လေလည်ခြင်းနှင့် တခါတရံ ထိန်းမရအောင် အသံကျယ်ရခြင်း အကြောင်း

Knowledge Nature

လေလည် တာဟာ အသံပေါင်းစုံ ထွက်လာစေတဲ့အတွက် လူထူထပ်တဲ့နေရာမှာ လေလည် မိပါက သင့်အနေဖြင့် ရှက်ရွံတာမျိုး သို့မဟုတ် ရယ်စရာအဖြစ် ခံစားမိမှာပါ။

ထွက်လာတတ်တဲ့ အသံဟာ တခါတလေ အကျယ်ကြီး ဖြစ်ပြီး တခါတလေ တိုးတိုးလေးသာ ကြားရပါတယ်။ တခါတလေတော့ အသံတောင် မထွက်ပါဘူး။

ဒီလို အသံမျိုးစုံ ကွဲပြားရတဲ့ အကြောင်းကတော့ စအိုတဝိုက်ရှိ ကြွက်သားများနှင့် အူအတွင်းမှာ ဓာတ်ငွေ့တွေ ဘယ်လောက်ရှိသလဲ အပေါ် မူတည်နေပါတယ်။

လေလည် ခြင်းဟာ သင့်ခန္ဓာကိုယ်မှ ဓာတ်ငွေ့တွေ ထုတ်လွှတ်တဲ့အခါမှာ ဖြစ်ပေါ်လေ့ ရှိပါတယ်။

လူတိုင်းဟာ တနေ့လျှင် လေချင်တက်ခြင်းနှင့် လေလည် ခြင်းမှ ပျမ်းမျှ ဓာတ်ငွေ့ ၂.၅ လီတာလောက် ထုတ်လွှတ်လေ့ ရှိပါတယ်။

အဲဒီ့အထဲက ဓာတ်ငွေ့အချို့ဟာ အသက်ရှူခြင်းနှင့် စားသောက်ခြင်းမှ ခန္ဓာကိုယ်ထဲကို ရောက်ရှိလာတာဖြစ်ပြီး တချို့ကတော့ အစာခြေစနစ်မှ အစာတွေကို ချေဖျက်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲတဲ့အခါမှာ ထွက်လာတာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ သန်းပေါင်းများစွာ ရှိတဲ့ သေးငယ်တဲ့ သက်ရှိများဖြစ်တဲ့ ဘတ်တီးရီးယားများဟာလည်း အစာချေမှုကို ကူညီတဲ့အတွက် ၎င်းတို့မှလည်း မတူညီတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်ပါတယ်။

အဲဒီ့ ဓာတ်ငွေ့တွေဟာ အစာအိမ် အူလမ်းကြောင်းမှ တဆင့် နောက်ဆုံးမှာ စအိုသို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ထိုအခါ လေလည် တဲ့ ဖြစ်စဉ် ဖြစ်ပေါ်လာပြီး အချို့က တိုးတိုးလေး အသံမြည်ကာ အချို့ကတော့ ပြူတင်းပေါက်တွေတောင် အသံမြည်လောက်အောင် ကျယ်လောင်စွာ အသံထွက်လာပါတယ်။

ဒီအသံဟာ သင့် ကိုယ်ထဲမှ ဓာတ်ငွေ့ဘယ်လောက် စုစည်းထားသလဲ နှင့် ဘယ်လောက် မြန်မြန် ထွက်လာသလဲ အပေါ်မှာ သက်ရောက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စအိုတဝိုက် ကြွက်သားများ၏ ဘယ်လောက် တင်းကျပ်နေသလဲ ဆိုတာ အပေါ်မှာလည်း မူတည်နေပြီး အဲဒီ့ ကြွက်သားများဟာ စအိုကို ပိတ်ထားစေခြင်းဖြင့် အသံမြည်စေတတ်ပါတယ်။

ဤအရာအားလုံး နှင့်အတူ ဓာတ်ငွေ့များ ထွက်လာချိန်တွင် တုန်ခါမှုများကိုပါ ဖြစ်ပေါ်လာစေပါတယ်။ sphincter လို့ခေါ်တဲ့ စအိုတဝိုက်ရှိ ကြွက်သားများကို ဖြေလျော့မယ်ဆိုရင်တော့ သင့်အနေဖြင့် အသံတိုးသွား နိုင်ပါတယ်။

အဲလိုမှမဟုတ်ဘဲနဲ့ သင်ဟာ လေလည် သံ ထွက်မှာ စိုးလို့ ကျုံ့ထားပေမယ့် ဓာတ်ငွေ့ အများအပြား ထွက်ဖို့ ရှိနေရင်တော့ ပေါက်ကွဲ သံစဉ်တွေ ထွက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *