အတောင်ပံနှစ်ခုပေါ်ရှိ ဆိုလာပြား အလွှာရှည်တစ်ခုက Skydweller ကို လပေါင်းများစွာ အလိုအလျောက် ပျံသန်းခွင့်ပြုမှာ ဖြစ်ပါတယ်။
အမေရိကန်ရေတပ်ဟာ Skydweller လို့ခေါ်တဲ့ လူလိုက်ပါခြင်း မရှိတဲ့ လေယာဉ်သစ် တစ်စင်းကို တည်ဆောက်နေပြီး ၎င်းဟာ တောင်ပံနှစ်ဖက်တွင် ဆိုလာပြားကြီးများ ပါဝင်မှုကြောင့် ရက် ၉၀ ကြာ ဆင်းသက်ခြင်းမရှိပဲ ပျံသန်းနိုင်တယ် လို့ သိပ္ပံပညာရှင် Newက အစီအရင်ခံစာတွင်ပြောကြားခဲ့ပါတယ်။
လေယာဉ်နောက်ကွယ်မှ ကုမ္ပဏီ Skydweller Aero သည် အမေရိကန်-စပိန် လေကြောင်းအာကာသ နည်းပညာဖွံ့ဖြိုးဆဲ ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန် ရေတပ်အား ၎င်း၏ သင်္ဘောများပတ်လည်ရှိ နေရာများကို အစဉ်အမြဲစောင့်ကြည့်နေရန် ဖြစ်ပါတယ်။
လေထဲတွင် ကြာရှည်စွာနေနိုင်ရန် အတောင်ပံ၂၃၆ ပေရှည်သော အဆိုပါ လေယာဉ်များသည် စတုရန်းပေ ၂,၉၀၀ (၂၆၉.၄၁၈၈ မီတာ) ရှိသော photovoltaic ဆဲလ်(ဆိုလာဆဲလ်)များ တပ်ဆင်ထားပြီး ၎င်းသည် ဓာတ်အား၂ ကီလိုဝပ်အထိထုတ်လုပ်ပေးနိုင်ပါတယ်။

Skydweller Aero ၏ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်သည် ရာသီဥတုဆိုးရွားရာ နေရာသို့ ကြာရှည်စွာ ဖြတ်သန်းသွားရပါက ဟိုက်ဒရို ဂျင်လောင်စာ ဆဲလ်များနှင့် ပြင်ဆင်ရန်လည်း အရံအဖြစ် စီစဉ်ထားပါတယ်။
Skydweller သည် ၂၀၁၅ နဲ့ ၂၀၁၆တွင် ကမ္ဘာပတ်ခဲ့သော လူလိုက်ပါသည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်တစ်စင်း ဖြစ်တဲ့ Solar Impulsed 2 ကို အသစ် ပြန်လည် ပုံဖော် ထားတာ ဖြစ်ပါတယ်။
Skydweller Aero ၏ တည်ထောင်သူ John Parkes နဲ့ Robert Millerတို့သည် သူတို့ရဲ့ ကိုယ်ပိုင်လေယာဉ် မထုတ်လုပ်မီ ဆွစ်ဇာလန် Solar Impulse ပရောဂျက်ရဲ့ အသိပညာနဲ့ စက်ပစ္စည်းများကို ဝယ်ယူခဲ့ပါတယ်။
ဆိုလာလေယာဉ်များသည် အမေရိကန် ရေတပ်အတွက် ကုန်ကျစရိတ် အလွန်ချွေတာရာ ရောက်ပါတယ်။
Skydweller အတွက် ကုမ္ပဏီဟာ လေယာဉ်မှူး မလိုတော့ပဲ အကွာအဝေး ပိုမို ဝေးကွာစွာ သွားနိုင်ပြီး ဝန်များကို ပိုမို တင်ဆောင်နိုင်ပါတယ်။
Aviation Today၏ အဆိုအရ လေယာဉ်သစ်သည် ခန့်မှန်းခြေအားဖြင့် ၈၀၀ ပေါင် (၃၆၀ ကီလိုဂရမ်) ရှိသော ရေဒါနှင့်ကင်မရာပစ္စည်းများကို တင်ဆောင်နိုင်ပါတယ်။

ကျွန်တော်တို့အတွက် သင်ဟာ လေယာဉ်တစင်းကို ရက် ၉၀ကြာ ပျံသန်းနိုင်မယ်ဆိုရင် လေယာဉ် အဆင်းအတက် နှစ်ခုအတွက် အခြားလေယာဉ်များမှာ ရာနဲ့ချီသွားနိုင်တယ်လို့ John Parkesက ဇွန်လတွင် Aviation Today ကို ပြောကြားခဲ့ပါတယ်။
မိုင်ထောင်ချီ ပျံသန်းနိုင်ခြင်းနှင့် ဧရိယာတစ်ခုပေါ်တွင် ရက်ပေါင်း ၃၀ မှ ၆၀ အတွင်း ဆက်လက် တည်ရှိနေပြီး ပျံသန်းလာခြင်းဟာ ခြားနားတယ်လို့ Parkes က ဆက်ပြောခဲ့ပါတယ်။
ကျွန်တော်တို့မှာ ရှိနေတဲ့ အမျိုးသားလုံခြုံရေးတာဝန်တွေ အများကြီးလုပ်ရတာရဲ့ကုန်ကျစရိတ် အားလုံးကို ကြည့်တဲ့အခါမှာ အမေရိကန်အစိုးရအတွက် ကုန်ကျစရိတ် လွန်စွာ သက်သာစေပါတယ် လို့လည်း ပြောခဲ့ပါတယ်။
Skydweller Aeroက လာမယ့်လများအတွင်း အလိုအလျောက်ပျံသန်းခြင်း၊ ဆင်းသက်ခြင်းများစမ်းသပ်ရန်နှင့် အပြည့်အဝ အလိုအလျောက်ပျံသန်းမှု စစ်ဆေးမှုများကို ရည်ရွယ်ထားပါတယ်။
စမ်းသပ်မှုများပြီးတာနဲ့ ၎င်းက တစ်ကြိမ်လျှင် ရက် ၉၀ သို့မဟုတ် အဲ့ဒီ့ထက်မက လည်ပတ်ရန် ရည်မှန်းချက်ဖြင့် တာရှည်ခံနိုင်ရည် စမ်း သပ်ခြင်းကို စတင်ပါလိမ့်မယ်။
စစ်တပ်နဲ့ အာကာသနည်းပညာများတွင် မကြာခဏဖြစ်ပွားလေ့ ရှိသည့်အတိုင်း ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံး ပျံသန်းမှုအတွက် အဟန့် အတားဖြစ်စေသော နည်းပညာသစ်သည် အရပ်သားလေယာဉ်များအား တစ်နည်းမဟုတ် တစ်နည်း အားဖြည့်ပေးနိုင်မည့် နည်းလမ်းကို နောက်ဆုံးတွင်တွေ့ရှိပါလိမ့်မယ်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။