သင့်မှာ ခွေးတစ်ကောင်ရှိဖူးပါက သင့်ခွေးလေးနှင့်အတူ တစ်ကြိမ် သို့မဟုတ် တစ်ကြိမ်မှာ ပြိုင်တူ စိုက်ကြည့်မိဖူးမှာပါ။
သင် သို့မဟုတ် သင်လုပ်နေသောအရာက အာရုံစူးစိုက်မှုဗဟိုချက်ဖြစ်လာပြီး ပြတ်ပြတ်သားသားအာရုံစိုက်မှု မရှိပါဘူး။
အချို့သောခွေးတွေအတွက် အာရုံစူးစိုက်မှုမှာ မိနစ်အနည်းငယ်ကြာနိုင်ပြီး သူတို့ ပတ်ဝန်းကျင်တွင် အခြားအရာတွေ ဖြစ်ပေါ်နေမှုကို သတိမမူမိဘဲ ဖြစ်တတ်ပါတယ်။
ဒါပေမယ့် ခွေးလေးတွေက ဘာလို့စိုက်ကြည့်ကြတာလဲ။
ထိုအရာအားလုံးဟာ ခွေးလေးတွေရဲ့ အပြုအမူနဲ့ သူတို့ခံစားရပုံကို ဆက်သွယ်ပြောဆိုတဲ့ နည်းလမ်းမှ ဆင်းသက်လာပြီး ခွေးမျိုးစိတ်တစ်လျှောက်တွင် ဖြစ်ရိုးဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
- ဆက်သွယ်ပြောဆိုရန်
အခြေအနေပေးသော တုံ့ပြန်မှုများနှင့် ပတ်သက်လာလျှင် ခွေးလေးတွေက သူတို့လိုချင်တာကိုရဖို့အတွက် သူတို့လုပ်ရမယ့်အရာတွေကို အရမ်းဂရုစိုက်ပါတယ်။
သင့်အသားပြားကို ပေးကမ်းမျှဝေခြင်းကဲ့သို့ သင်တုံ့ပြန်မယ့် နည်းလမ်းတစ်ခုခုကို သိရှိပြီးတာနဲ့ ခွေးလေးတွေဟာ အလားတူအခြေအနေမျိုး ကြုံတွေ့လာရတဲ့အခါ သူတို့က ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို သိရှိလာကြပါတယ်။
ထို့အတူ သင့်ခွေး အထူးသဖြင့် သင့်မှာခဏတာရှိခဲ့ဖူးသော အကောင်လေးဟာ သင့်ရဲ့ ထူးခြားတဲ့ အမူအရာနဲ့ အလေ့အထတွေကို သိရှိတာကြောင့် သူတို့က သင့်အရိပ်အယောင်တွေကိုလည်း စောင့်ကြည့်နေကြပါတယ်။
အကယ်၍ သင့်ခွေးရဲ့ စိုက်ကြည့်မှုက သင့်အပေါ်မှာပဲ အာရုံထားနေပါက သူဟာ သင်လိုအပ်တဲ့အရာကို ဆက်သွယ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။
ဥပမာအားဖြင့် Plos One ဂျာနယ်မှာ ထုတ်ဝေထားတဲ့ ပညာရပ်ဆိုင်ရာလေ့လာမှုတစ်ခုက အထူးလေ့ကျင့်ထားသော သတိပေးခွေးတွေက hypoglycemia ဖြစ်စဥ် (သကြားဓာတ်ကျဆင်းသောအခြေအနေ) ဖြစ်နိုင်ချေရှိတာကို သူတို့ရဲ့ ပိုင်ရှင်တွေကို အသိပေးရာတွင် လွန်စွာထိရောက်မှုရှိတာကို တွေ့ရှိခဲ့ပါတယ်။
လူသားတွေ ဒုက္ခရောက်နေချိန်မှာ ဘာကိုရှာရမလဲ (သို့မဟုတ် ဘာကို အနံ့ခံရမလဲ) ကို သိရှိခြင်းဖြင့် အရေးကြီးတဲ့ ပြောင်းလဲမှုဖြစ်စဥ်တွေကို သတိပြုမိတဲ့အခါ ငေးကြည့်ခြင်း၊ လက်ယက်ခြင်း သို့မဟုတ် ဟောင်ခြင်းတို့ဖြင့် တုံ့ပြန်ကြပါတယ်။
- အချက်အလက်စုဆောင်းရန်
သင့်ခွေးက ဆက်သွယ်ပြောဆိုခြင်းအပြင် အချက်အလက်တွေကို စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာရန် သင်နဲ့ သင့်ပတ်ဝန်းကျင်ကို စိတ်ရှည်စွာ စောင့်ကြည့်နေတတ်ပါတယ်။
ယခင်က တောရိုင်းဝံပုလွေတွေကဲ့သို့ ခွေးတွေ ကျင်လည်ကျက်စားတဲ့အခါ အန္တရာယ် သို့မဟုတ် ရရှိနိုင်တဲ့အစာနဲ့ ရေအရင်းအမြစ်တွေအကြောင်း သဲလွန်စတွေ စုဆောင်းရန် ခွေးတွေက သူတို့ရဲ့ အစွမ်းထက်သော အနံ့ခံအာရုံနှင့် အမြင်အာရုံတို့ကို လိုအပ်ကြပါတယ်။
ယခုအခါ အိမ်မွေးတိရိစ္ဆာန်များအနေနှင့် သူတို့ရဲ့ ပတ်ဝန်းကျင်ဟာ အတော်များများ ပြောင်းလဲသွားပေမယ့် ထိုအပြုအမူတွေကတော့ သူတို့ရဲ့ DNA (မျိုးရိုးဗီဇ) တွင် အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်း စက်ယန္တရားမှသည် ကလေးငယ်တွေနဲ့ တိရစ္ဆာန်ငယ်လေးတွေအထိ သူတို့ သတိပြုဖို့ လိုအပ်တဲ့ လှုပ်ရှားမှုများစွာက ခွေးလေးတွေကို ဝန်းရံထားပါတယ်။
အိမ်အတွင်း၌ ခွေးလေးတွေဟာ သူတို့နှင့်အတူ အချိန်ကုန်ဆုံးနေကြသော မိသားစုကို အလေးအနက် အာရုံစိုက်ထားကြပါတယ်။
သူတို့က ကျွန်တော်တို့ကို သိစေချင်တာကို ဆက်သွယ်ဖို့ စိုက်ကြည့်နေတဲ့ကြားက ကျွန်တော်တို့ လုပ်ဆောင်မယ့်အရာတွေကို သိဖို့ ကျွန်တော်တို့ကို စောင့်ကြည့်နေကြပါတယ်။
ကျွန်တော်တို့က ခွေးလေးတွေနဲ့အတူ ကျွန်တော်တို့ရဲ့ နေရာဒေသဝန်းကျင်တွင် လှုပ်ရှားနေတာကြောင့် သူတို့က ကျွန်တော်တို့ရဲ့ အသံတိုင်းကို ကြားနေရပြီး ကျွန်တော်တို့ နောက်ထပ် လုပ်ဆောင်မယ့်အရာကို အဆုံးအဖြတ်ပေးနိုင်တဲ့ မည်သည့်အမူအရာ သို့မဟုတ် လှုပ်ရှားမှုမျိုးကိုမဆို ရှာဖွေနေကြပါတယ်။
ကျွန်တော်တို့ရဲ့ ခွေးလေးတွေက ကျွန်တော်တို့ရဲ့ သစ္စာအရှိဆုံး တိရိစ္ဆာန်သူငယ်ချင်းတွေ ဖြစ်တာကြောင့် သူတို့က ကျွန်တော်တို့ လုပ်ဆောင်တဲ့ လှုပ်ရှားမှုတိုင်းကို သိရှိလိုကြပြီး ထိုလုပ်ဆောင်ချက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်ကြပါတယ်။
သူတို့က ဘယ်အရာကိုမှ လက်လွတ်မခံချင်ကြဘဲ စိုက်ကြည့်နေခြင်းက ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို သူတို့တွက်ချက်ပုံရဲ့ သေးငယ်သော အစိတ်အပိုင်းတစ်ခု ဖြစ်နေပါတယ်။
(ကျွန်တော်တို့ သတိမပြုမိနိုင်လောက်တဲ့ အသေးဆုံးသော သဲလွန်စမှာ ခွေးလေးကို ပုံပြင်တစ်ပုဒ် ပြောပြခြင်းဖြစ်ပြီး သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေတဲ့ အရာတွေကို အာရုံထားဖို့ သူက အမြဲအသင့်ရှိနေပါတယ်။)
- သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြရန်
ခွေးလေးတွေ ချစ်ဖို့ကောင်းရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပြသတဲ့ နည်းလမ်းတွေပါပဲ။
သူတို့က အမြဲ ပျော်ရွှင်နေပုံ၊ ခုန်ပေါက်မြူးတူးနေပုံနှင့် ခြွင်းချက်မရှိ ချစ်ဖွယ်ကောင်းနေပုံ ရပါတယ်။
ခွေးတွေက သူတို့ရဲ့ မျက်နှာနှင့် မျက်လုံးများမှတစ်ဆင့် စိတ်ခံစားမှုများစွာကို ဖော်ပြကြပြီး ခွေးလေးတွေက “ပြော” ရန် ကြိုးစားနေတာကို ဖတ်ကြည့်စရာ မလိုပါဘူး။
ဒါဟာ ဖော်ရွေသော၊ ချစ်ဖွယ်ကောင်းသော စိတ်ခံစားမှု ဖြစ်နိုင်သလို ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် အန္တရာယ်ရှိကြောင်း ပြသတဲ့အရာလည်း ဖြစ်နိုင်ပါတယ်။
စိုက်ကြည့်ခြင်းဖြင့် ခွေးလေးတွေက လူသားတွေရဲ့ လှုပ်ရှားမှုအခိုက်အတန့်အပေါ် သူတို့ရဲ့ စိတ်ဝင်စားမှု၊ စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်စောင့်စားမှုတို့ကို ပြသနေပါတယ်။
သူတို့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေပါစေ အဲဒီအချိန်မှာ သူတို့ အရေးကြီးတယ်လို့ ထင်တဲ့အရာကိုပဲ အာရုံစိုက်နိုင်စေမယ့် ပစ္စုပ္ပန်ကို ရည်စူးတဲ့ အသိစိတ်တစ်ခု သူတို့မှာ ရှိပါတယ်။
ခွေးတစ်ကောင်က ပတ်ဝန်းကျင် အခြေအနေနှင့် သက်တောင့်သက်သာရှိနေတယ်လို့ ခံစားနေရတဲ့အခါ အမြီးလှုပ်ရမ်းခြင်း သို့မဟုတ် ခုန်ပေါက်ခြင်းကဲ့သို့ အခြားသော ကိုယ်ခန္ဓာဘာသာစကား ရှိနေနိုင်ပါတယ်။
လူက သူတို့ကို ပြန်စိုက်ကြည့်တဲ့အခါ သူတို့က အဲ့တာကို သဘောကျနိုင်ပါတယ်။
လူ့ဆက်ဆံရေးတွေမှာလိုပဲ ဒီလိုအပြန်အလှန် စိုက်ကြည့်ခြင်းက “အချစ်ဟော်မုန်း” လို့ အများအားဖြင့် သိကြတဲ့ oxytocin ကို ထုတ်လွှတ်ပြီး ချစ်ခင်တွယ်တာမှုကို ဆက်သွယ်ပြသဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။
ခွေးလေးတွေက သင်ပြောပြရန် ကြိုးစားနေသော ယုံကြည်မှုနှင့် ချစ်ခြင်းမေတ္တာကို ခံစားရပြီး ထိုချစ်ကြည်မှုကို ကြင်ကြင်နာနာ ပြန်ပေးလိမ့်မှာ ဖြစ်ပါတယ်။
သို့သော်လည်း နှိပ်စက်ခံရဖူးသော သို့မဟုတ် လျစ်လျူရှုခံရဖူးသော ခွေးလေးတွေက ထိုနည်းအတိုင်း တုံ့ပြန်မှုမျိုး ရှိမှာမဟုတ်ပါဘူး။
ပုံမှန်အားဖြင့် လူသားတစ်ဦးက သူတို့အား ပြန်စိုက်မကြည့်လျှင် သူတို့က သဘောမကျနိုင်ပါဘူး။

အဘယ်ကြောင့်ဆိုသော် ခွေးလေးတွေက ထိုအရာကို ရန်လိုမှုရဲ့ လက္ခဏာတစ်ခုအဖြစ် သတ်မှတ်ထားနိုင်တာကြောင့် ဖြစ်ပါတယ်။
ထို့အပြင် ထိခိုက်ထားတဲ့ သို့မဟုတ် ကြောက်လန့်နေတဲ့ ခွေးတစ်ကောင်က နောက်ဖြစ်လာမယ့် အရာတွေကို ကြောက်ရွံ့တာကြောင့် သူတို့ စိုက်ကြည့်နေစဉ် တုန်လှုပ်ခြင်း သို့မဟုတ် ကြောက်လန့်ခြင်း ဖြစ်နေနိုင်ပါတယ်။
ဒေါသထွက်နေတဲ့ခွေး သို့မဟုတ် ခြောက်လှန့်ခံထားရတဲ့ ခွေးတစ်ကောင်ဟာ သူ့ကိုယ်သူ သို့မဟုတ် သူ့နေရာပတ်ဝန်းကျင်ကို ကာကွယ်ရန် အသင့်ရှိနေကြောင်း ပြသတဲ့ ရန်လိုသော ကိုယ်ဟန်အနေအထားဖြင့် ရပ်နေနိုင်ပါတယ်။
- သူတို့အလုပ်ကို လုပ်ရန်
အချို့သော ခွေးတွေမှာ သူတို့ရဲ့ မျိုးရိုးဗီဇထဲတွင် ထည့်သွင်းထားသော “စိုက်ကြည့်ခြင်း” ရှိပါတယ်။
ဒါဟာ သူတို့ကို လုပ်ဆောင်စေဖို့ မွေးမြူထားတဲ့အရာဖြစ်ပါတယ်။
လူသားတွေက မွေးမြူခြင်း၊ အမဲလိုက်ခြင်းနဲ့ ခြေရာခံခြင်းစတဲ့ သီးခြားရည်ရွယ်ချက်တွေကို ဖြည့်ဆည်းရန် နှစ်ပေါင်း ရာနှင့်ချီ၍ ခွေးမွေးမြူခဲ့ကြပါတယ်။
နယ်ခြားကော်လီတွေနဲ့ သြစတြေးလျ နွားထိန်းခွေးတွေ ကဲ့သို့ ထိန်းကျောင်းခွေးတွေဟာ တိရိစ္ဆာန်အုပ်စု (သိုး၊ ဆိတ်၊ နွားစသည်) ကို ထိန်းချုပ်စီမံရန် နည်းလမ်းတစ်ခုအဖြစ် စိုက်ကြည့်ကြပါတယ်။
မွေးမြူရေးတိရိစ္ဆာန်တွေက ကျက်စားရာကို ဖြတ်ပြီး သွားလာလှုပ်ရှားနေချိန်တွင် ထိုခွေးတွေဟာ တိရစ္ဆာန်အုပ်စုကို ဝိုင်းကာ သူတို့ ဘာလုပ်လဲဆိုတာကို ဂရုတစိုက် စောင့်ကြည့်ကြပါတယ်။
သူတို့ကို ရပ်တန့်ရန် သို့မဟုတ် ပြန်လှည့်စေလိုသောအခါ ခွေးတွေဟာ မြေပြင်ပေါ်သို့ နိမ့်ဆင်းကာ တိရစ္ဆာန်တွေ နာခံသည်အထိ ပြင်းပြင်းထန်ထန် စိုက်ကြည့်လိမ့်မှာ ဖြစ်ပါတယ်။
လမ်းညွှန်ခွေးတွေဟာ သူတို့ရဲ့အလုပ်ကို လုပ်ဖို့အတွက် စိုက်ကြည့်ခြင်းကို အသုံးပြုတဲ့ ခွေးမျိုးစိတ်တစ်ခုရဲ့ နောက်ထပ်ဥပမာပဲ ဖြစ်ပါတယ်။
ဒီခွေးအမျိုးအစားတွေက လမ်းတစ်လျှောက်တွင် အနံ့တွေနောက်လိုက်ရင်း ကြိုးစားလုပ်ကိုင်ကြတာဖြစ်ပြီး သူတို့ ဦးဆောင်ဖို့ ရွေးချယ်လိုက်တာနဲ့ သားကောင်ရှာဖို့ လမ်းမှန်ပေါ်ရောက်နေမှန်း မုဆိုးသိအောင် စိုက်ကြည့်နေကြပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။