လေယာဉ်တွေ မြေပြင်မှာ ရှိနေချိန် လုပ်ဆောင်ရသည့် ကိစ္စများ

Article Knowledge

လေကြောင်းလိုင်းများဟာ လေယာဉ်များ၏ ပျံသန်းချိန်မှာ ဝင်ငွေရှာဖွေရတဲ့ အတွက် တတ်နိုင်သမျှ လေပေါ်တွင် ရှိစေရန် ဆန္ဒရှိကြပါတယ်။

ထို့ကြောင့် လေယာဉ်များဟာ မြေပြင်တွင် ကုန်ဆုံးမည့် အချိန်ကို လျှော့ချနိုင်ဖို့အတွက် ထိရောက်ပြီး စနစ်တကျ ပုံဖော်ထားသည့် လေဆိပ်တွင်း လည်ပတ်မှုရှိရန် လိုအပ်ပါတယ်။

လေဆိပ်မှာ ဆိုက်ရောက် ပြီး ထွက်ခွာမည့် လေယာဉ်တိုင်းဟာ turnaround process လို့ခေါ်သည့် လုပ်ငန်းစဉ် ကို လုပ် ဆောင်ကြလေ့ ရှိပါတယ်။

ခရီးသည်များ ချပေးခြင်း အသစ်တင်ခြင်း၊ ကုန်တင် ကုန်ချခြင်း အပြင် လေယာဉ်အား သန့်ရှင်းရေး လုပ်ခြင်း၊ စစ်ဆေးပြင် ဆင်ခြင်း၊ ဆီဖြည့်ခြင်း၊ အခြား လေယာဉ်ပေါ် လိုအပ်သည်များ ပြန်လည် ဖြည့်တင်းခြင်း စသည့် လုပ်ငန်းစဉ်များကို မတူညီသည့် အဖွဲ့အစည်းနှင့် ကုမ္ပဏီများက လုပ်ဆောင်ပေးကြပါတယ်။

ဒါပေမယ့် အဆိုပါ ကုမ္ပဏီ နှင့် အဖွဲ့အစည်းများဟာ သတ်မှတ်ထားသည့် အချိန်အတိုင်း ပြီးမြောက်တော့ လုပ်ဆောင် ရမှာပါ။

Short-haul နှင့် long-haul ကွာခြားပုံ

Short-haul နှင့် long-haul လို့ခေါ်တဲ့ ခရီးတိုနှင့် ခရီးရှည်များရဲ့ လုပ်ငန်းလည်ပတ်မှု ပုံစံဟာ ယေဘုယျအားဖြင့် တူညီပေမယ့် ကွဲပြားမှုတွေ ရှိပါတယ်။

ခရီးတို ပျံသန်းမှုများဟာ အမြဲတမ်း လောင်စာဆီ ဖြည့်တင်းဖို့ မလိုအပ်ပေမယ့် ခရီးရှည် ပျံသန်းမှုများကတော့ လောင်စာဆီ ဆိုက်ရောက်တိုင်း ဖြည့်တင်းရန် လိုအပ်ပါတယ်။

အလားတူ လေယာဉ်ပေါ်ပါ ဝန်ဆောင်မှု အတွက် လိုအပ်သည့် အစားအစာနှင့် အခြား ပစ္စည်းများဟာလည်း ခရီးတို ပျံသန်းမှုများတွင် ပြန်လည်ထောက်ပံ့ဖို့ သိပ်မလိုအပ်ပေမယ့် ခရီးရှည်အတွက်တော့ ယေဘုယျအားဖြင့် လိုအပ်ပါတယ်။

များသောအားဖြင့်တော့ အခေါက်ခေါက် အခါခါ သွားနိုင်သည့် ခရီးတို ပျံသန်းသည့် လေယာဉ်များ၏ အိမ်သာများကို ခရီးရှည် ပျံသန်းမှုများလောက် သန့်ရှင်းရေး လုပ်နိုင်မှာ မဟုတ်ပါဘူး။

ခရီးတိုပျံသန်းမှုများဟာ ၂၅ မိနစ်မှ ၃၅ မိနစ်လောက်အတွင်း ရှိတတ်ပြီး ခရီးရှည် ပျံသန်းမှုများကတော့ မိနစ် ၉၀ မှ ၂ နာရီဝန်းကျင်လောက် ရှိနိုင်ပါတယ်။

လေယာဉ် ဆိုက်ရောက်ခြင်း

မြေပြင် ဝန်ထမ်းများဟာ လေယာဉ်မှ လေဆိပ်သို့ ချဉ်းကပ်လာတာနှင့် ပြင်ဆင်မှုတွေ ပြုလုပ်ရပြီး တိုက်ရိုက် အချက် အ လက် ပြပေးနေသည့် စနစ်များမှ တဆင့် မည်သည့် ဂိတ်ပေါက်မှာ ကြိုတင် စောင့်ဆိုင်းရမယ်ဆိုတာကို သိရှိကြပါတယ်။

အဲဒီ့နောက် ၎င်းတို့ဟာ မျက်မြင်အားဖြင့် လေယာဉ် ဆိုက်ကပ်မည့် နေရာတွင် လေယာဉ်ကို ထိခိုက်စေနိုင်မည့် အမှိုက်သ ရိုက် များ ရှိမရှိ စစ်ဆေးရပါတယ်။

Marshalling လုပ်ပေးနေသည့် ယာဉ် တစင်းအား တွေ့ရစဉ် Image: Courtesy of Wiki Commons

အဲဒီ့နောက်မှာတော့ ၎င်းတို့ဟာ လေယာဉ် ဆိုက်ရောက်မည့် နေရာ အတိအကျ ရောက်ရှိနိုင်ဖို့ docking system များကို လေယာဉ်အမှုထမ်းများအတွက် အဆင်သင့် ပြုလုပ်ထားရပြီး တကယ်လို့ ဒီလို စနစ်မရှိပါက Marshaller လို့ခေါ်သည့် အမှုထမ်း သို့မဟုတ် ယာဉ် တစီးစီးက လေယာဉ်အား လမ်းပြ ညွှန်ကြား ပေးရမှာ ဖြစ်ပါတယ်။

အဲဒီ့နောက် လေယာဉ်ပေါ်မှ အနီရောင် မှိတ်တုတ်မှိတ်တုတ် မီးများ ပိတ်ကာ လေယာဉ်အနီးသို့ ချဉ်းကပ်ရန် အန္တရာယ်ကင်းကြောင်း အချက်ပြသည့်အခါ မြေပြင် အမှုထမ်းများဟာ ကောင်းမွန်စွာ လေ့ကျင့်ထားသည့် အတိုင်း လုပ်ဆောင်ရပါတယ်။

၎င်းတို့မှ ဘီးများကို ချုပ်ထားခြင်း၊ လေယာဉ်၏ အထိခိုက် မခံနိုင်သည့် နေရာများကို အကာအကွယ်များ စွပ်ခြင်း နှင့် ပြင်ပ စွမ်းအင်စနစ်ကို ချိတ်ဆက်ပေးခြင်းများ ပြုလုပ်ပေးရပါတယ်။

တကယ်လို့ လေယာဉ်ဟာ jet bridge လို့ခေါ်တဲ့ တံတားမျိုးတွင် ရပ်ပါက ၎င်းနှင့် ချိတ်ဆက် ပေးရမှာ ဖြစ်ပါတယ်။ သို့မ ဟုတ် ပါက ခရီးသည်များ ဆင်းသက်နိုင်စေရန်အတွက် လှေကားများကို စီစဉ်ပေးရမှာပါ။

အချို့ လေယာဉ်များတွင်တော့ ဒီလို လုပ်ငန်းစဉ်ကို မြန်ဆန် နိုင်စေရန်အတွက် ချနိုင် တင်နိုင်တဲ့ လှေကားများ တံခါးတွင် တပ်ဆင်ထားပါတယ်။

အဲဒီ့နောက်မှာတော့ ခရီးသည်များကို လေယာဉ် အမှုထမ်းများက နှုတ်ဆက်ကြပြီး မြေပြင် အမှုထမ်းများကတော့ ခရီးဆောင်အိတ်များနှင့် ကုန်စည်များကို စတင် ချရပါတယ်။

Jet Bridge တခုတွင် ဆိုက်ကပ်ထားပုံ

သန့်ရှင်းရေးသမားများကလည်း ခရီးသည်များ နောက်ကွယ်မှ လေယာဉ်ပေါ်သို့ တက်ပြီး ထွက်ခွာမည့် လေယာဉ်ခန်းများကို ပြန်လည် ပြင်ဆင်ပေးရပါတယ်။

လေယာဉ် မောင်/မယ်များမှ လေယာဉ် လုံခြုံရေး ဆိုင်ရာ စစ်ဆေးခြင်းကို လုပ်ဆောင်ရပြီး လေယာဉ် အမှုထမ်းများက လေယာဉ်ပျက်စီးမှု သို့မဟုတ် ပြဿနာ တစုံတရာ ရှိမရှိကို လေယာဉ်၏ ပြင်ပတွင် မျက်မြင် စစ်ဆေးရပါတယ်။

တကယ်လို့ လေယာဉ်ဆီ ဖြည့်တင်းဖို့ လိုအပ်သည့် ပမာဏထက် လျော့နေပါက ရောက်ရှိပြီး မကြာခင်မှာ စတင် ဖြည့်တင်းပါတယ်။

လေယာဉ် ထွက်ခွာခြင်း

လေယာဉ် မထွက်ခွာမီတွင် လေယာဉ်ဟာ သန့်ရှင်းပြီး၊ စစ်ဆေးပြီးသည် နှင့် ခရီးသည် သစ်များ၊ ခရီးဆောင်အိတ်များ၊ အ စား အသောက်များ၊ လောင်စာဆီ နှင့် ကုန်ပစ္စည်းများ တင်ဆောင်ပြီး ဖြစ်မဖြစ် စစ်ဆေးရပါတယ်။

ပြန်လည်ထွက်ခွာဖို့ဟာ လေယာဉ် ဆိုက်ရောက်ပြီး မကြာခင် ချက်ချင်း လုပ်ဆောင်ရတာ ဖြစ်ပြီး ပါလာသည့် ခရီးသည်များ ဘယ်ဘက်မှာ ဆင်းနေပါက မြေပြင် အမှုထမ်းများဟာ ညာဘက်တွင် အလုပ်စတင် လုပ်နေရပြီ ဖြစ်ပါတယ်။

အစားအသောက်များ တင်ဆောင်သည့် ယာဉ်ဟာ လေယာဉ်အတွက် လိုအပ်သည်များကို ဖြည့်တင်းနေချိန်တွင် လောင်စာဆီ ဖြည့်တင်းမှု လုပ်ငန်းစဉ်ဟာလည်း စတင်နေပါပြီ။

ခရီးဆောင်အိတ်များ လေယာဉ်မှ ချခြင်း လုပ်ငန်းစဉ်မှ နောက်ဆုံး တအိတ် ပြီးစီးတာနှင့် ခရီးဆောင် အိတ်အသစ်များ တင် ဆောင်မှု စတင်ပါတယ်။ ကုန်ပစ္စည်းများကိုလည်း အလားတူပင် လုပ်ဆောင်ပါတယ်။

အမှုထမ်းများဟာ ၎င်းတို့၏ စစ်ဆေးမှုများ ပြီးစီးသည်နှင့် လေယာဉ်အတွင်းသို့ ခရီးသည်များကို အမြန်ဆုံး ထိုင်နိုင်စေရန် စီစဉ်ပေးပါတယ်။

ကုန်တင်လေယာဉ် လုပ်ငန်းစဉ်

ကုန်တင်လေယာဉ်များဟာ turnaround လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ခရီးသည်တင် လေယာဉ်များကဲ့သို့ တူညီသည့် လုပ် ငန်းစဉ်များစွာကို ဖြတ်သန်းရပါတယ်။

ခရီးသည်တင် လေယာဉ်များကဲ့သို့ပင် တူညီသည့် ဘေးကင်းရေး လုပ်ငန်းစဉ်များ လိုအပ်ပြီး စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း နှင့် လောင်စာဆီ ဖြည့်တင်းခြင်းများ ပြုလုပ်ရသည့်အပြင် မြန်နိုင်သမျှ မြန်မြန် ပြန်ထွက်နိုင်ဖို့ ဖိအားများအောက်တွင် အလုပ်လုပ်ရပါတယ်။

ကုန်တင်လေယာဉ်တစင်း ကုန်တင်ကုန်ချ ပြုလုပ်နေပုံ

ကုန်တင် ကုန်ချ လုပ်ငန်းစဉ်များအတွက် ကြာမြင့်ချိန်ကတော့ လေယာဉ်၏ အရွယ်အစား နှင့် တင်ဆောင်သည့် ကုန်ပစ္စည်းများ အပေါ်မူတည်ပြီး ကွဲပြားကြပါတယ်။

ပုပ်သိုးလွယ်သည့် ကုန်ပစ္စည်းပေါင်း များစွာဟာ လေကြောင်းမှ တဆင့် ပို့ဆောင်ကြသည့်အတွက် ၎င်းတို့၏ တည်နေရာကို ရောက်ရှိနိုင်ဖို့ ကုန်တင်လေယာဉ် လုပ်ငန်းစဉ်များမှာ ဖိအားတွေ များစွာ ရှိပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *