံသုံးတိုက်လေ ယာဉ် ပေါင်း ခန့်မှန်းခြေ ၃၀၀၀ ကျော်လောက် နိုင်ငံ ၂၅ နိုင်ငံမှာ တာဝန်ထမ်းဆောင်နေတယ်လို့ Lockheed Martin ကဆိုပါတယ်။

ကုမ္ပဏီက ဒီလေယာဉ်တွေကို နှစ်ပေါင်း ၄၀ ကျော်အတွင်း ၄၅၈၈ စင်း အထိ ထုတ်လုပ်ခဲ့ပါတယ်။ Lockheed မှ ယခုလက်ခံရရှိလိုက်တဲ့ စာချုပ်ကြောင့် Grenville မှာ လူ ၄၀၀ လောက်ထိ အလုပ်အကိုင်ရစေမှာဖြစ်တယ်လို့ဆိုပါတယ်။

F-16 နောက်ဆုံးမျိုးဆက်တွေဖြစ်တဲ့ Block 70/72 သို့မဟုတ် F-16V တွေမှာ APG-83 AESA ရေဒါအသစ်၊ ပစ်မှတ်ကို အနီအောက် ရောင် ခြည်ဖြင့်ရှာဖွေ ထောက်လှမ်းစနစ်၊ ပျံသန်းထိန်းချုပ်ရေးဆိုင်ရာ ကွန်ပျူတာစနစ်အသစ်၊

အလိုအလျှောက် မြေပြင်နှင့်တိုက်နိုင်ခြေရှိမှုကို ရှောင်ရှားနိုင်သောစနစ် (ပိုင်းလော့ သတိလက်လွတ် သို့မဟုတ် မျက်စိလည်လမ်းလွဲခဲ့ပါက)
စသည့် စနစ်များတပ်ဆင်ထားပါတယ်။

F-35A Joint Striker Fighter တွေဟာ သက်တမ်းရင့်နေပြီဖြစ်တဲ့ F-16 တွေကို အစားထိုးဖို့ဖြစ်ပြီး လေတပ်တွင် နောက်ထပ် ရေဒါပျောက် စနစ်မပါသော လေယာဉ်များကို ထပ်မံတပ်တော်ဝင်ဖို့အခြေအနေ လုံးဝမရှိခဲ့ပေမယ့်

အခုတော့ နှစ်ပေါင်း ၄၀ ကျော် ပျံသန်းခဲ့ပြီးပြီဖြစ်တဲ့ F-16 တွေဟာ အဖိုးနည်း အကျိုးရှိ တိုက်လေယာဉ်တွေအဖြစ် ဆက်လက် အသုံး တော်ခံနေဦးမှာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *