နှင်းမုန်တိုင်းတွေ အကြောင်း ပိုမို လေ့လာနိုင်ဖို့ အတွက် လေယာဉ်နှစ်စင်း လိုအပ်တယ်လို့ NASA က ဆိုပါတယ်။
NASA ဟာ လေယာဥ်တွေကို ပြတင်းပေါက် မပါတဲ့ မော်ဒယ်များဖြစ်တဲ့ X-59 QueSST ကဲ့သို့ လေယာဉ်များ ကိုပင် တီ ထွင် ဖန်တီးနိုင်တဲ့ အတွက်ကြောင့် လူသိများပါတယ်။
ဒါတွေကြောင့် ၎င်းတို့ရဲ့ အထင်ကြီးစရာ ကောင်းတဲ့ လေယာဉ်တွေဟာ နှင်းမုန်တိုင်းထဲသို့ ပျံသန်း နိုင်တာဟာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
NASA ရဲ့ ပြောကြားချက် အရ အဆိုပါ လေယာဉ် အမျိုးအစားတွေကို ရာသီဥတု သတင်းပို့ဖို့ အတွက် အသုံးပြု ကြသည့်အပြင်
၎င်းတို့ဟာ Maryland၊ Greenbelt ရှိ NASA ရဲ့ Goddard Space Flight Center မှာ အခြေစိုက်တဲ့ အတ္တလန္တိတ် ကမ်းရိုး တန်း-ခြိမ်းခြောက်မှုမုန်တိုင်းများ (IMPACTS) အတွက် မိုးရွာသွန်းမှုနှင့် မိုးရွာသွန်းမှုဆိုင်ရာ အာကာသ အေဂျင်စီရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ဘာကြောင့် ဂြိုလ်တုတွေ အသုံးမပြုတာလဲ။
NASAဟာ လေယာဉ်မှူးတွေကို အန္တရာယ်ဖြစ်စေသော်လည်း ဂြိုလ်တုတွေကို အဘယ်ကြောင့် အသုံးမပြုရသလဲဆိုတာ ကျွန်ုပ်တို့ အနေနဲ့ အံ့သြစရာတော့ ကောင်းနေပါတယ်။
NASA နှင့် ၎င်းတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အာကာသမှ မိုးရွာသွန်းမှုကို တိုင်းတာနိုင်တဲ့ ဂြိုလ်တုများစွာ ရှိတာ အမှန်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဂြိုလ်တုတွေဟာ တကယ့် နှင်းပွင့် အမှုန့်အမွှားတွေနှင့် တိမ်တွေ ကြားက ဖြစ်ပေါ် လာတဲ့ အမှုန်အမွှားတွေ အ ကြောင်း အများကြီးမပြောနိုင်ဘူးလို့ Goddard ရှိ IMPACTS ရဲ့ လက်ထောက် စုံစမ်းစစ်ဆေးရေးမှူး တစ်ဦးဖြစ်တဲ့ Gerry Heymsfield က ဆိုပါတယ်။
ကွဲပြားသော်လည်း ပြီးပြည့်စုံတဲ့ လေယာဉ်နှစ်စင်း
ဒါ့ကြောင့် IMPACT ဟာ သိပ္ပံနည်းကျ ကိရိယာများဖြင့် တပ်ဆင်ထားတဲ့ လေယာဉ်နှစ်စင်းကို အသုံးပြုခဲ့ပါတယ်။

ပထမတစ်စင်းကတော့ NASA Armstrong Flight Research Center ရဲ့ ER-2 ဖြစ်ပါတယ်။
အဆိုပါ လေယာဉ်ကို ဂြိုလ်တုတွေပေါ်ရှိ ကိရိယာတွေ တပ်ဆင်ထားကာ ပိုမိုမြင့်မားတဲ့ spatial resolution၊ ထပ်လောင်းတိုင်းတာမှုစွမ်းရည်နှင့် မကြာခဏနမူနာယူခြင်းတို့လုပ်ဆောင်လို့ရအောင် ပြင်ဆင်ထားပါတယ်။
၎င်းကို တိမ်တိုက်တွေ အပေါ်ကနေဖြစ်ဖြစ်၊ မုန်တိုင်းတွေရဲ့ အပေါ်ကနေဖြစ်ဖြစ် အောက်ကို ရှုမြင်နိုင်ဖို့ ရည်ရွယ်တယ်ဟု သိရပါတယ်။
ဒုတိယလေယာဉ်ကတော့ P-3 Orion ဖြစ်ပြီး ၎င်းဟာ တိမ်တွေတစ်လျှောက် နှင်းမှုန်တွေရဲ့ အရွယ်အစားနှင့် ပုံသဏ္ဍာန်အပြင် အပူချိန်၊ ရေခိုးရေငွေ့နှင့် ၎င်းတို့ဖြစ်ပေါ်လာရတဲ့ အခြား အခြေအနေများကို တိုင်းတာပါတယ်။

“IMPACTS ကဲ့သို့သော ပရောဂျက်တစ်ခုဟာ ရုပ်ထွက်ပိုမြင့်၊ ပိုမိုတိကျမှုတွေ အမှန်တကယ် တိုင်းတာ ပေးနိုင်တာတွေကြောင့် များစွာအထောက် အကူပြုတယ် ” ဟု IMPACTS လက်ထောက် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးဖြစ်တဲ့ John Yorks က ပြောကြားခဲ့ပါတယ်။
NASA ဟာ ၎င်းတို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေယာဉ်တွေမှာ များစွာ ရင်းနှီးမြုပ်နှံ ထားပြီး ရလဒ်တွေ ကလည်း ကောင်းမွန်တိကျတယ်ဟု ဆိုပါတယ်။
နှင်းမုန်တိုင်းတွေဟာ ရှုပ်ထွေးတဲ့ ရာသီဥတု ဖြစ်စဉ်တွေ ဖြစ်တဲ့ အတွက်ကြောင့် ၎င်းတို့ကို အမှန်တကယ် နားလည်ဖို့ နှင့် ကြိုတင်ခန့်မှန်းမှုတွေပြုလုပ်ကာ
မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ပျက်စီးဆုံးရှုံးမှုနှင့် အန္တရာယ်တွေ အတွက် အစီအစဉ် ဆွဲဖို့ နက်ရှိုင်းတဲ့ သုတေသနနှင့် သိပ္ပံ နည်းကျ ကိရိယာများစွာ လိုအပ်တာတော့ အသေအချာပဲ ဖြစ်ပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။