အမေရိကန် ရေတပ်၏ မျိုးဆက်သစ် တိုက်လေယာဉ် F/A-XX နှင့် ပတ်သက်သမျှ သုံးသပ်မှု ဆောင်းပါး

Article Military

အမေရိကန် ရေတပ်ဟာ လက်ရှိ အသုံးပြုနေသည့် လေယာဉ်သင်္ဘောအခြေပြု တိုက်လေယာဉ် အမျိုးအစား F/A-18E/F Super Hornet များနေရာတွင် အစားထိုးမည့် တိုက်လေယာဉ် အသစ်နှင့် ပတ်သက်သည့် သတင်းအချို့ကို ဖော်ပြခဲ့ပါတယ်။

F/A-XX (နံပါတ်မသိရသေးသဖြင့် XX ဖြင့်သာ ဖော်ပြ) မျိုးဆက်သစ် တိုက်ခိုက်ရေး ဖိုက်တာ ဂျက်တိုက်လေယာဉ် ကို ၂၀၃၀ ခုနှစ်များမှာ လက်ရှိ တိုက်လေယာဉ်များနေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။

အခုတော့ ၎င်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်အသစ်များကို ဖော်ပြခဲ့သည့်အပြင် တိုက်လေယာဉ်နှင့် ပတ်သက်သည့် စိတ်ကူး ဒီဇိုင်းကိုပါ ပြသခဲ့ပါတယ်။

ရေတပ်အဆိုအရ ပိုမို ဝေးကွာသည့် အကွာအဝေးသို့ အနာဂါတ်တွင် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ရန် အာရုံခံ စနစ် စွမ်းဆောင်ရည်များတိုးတက် လာပြီးဖြစ်သည့် ဒီတိုက်လေယာဉ်သစ်ကို လက်ရှိ အသုံးပြုနေသည့်

Super Hornet တိုက်လေယာဉ်များ၏ စစ်ဆင်နိုင်သည့် အကွာအဝေး နှင့် အမြန်နှုန်း ကို ပိုမို သာလွန်စေတဲ့ စွမ်းဆောင်ရည်ရှိစေဖို့ ဆန္ဒရှိနေပါတယ်။

ဒါ့အပြင် F/A-XX တိုက်လေယာဉ်သစ်များကို “quarterback” လို့ခေါ်တဲ့ လက်နက်များသယ်ဆောင်သည့် မောင်းသူမဲ့လေယာဉ်များ၊ အီလက်ထရောနစ်စစ်ပွဲသုံး စနစ်များတပ်ဆင် ထားသည့် မောင်းသူမဲ့လေယာဉ်များ ပါဝင်သည့် အုပ်စုများနှင့် တွဲဖက်ပြီး ထိန်းချုပ် အမိန့်ပေးမှု ဆိုင်ရာများ နှင့် ၎င်းထက်ပိုတဲ့ အသုံးပြုမှုများ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Boeing မှ F/A-XX အယူအဆ ဒီဇိုင်းတခု

အချက်အလက်အသစ်များ

ယခု အပတ်အတွင်း ရေတပ်မှ ထွက်ပေါ်လာခဲ့တဲ့ F/A-XX စီမံကိန်းရဲ့ အသေးစိတ် အချက်အလက် အသစ်များနှင့် ဒီဇိုင်း ဟာ “၂၀၃၀ မှ ၂၀၃၅ အတွင်း ရေတပ်၏ လေယာဉ်ထုတ်လုပ်မှု ဆိုင်ရာ စိတ်ကူး” လို့ ခေါင်းစဉ်တပ်ထားတဲ့ စာရွက်စာတမ်း တခုအတွင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

F/A-XX စီမံကိန်းဟာ အနည်းဆုံး ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး ယခုအခါ ၎င်းဟာ ရေတပ်၏ ပိုမိုကြီးမားသည့် Next Generation Air Dominance (NGAD) ခေါ် မျိုးဆက်သစ် ဝေဟင် လွှမ်းမိုးမှု တိုက်လေယာဉ်သစ် အတွက် ကြိုးပမ်းမှု၏ တစိတ်တပိုင်း ဖြစ်လာပါတယ်။

F/A-XX၏ စိတ်ကူး ဒီဇိုင်းအရ ၎င်း၏ အတောင်ပံဟာ Lambda (λ) ပုံစံရှိပြီး အရှေ့ တွင် canard တောင်ပံငယ် ပါဝင်ပါတယ်။

Aviation Week ၏ ကာကွယ်ရေး သတင်းဆိုင်ရာ အယ်ဒီတာ ဖြစ်တဲ့ Steve Trimble မှ အဆိုပါ လေယာဉ် ဒီဇိုင်းတွင် F-22 နှင့် ယှဉ်ပြိုင်ခဲ့သည့်

Northrop ၏ YF-23 ကဲ့သို့ ruddervator လို့ခေါ်သည့် V ပုံစံ အမြှီးပါဝင် နိုင်ပေမယ့် ပုံဟာ ကြည်လင် ပြတ်သားမှု အားနည်းတာကြောင့် သမားရိုးကျ F-22 လို ပုံစံမျိုးလဲ ဖြစ်နိုင်တယ်လို့ ထောက်ပြပါတယ်။

၎င်းတွင် ရေဒါပျောက်နိုင်သည့် လေယာဉ် တည်ဆောက်မှုနှင့် သက်ဆိုင်သည့် အခြား မေးခွန်း ထုတ်ဖွယ်ရာ ကိစ္စများလည်း အများအပြား ရှိနေပါတယ်။

ဒါ့အပြင် ရေတပ်ဟာ ယခုလို အမျိုးအစား ခွဲခြားမထားသည့် စာရွက်စာတမ်းများတွင် ထုတ်လုပ်ဖို့ ကြိုးစားဆဲ ဖြစ်သည့် အမှန်တကယ် အ ဆင့်မြင့် လေယာဉ် ဒီဇိုင်းကို ထုတ်ဖော်ပြသရန် မဖြစ်နိုင်ဘူးလို့ ယေဘုယျအားဖြင့် တွေးကြည့်နိုင်ပါတယ်။

အဲဒီလို တွေးမိရင်တောင် ယခင် တကမ္ဘာလုံး နီးပါးက ပုံဖော်ခဲ့သည့် အမြှီး မပါသည့် ယခင် F/A-XX တိုက်လေယာဉ် အယူအဆ ဒီဇိုင်းနှင့် ဘယ်လို ကွာခြားနေလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

တိုက်လေယာဉ်အတွက် လိုချင်တဲ့ စွမ်းရည်များနှင့် ပတ်သက်ပြီး ရေတပ်က အတိအကျ ဆုံးဖြတ်ဖို့ လုပ်ဆောင်နေသေးတယ်လို့ ပြောထားပေမယ့် ရေတပ်ဟာ အောက်ပါ ကန့်သတ်ချက်များကို ချမှတ်ထားပါတယ်။

သေချာပြီးသား ဖြစ်သည့် ရေတပ်၏ လိုအပ်ချက်များ

  • F/A-XX ဟာ Next Generation Air Dominance (NGAD) တွင် ပါဝင်သည့် Family of Systems (FoS) စနစ် အစုအဖွဲ့၏ တိုက်ခိုက်ရေး တိုက်လေယာဉ် ဖြစ်ပါတယ်။
  • ဒီ တိုက်လေယာဉ်ကို ၂၀၃၀ ခုနှစ်များတွင် F/A-18 E/F Super Hornet တိုက်လေယာဉ်များနေရာမှာ အစားထိုးဖို့ စီစဉ်ထားပါတယ်။
  • ၎င်းအတွက် သီးခြား စွမ်းဆောင်ရည်များနှင့် နည်းပညာများဟာ ဖွံ့ဖြိုးတိုးတက်ဆဲ ဖြစ်ပေမယ့် ခွဲခြမ်းစိတ်ဖြာမှုများအရ လေယာဉ်ဟာ ပိုမို ဝေးကွာစွာ စစ်ဆင်နိုင်ပြီး ပိုမို လျှင်မြန်ရမှာ ဖြစ်ပါတယ်။
  • passive နှင့် active အာရုံခံ နည်းပညာများကို ပေါင်းစပ်ထားပြီး အနာဂါတ်အတွက် အစီအစဉ်ဆွဲထားသည့် တာဝေးပစ် လက်နက်များကို အသုံးချနိုင်ရမှာ ဖြစ်ပါတယ်။
  • Super Hornets များ အနားယူတော့မှာ ဖြစ်တဲ့အတွက် F-35C နှင့် F/A-XX တို့ ပေါင်းစပ်မှုဟာ လေယာဉ်တင် သင်္ဘော တိုက်လေယာဉ်အုပ် အဖြစ် ရေတပ်၏ နည်းဗျူဟာမြောက် တိုက်လေယာဉ် စွမ်းဆောင်ရည်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
  • FA-XX လေယာဉ်တင် သင်္ဘောအခြေပြု တိုက်လေယာဉ် စွမ်းရည်ဟာ အဆင့်မြင့်မားတဲ့ ခြိမ်းခြောက်လာမှုများကို ရင်ဆိုင်နိုင်ပြီး အဆင့်မြင့် စွမ်းရည်ကို ရရှိနေရမှာ ဖြစ်ပါတယ်။

အထက်ပါ လိုအပ်ချက် များဟာ အဓိပ္ပါယ်ရှိပြီး တိုက်လေယာဉ် အသစ် အတွက် အကွာအဝေး နှင့် အရှိန် လိုအပ်မှုသည် လေယာဉ်တင် သင်္ဘော များဟာ စစ်ဆင်ရေးပြုလုပ်ဖို့ နေရာသို့ ရောက်ရှိရန် အချိန်ကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။

အနာဂါတ်တွင် ပိုမို ဝေးကွာစွာ ပစ်လွှတ်နိုင်သည့် ဟိုက်ပါဆိုးနစ် အလျှင်ရှိ လက်နက်များ ဖြင့် လေယာဉ်များ၏ တိုက်ခိုက်နိုင်မှု အကွာ အ ဝေး ကို ပိုမို တိုးချဲ့နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါအရာ အားလုံးဟာ F/A-XX ၏ အားနည်းချက်များကို လျှော့ချနိုင်မှာ ဖြစ်တဲ့အပြင် လေယာဉ်တင်သင်္ဘောများကို သင်္ဘောဖျက် ခရုဇ် ဒုံးကျည်များနှင့် ပဲ့ထိန်းတပ် ဒုံးကျည်များရန်မှ ပိုမို ဝေးဝေးမှာ နေနိုင်အောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

အကွာအဝေးပိုမို ဝေးကွာအောင် စစ်ဆင်နိုင်ဖို့ ထက် ပိုမိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ဖြစ်လောက်မယ့် F/A-18 Super Hornet Block III တွင် အပိုဆီတိုင်ကီများ တပ်ဆင်မှု ရပ်တန့်စေခဲ့ရသည့် လောလောဆယ် မသိရသေးသည့် ကြီးမားတဲ့ ပြသနာ အကြောင်း ဖြစ်ပါတယ်။

F/A-18 Super Hornet တစင်း

စာရွက်စာတမ်းပါ F/A-XX နှင့် Family of Systems (Fos) ဆက်စပ်သည့် အသုံးချမှုများ

ရေတပ်၏ လေကြောင်းဆိုင်ရာ စိတ်ကူး စာတမ်းသစ်တွင် F/A-XX အတွက် ရည်မှန်းချက်ဟာ အနာဂါတ် လေယာဉ်တင် သင်္ဘောအခြေပြု လေတပ်အုပ်စု အတွင်း မောင်းသူမဲ့-မောင်းသူပါ လေယာဉ်များ အဖွဲ့လိုက် လုပ်ဆောင်နိုင်မှု ဗဟိုချက် အဖြစ် ရှိနေစေရန် ဖြစ်ကြောင်း ရှင်း လင်းစွာ ဖော်ပြထားပါတယ်။

  • လေယာဉ်တွင် သယ်ဆောင်နိုင်သည့်‌ လောင်စာဆီနှင့်အတူ MQ-25 မောင်းသူမဲ့ ဆီတင်လေယာဉ်ဟာ မောင်းသူမဲ့-မောင်းသူပါ စုဖွဲ့မှု manned and unmanned teaming (MUM-T) နှင့်အတူ တိုက်ခိုက်မှု အကွာအဝေးကို မြှင့်တင်ပေးမှာဖြစ်ပါတယ်။
  • မောင်းသူမဲ့ ဆီတင်လေယာဉ်များ စွမ်းဆောင်ရည် ရှိလာသည်နှင့်အမျှ လူမောင်းနှင်သည့် လောင်စာဆီတင် လေယာဉ်များ လိုအပ်ချက် လျော့နည်းသွားမှာ ဖြစ်ပါတယ်။
  • MUM-T ဆက်လက် တိုးတက်မှုဟာ ဖြန့်ဝေထားသည့် တပ်ဖွဲ့များကို သတင်း အချက်အလက် မျှဝေမှု လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး လွတ် မြောက်နိုင်စွမ်းကို မြင့်မားစေကာ လူလိုက်ပါသည့် လေယာဉ်များ အတွက် အန္တရာယ်တွေကို လျှော့ချ ပေးပြီး လက်နက်များ ပိုမို သယ် ဆောင်နိုင်မှုပါ သေချာစေမှာ ဖြစ်ပါတယ်။
  • အနာဂါတ် မောင်းသူမဲ့လေယာဉ်များဟာ လူမောင်းနှင်သည့် လေယာဉ်များ အတွက် လွတ်မြောက်နိုင်စေမည့် ယာဉ်များဖြစ်လာကာ ၎င်းတို့မှ အာရုံခံကိရိယာများ နှင့် အကြမ်းခံနိုင်သည့် အလိုအလျှောက်စနစ်များဖြင့် မြေပြင်၊ ပင်လယ်နှင့် ရေပြင် ပစ်မှတ်များကို ရှာဖွေ၊ ပြင်ဆင်၊ ဖော်ထုတ်၊ ခြေရာခံ၊ ထိတွေ့ အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။
  • NGAD FoS အစုအဖွဲ့တွင် မောင်းသူမဲ့လေယာဉ်များဟာ F/A-XX နှင့်အတူ ရှိမှာဖြစ်ပြီး ဒီ လေယာဉ်များဟာ နည်းဗျူဟာမြောက် အကွာအဝေးတခုမှနေပြီး လက်နက်မျိုးစုံဖြင့် ပစ်ခတ်နိုင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
  • အလိုအလျှောက်စနစ်နှင့် Machine Learning နည်းပညာတို့ ရင့်ကျက်လာသည်နှင့်အမျှ F/A-XX နှင့် မောင်းသူပါ-မောင်းသူမဲ့လေယာဉ်များ ပေါင်းစည်းထားသည့် အစုအဖွဲ့ဟာ လေယာဉ်တင် သင်္ဘော အခြေပြု လေယာဉ်အုပ်စုမှ ရန်သူကို ပိုမို အန္တရာယ်ပေးနိုင်ပြီး ကုန်ကျ စရိတ်ကိုလည်း သက်သာစေဖို့ အကဲဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

F/A-XX ဟာ နောက်မှ ညွှန်ကြားသည့် လေယာဉ် ဖြစ်လာမည့် ပုံစံကို ပုံတွင် ပြသထားပြီး ဝေဟင်မှ ဝေဟင်ပစ် ဒရုန်း (“A/A”) ၂ စင်း၊ အီလက်ထရောနစ် စစ်ပွဲ (“EW”) နှင့် အခြား ကွပ်ကဲ ထိန်းချုပ်မှု (“C2”) တို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

နောက်ထပ် အချက်အလက်များ မရှိပေမယ့် C2 ဟာ ရေဒါပျောက်လေယာဉ်များနှင့် ကွန်ယက် ချိတ်ဆက်နိုင်မယ့် အဆင့်မြင့် ဆက်သွယ်ရေး စနစ်များ တပ်ဆင်ထားတဲ့ လေယာဉ် တစင်းလို့ ဆိုနိုင်ပါတယ်။

F/A-XX ကတော့ ရေဒါပျောက်မဖြစ်နိုင်ပဲ မြေပြင်၊ ရေပြင် အပါအဝင် အခြား အရာများနှင့် ဆက်သွယ်နိုင်ဖို့ ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

အဲလိုမှမဟုတ်ရင် F/A-XX ဟာ အမေရိကန် စစ်တပ်တခွင်တွင် ယခု လူသိရှင်ကြား လုပ်ဆောင်နေသည့် မောင်းသူမဲ့လေယာဉ် ထိန်းချုပ်မှု စီမံကိန်းများနှင့် ကိုက်ညီနေလို့ပါ။

အဲဒီ့ စီမံကိန်းများတွင် “loyal wingman” လို့ခေါ်တဲ့ လူမောင်းသည့် လေယာဉ်နှင့် တိုက်ရိုက် ချိတ်ဆက်မယ့် ဒရုန်းများ အပြင် လက်နက်နှင့် မောင်းသူမဲ့လေယာဉ်များ ချိတ်ဆက်ထားတဲ့ အပြည်အဝ အလိုအလျှောက် စနစ်ဖြင့် လုပ်ဆောင် နိုင်သည့် ကွန်ယက်ချိတ်ဆက်ထားသည့် လက်နက်များ အစုအဝေး စနစ်များ ပါဝင်ပါတယ်။

အဆိုပါကြိုးပမ်းမှု အများအပြားဟာ ပိုမိုကြီးမားတဲ့ အလိုအလျောက် လုပ်ဆောင်နိုင်မှုကို ဖန်တီးနိုင်ဖို့ AI နှင့် machine learning များအ တွက် လုပ်ဆောင်ခြင်းများနှင့် ဆက်စပ်နေပါတယ်။

အမေရိကန် ရေတပ်ဟာလည်း loyal wingmen ဒရုန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ ဥာဏ်ရည်တု AI မှ မောင်းနှင်သည့် ပျံသန်းမှုနှင့် MQ-25 မောင်းသူမဲ့ ဆီတင်လေယာဉ်များ နှင့် တိုက်ရိုက် ပါဝင်ပတ်သက်နေပါတယ်။

ရေတပ်ဟာ ပေါင်းစပ် အာရုံခံ ကိရိယာများ နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် Netted Emulation of Multi-Element Signature (သို့) NEMESIS လို့ အမည်ပေးထားသည့် အီလက်ထရောနစ် စစ်ပွဲ ဂေဟစနစ် တခုလုံးကို ခေတ်ပြောင်းတော်လှန်နိုင်အောင်ပါ လုပ်ဆောင်နေပါတယ်။

ပရောဂျက်၏ အဓိက အာရုံစူးစိုက်မှုမှာ ကြီးမားသော ဧရိယာများပေါ်တွင် တည်ရှိသော ရန်သူ့ အာရုံခံကိရိယာများဆီသို့ တစ်ချိန်တည်းတွင် မြင်တွေ့ရမည့် ထူးဆန်းသော လေယာဉ်များနှင့် သင်္ဘောများကို ဖန်တီးရန် ပေါင်းစပ်စွမ်းရည်ကို အသုံးပြုဖို့ ဖြစ်နိုင်ပါတယ်။

ဒါဟာ သီအိုရီအရ ရန်သူမှ ဆုံးဖြတ်ချက် ချသည့်အခါ အမှန်ဖြစ်ပျက်နေသည့် အရာနှင့် ပတ်သက်ပြီး ကြီးစွာသော ရှုပ်ထွေးမှုများကို ဖြစ်စေကာ အရေးကြီးသည့် အချိန်နှင့် အရင်းအမြစ်များကို ဆုံးရှုံးစေခြင်းဖြင့် ရန်သူအား အမှားမှားအယွင်းယွင်း ဖြစ်စေမှာ ဖြစ်ပါတယ်။

NEMESIS အောက်တွင် ချိတ်ဆက်ထားသော စနစ်များ သို့မဟုတ် ၎င်းကဲ့သို့သော အယူအဆဟာ စွမ်းရည်မြင့်မားသော ရန်သူကို တိုက် ခိုက် ရန် ပိုမိုထိရောက်ပြီး ထိရောက်သော အီလက်ထရောနစ် စစ်ဆင်ရေးများကို လုပ်ဆောင်ရန် ပူးပေါင်း ဆောင်ရွက် နိုင်ကြမှာ ဖြစ်ပါတယ်။

ဖော်ပြခဲ့သည့် ဆောင်းပါးအတွင်းတွင် စနစ် ၃ ခု အကြောင်းပါဝင်ပါတယ်။

  • F/A-XX ပါဝင်သည့် Family of Systems (Fos) စနစ်
  • လူမောင်းနှင်သည့် လေယာဉ်မှ Loyal wingman ခေါ် ဒရုန်းများကို တိုက်ရိုက် ထိန်းချုပ်သည့် စနစ် နှင့်
  • မောင်းသူမဲ့ဒရုန်းများ၊ လက်နက်များ က အလိုအလျောက် ပစ်မှတ်များကို ရှာဖွေ တိုက်ခိုက်နိုင်သည့် စနစ် တို့ ဖြစ်ကြပါတယ်။

အထက်ပါ သတင်းအချက်အလက်များဟာ အမေရိကန် ရေတပ်၏ ဖြစ်လာနိုင်သည့် NGAD တိုက်လေယာဉ်စနစ် အကြောင်းဖြစ်ပြီး လေ တပ် ၏ NGAD စနစ် အတွက် လေယာဉ်သစ်၏ ရှေ့ပြေးပုံစံကတော့ စတင် ပျံသန်းနေပြီလို့ သိရပါတယ်။

တကယ်လို့ ရေတပ်၏ NGAD စနစ်ကို အစမပြုရ သေးရင်တောင် အနာဂါတ် အန္တရာယ် လျှော့ချဖို့ ကြိုးပမ်းနေလောက်ပြီ ဖြစ်ပါတယ်။

ယခု ဆောင်းပါးဟာ ထွက်ပေါ်လာသည့် အချက်အလက်များ နှင့် သိရှိပြီးသား အချက်အလက်များကို အခြေခံကာ သုံးသပ်ထားသည့် The Drive မှ ဆောင်းပါးရှည်မှ ထုတ်နှုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.