Solar Farm ခေါ် ဆိုလာစိုက်ခင်းကြီးတွေ အလုပ်လုပ်ပုံနှင့် ၎င်းနှင့် ဆက်စပ်နေသော အကြောင်းအရာများ

Article Science

ဆိုလာစိုက်ခင်းတွေ အများအပြား မြင့်တက်လာတာနှင့်အမျှ ဝယ်ယူသုံးစွဲသူတွေ နဲ့ သဘာဝပတ်ဝန်း နှစ်မျိုးစလုံးအတွက် အကျိုးကျေးဇူးများစွာ ရှိလာနိုင်ပါတယ်။

ဆိုလာစိုက်ခင်းတွေဟာ လျှပ်စစ်ဝယ်ယူသုံးစွဲသူတွေရဲ့ အိမ်ခေါင်မိုးတွေပေါ်မှာ တပ်ဆင်စရာမလိုဘဲ နေရောင်ကနေ စွမ်းအင်ရရှိနိုင်သည်သာမက ရှုခင်းပုံစံ ရင်းနှီးတဲ့နေရာတွေ ဖြစ်လာပါတယ်။

ခေါင်မိုးပေါ်မှ ဆိုလာများနဲ့ မတူတဲ့ ဆိုလာစိုက်ခင်းတွေကို ဝယ်ယူသူတွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေပေါ်မှာ မတပ်ဆင်ဘဲ များသောအားဖြင့် အ ပြင်မှာဘဲ တပ်ဆင်ကြပါတယ်။

ဆိုလာ ပန်းခြံများ သို့မဟုတ် ဆိုလာ ဥယျာဉ်များ ဟုလည်း လူသိများတဲ့ အဆိုပါ ဆိုလာခင်းတွေဟာ များသောအားဖြင့် မြေပြင်တွင်သာ တပ်ဆင်ပြီး ၀ယ်ယူသုံးစွဲသူ သိန်းရာချီအထိ ရှိပါတယ်။

တရုတ်မှ ပန်ဒါ ဝက်ဝံပုံစံ Solar Farm Credit: Panda Green Energy Group

လွန်ခဲ့သောဆယ်စုနှစ်တစ်ခုက ရေဒါပေါ်တွင် သေးငယ်တဲ့ blip တစ်ခုသာ ရှိ၍ ယခုအခါ ဆိုလာခင်းတွေဟာ ကြီးကြီးမားမား ကြီးထွားလာကြပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် အမျိုးသား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဓာတ်ခွဲခန်း (NREL) မှ ထိန်းသိမ်းထားတဲ့ ဆိုလာစိုက်ခင်း database တွင် စီမံကိန်း ၅၄၄ ခု ကိုမှတ်ပုံတင်ထားခဲ့ပါတယ်။

နှစ်နှစ်ခွဲကြာပြီးနောက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် NREL ရဲ့ စာရင်းတွင် နေရောင်ခြည်သုံး စိုက်ခင်း ၁,၅၉၂ ထိ ရှိလာတာကို တွေ့ရပါတယ်။

ဆိုလာခင်းတွေ အရေအတွက် နှင့် အရွယ်အစားတွေ ကြီးမားများပြားလာတာဟာ ဆိုလာ ရဲ့ ကုန်ကျစားရိတ်တွေ ကျဆင်းလာမှုကြောင့်ဖြစ်ပြီး ၂၀၁၀ ကနေ ၂၀၂၀ ကြား ၈၉ ရာခိုင်နှုန်းအထိ ကျဆင်းတာကို တွေ့ရပါတယ်။

ဆိုလာကုန်ကျစားရိတ်ကျဆင်းလာတာဟာ အမေရိကန်ပြည်ထောင်စုတွင် လျှပ်စစ်ဓာတ်အားကို နှစ်နှစ်ကြာအောင် လည်ပတ်နေပတ်နေတဲ့ တခြားမည်သည့် စွမ်းအင်အရင်းအမြစ်တွေထက် ဆိုလာစိုက်ခင်းတွေ ထဲ့သွင်းလိုက်တာဟာလည်း အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

ဝန်ဆောင်မှု လုပ်ငန်းသုံး ဆိုလာစိုက်ခင်း နှင့် ရပ်ရွာသုံး ဆိုလာစိုက်ခင်းများ ယှဥ်ကြည့်ခြင်း

ဝန်ဆောင်မှု လုပ်ငန်းသုံး ဆိုလာစိုက်ခင်းများဟာ ရပ်ရွာသုံး ဆိုလာစိုက်ခင်းများထက် များစွာ ပိုကြီးနေသော်လည်း အဓိကကွာခြားချက်က​တော့ ဖောက်သည်​တွေရဲ့ ပါဝင် ပတ်သတ်မှုပေါ် မူတည်ပါတယ်။

ရပ်ရွာသုံး ဆိုလာ စိုက်ခင်းများတွင် များစွာသော ဝယ်ယူသူတွေက ဒေသပိုင် နေရောင်ခြည် စွမ်းအင်သုံးစီမံကိန်း တစ်ခုအတွက် စုပေါင်း၍ စားရင်း ပေးသွင်းပေး​ကြပြီး ၎င်းတို့ရဲ့ ဝေစုလျှပ်စစ်စွမ်းအားကို ရယူကြပါတယ်။

ဝန်ဆောင်မှု လုပ်ငန်းသုံး ဆိုလာစိုက်ခင်းတွေကတော့ ပုဂ္ဂလိက ကုမ္ပဏီများမှ လျှပ်စစ်စွမ်းအင်ကို ရောင်းချဖို့ အသုံးပြုပါတယ်။

Credit : Time

ယေဘူယျအားဖြင့် ရပ်ရွာသုံး ဆိုလာ စွမ်းအင် စီမံကိန်းများဟာ ၂ ကီလိုဝပ်မှ ၂၀၀၀ ကီလိုဝပ် (kW) နှင့် အထက်ထုတ်ပေးနိုင်ပါတယ်။

အချို့ပြည်နယ်တွေကတော့ ၎င်းတို့ ထုတ်လုပ်နိုင်သောကီလိုဝပ်အားကို တိုက်ရိုက်ဖြစ်စေ ၊ စီမံကိန်းတစ်ခုတွင်ပါ၀င်နိုင်တဲ့ လူဦးရေကို ကန့်သတ်ခြင်းဖြင့်ဖြစ်စေ ရပ်ရွာသုံး ဆိုလာ စီမံကိန်းတွေရဲ့ အရွယ်အစားကို ကန့်သတ်ထားပါတယ်။

လောရင့်စ်ဘာကလေ အမျိုးသား ဓာတ်ခွဲခန်းဟာ ဝန်ဆောင်မှု လုပ်ငန်းသုံး ဆိုလာ စီမံကိန်းတွေ ကဲ့သို့ မြေပြင်ပေါ်တပ်ဆင်တဲ့ ဆိုလာစီမံ ကိန်း တွေကို ၅ မဂ္ဂါဝပ်ထက် ပိုထုတ်နိုင်တယ် ဟု သတ်မှတ်ထားပါတယ်။

NRELရဲ့ အဆိုအရ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလအထိ အမေရိကန်ပြည်ထောင်စုမှာ ဆိုလာစိုက်ခင်း ၁၂၉ ခုရှိတယ်ဟု သိရပါတယ်။

ကမ္ဘာအကြီးဆုံးဆိုလာစိုက်ခင်းတွေအကြောင်း

ကမ္ဘာပေါ်မှာအကြီးဆုံးဆိုလာစိုက်ခင်းတွေအတွက် မှတ်တမ်းတွေက ချိုးမြဲချိုးနေကြတာပါ။

ကမ္ဘာပေါ်တွင် အကြီးမားဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သောစက်ရုံ ၁၀ ခု စာရင်းတွင် ၁၉၄၉ တွင် တည်ဆောက်ခဲ့တဲ့ Grand Coulee Dam လည်း ပါဝင်ပါတယ်။

အာရပ်စော်ဘွားတွေရဲ့ ပြည်ထောင်စုမှာ အကြီးဆုံး ရုပ်ကြွင်း လောင်စာသုံး စက်ရုံဟာ ၁၉၇၆ ခုနှစ်ကတည်းက တည်ထောင်ထားတာပါ။

Bhadla Solar Park ဟာ ကမ္ဘာပေါ်တွင် အကြီးဆုံး ဆိုလာ စိုက်ခင်းတစ်ခု ဖြစ်ပြီး ၂,၂၄၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပါတယ်။

Bhadla ပရောဂျက်ကို အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်အထိ ပုံမှန်ရောက်ရှိနေတဲ့ အိန္ဒိယအနောက်ပိုင်းရှိ ဝေးလံခေါင်သီခြောက်သွေ့သော ဒေသတစ်ခုတွင် အဝေးထိန်းစနစ်ဖြင့် တပ်ဆင်ထား တည်ဆောက်ထားပါတယ်။

အဆိုပါ စီမံကိန်းအတွက် ၂၀၁၅ တွင်အဆင့်လေးဆင့်ဖြင့် တည်ဆောက်ခဲ့​ကြပြီး ၂၀၁၉ တွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကျောက်မီးသွေးမှ စွမ်းအင် ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေဆဲ ဖြစ်သော်လည်း Bhadla Solar Park ဟာ ၂၀၂၂ တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၁၇၅ gigawatts (GW) ထုတ်လုပ်နိုင်ဖို့ နိုင်ငံ၏ရည်မှန်းချက်၏တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

Bhadla Solar Park နောက်ကွယ်မှာ ၂၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ Huanghe Hydropower Hainan Solar Park ကို တရုတ်ပြည် Qinghai ပြည်နယ်တွင် ၂၀၂၀ တုန်းက ဖွင့်လှစ်ခဲ့ပါတယ်။

ဒါဟာ ကျောက်မီးသွေးလောင်စာအပေါ် အလွန်အားထားမှုကို ဝေးကွာစေဖို့ နိုင်ငံရဲ့ မျှော်မှန်းချက်ဖြစ်ပါတယ်။

Photo: Courtesy of Metsolar. eu

အိန္ဒိယနိုင်ငံ လိုဘဲ တရုတ်နိုင်ငံဟာလည်း လျှပ်စစ်ဓာတ်အား ရဲ့ ၆၈ ရာခိုင်နှုန်းကို ကျောက်မီးသွေးဖြင့် ထုတ်လုပ်​နေပြီး တရုတ်နိုင်ငံဟာ ကျောက်မီးသွေးကို များစွာမှီခိုအားထားနေရဆဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ Karnataka ရှိ Shakti Sthala နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်းဟာ ၂၀၅၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်အောင် တည်ဆောက်ထားပြီး 2 GW ထက်ပိုထုတ်နိုင်တဲ့ ဆိုလာပန်းခြံတစ်ခုဖြစ်ပါတယ်။

၎င်းကို ၂၀၁၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး မြေဧက ၁၃၀၀၀ ကျယ်ဝန်းပါတယ်။

၎င်းမြေနေရာအတွက် ဒေသခံလယ်သမား ၂၃၀၀ ထံမှ မြေနေရာကို ဌားရမ်းခဲ့ပြီး ဆိုလာစိုက်ခင်းမှ သန့်ရှင်းသော စွမ်းအင်ကို ထုတ်ပေး သည် နှင့် တပြိုင်နက် ကျေးလက်၀င်ငွေကိုလည်း တိုးစေပြီး လယ်သမားတွေရဲ့ မြေယာကိုလည်း ထိန်းသိမ်းပေးပါတယ်။

၁၆၅၀ မဂ္ဂါဝပ်ရှိ Benban ဆိုလာဥယျာဉ်ဟာလည်း အာရှပြင်ပမှ အကြီးဆုံးဆိုလာစိုက်ခင်းတစ်ခုဖြစ်ပါတယ်။

အဆိုပါ ဆိုလာစိုက်ခင်းကို ၂၀၁၄ တွင် စတင်ခဲ့ပြီး NASA ရဲ့ အကူအညီဖြင့် ၎င်းတွင် ဆိုလာပြားပေါင်း ၇.၂ သန်းကို ပေါင်းစပ်ပြုလုပ်ထားပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။

ဆိုလာစိုက်ခင်းတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေ

ကုန်းမြေတွေပေါ်မှာ ဆိုလာစိုက်ခင်းအများအပြားရှိနေခြင်းတွေနဲ့ ပတ်သတ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ထိခိုက်မှုတွေကို လေ့လာကြည့်ရာတွင် တရားဝင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေ နဲ့ တချို့မှာ ၎င်းတို့ပတ်ဝန်းကျင်ထိခိုက်မှုတွေနဲ့ ပတ်သတ်၍ သတင်းအမှားတွေပေါ်မှာ အခြေခံပါတယ်။

ဇီဝမျိုးစုံမျိုးကွဲများ နှင့်အတူ သန့်ရှင်းသောစွမ်းအင်ကို ဟန်ချက်ညီစေခြင်း

ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းဟာ ရာသီဥတုအရေးပေါ်အခြေအနေမှအပ အခြား အဓိက အကျပ်အတည်းဘဲ ဖြစ်ပါတယ်။

ဆိုလာစိုက်ခင်း​တွေတည်ဆောက်တဲ့နေရာမှာ ဇီ​ဝမျိုးကွဲများကို မထိခိုက်စေဖို့အတွက် အညိုရောင်လယ်ကွင်းတွေ ၊ မြေမြုပ်မြေဟောင်းတွေ ၊ နှောက်ယှက်သောနေရာတွေ ၊ ညစ်ညမ်းမြေတွေ ၊စက်မှုသုံးနယ်မြေတွေ နှင့် အခြားထိခိုက်လွယ်သောဇုန်တွေကို ဦးစားပေးအသုံးပြုခြင်းဟာ ဇီဝမျိုးစုံမျိုးကွဲအန္တရယ်ကို လျော့ကျစေပါလိမ့်မည်။

အကျိုးဖြစ်ထွန်းသော လယ်ယာမြေတွေကို စွန့်လွှတ်တည်ဆောက်ခြင်းဟာ နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်စေနိုင်ပါတယ်။

ပြည်နယ်တော်တော်များများတွင် ဆိုလာတပ်ဆင်သူများအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ လိုက်နာရန် အ ကောင်း ဆုံး နည်းလမ်းများရှိပါတယ်။

အမေရိကန်နိုင်ငံရှိ ပြည်နယ် ၆ ခုတွင် ဒေသခံဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန် “ pollinator-friendly”ဟုခေါ်တဲ့ ဆိုလာစိုက်ခင်းများကို အားပေးတဲ့ ဥပဒေ​တွေလည်း ရှိပါတယ်။

ဆိုလာစိုက်ခင်း​တွေကို စနစ်တကျ စီစဥ်တည်ဆောက်ထားတဲ့နေရာမှာ တည်ဆောက်ထားတာဟာ ၎င်းတို့ရဲ့ အကျိုးဖြစ်ထွန်းတဲ့ မြေနေရာကို ကာကွယ်နိုင်ပြီး တစ်ချိန်ထဲမှာဘဲ ရှုခင်းများကိုလည်း တိုးတက်စေပါတယ်။

Photo: Courtesy of Metsolar. eu

Shakti Sthala နေရောင်ခြည် စွမ်းအင်သုံးစီမံကိန်းတွင် တွေ့ရသည့်အတိုင်း လယ်ယာလုပ်ငန်းအတွက် မသင့်တော်သော လယ်ယာပိုင်ဆိုင်မှုများကို ဆိုလာမြေနေရာအတွက် ငှားရမ်းခြင်းဟာ developer များအား ရောင်းချခြင်းထက် လယ်သမားများရဲ့ ၀င်ငွေကိုလည်း တိုးစေပါတယ်။

ဆိုလာပြားများကို စိုက်ပျိုးရေး လုပ်ငန်းများတွင် တွဲဖက်အသုံးပြုခြင်း (agrivoltaics ဟု​ခေါ်ပြီး)ဟာ မွေးမြူရေးအတွက် အရိပ်ပေးနိုင် သ လို ၊ မိုးသည်းထန်စွာရွာသွန်းခြင်းမှ သီးနှံများကိုလည်း ကာကွယ်နိုင်ပါတယ်။

ရေဆုံးရှုံးမှုကို လျှော့ချပေးပြီး လယ်ယာအတွက် လုံလောက်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ပြီး စိုက်ပျိုးရေး အထွက်တိုးစေပါတယ်။

ထုတ်လုပ်သူ နဲ့ သုံးစွဲသူတို့အတွက် အကျိုးကျေးဇူးများ

အရေအတွက်အားဖြင့်နည်းသော်လည်း နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်းများတွင် အစုရှယ်ယာပါဝင်မှုများရဲ့ အကျိုးကျေးဇူးကိုလျှော့မတွက်မိဖို့ အရေးကြီးပါတယ်။

လျှပ်စစ်အသုံးဝင်မှု​တွေ နှင့် ၎င်းတို့ကို ဝယ်ယူသုံးစွဲသူတွေအကြားဆက်ဆံရေးဟာ ယေဘုယျအားဖြင့် ဦးတည်ချက်တစ်ခုထဲဖြစ်ပါတယ်။

အသုံးဝင်သောလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးရန်အတွက် ဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ လစဥ် ငွေပေးချေမှုများပြုလုပ်ပေးရမည် ဖြစ်ပါတယ်။

အိမ်ခေါင်မိုးဆိုလာ နှင့် ရပ်ရွာဆိုလာခင်းတွေဟာ ၎င်းဆိုလာပြားတွေက ထုတ်လုပ်တဲ့ ပါဝါသုံးစွဲမှုပေါ်မူတည်ပြီး ဝင်ငွေတောင်းခံလွှာများပေးအပ်ကြရပြီး ဒါဟာ စွမ်းအင်မည်မျှသုံးစွဲတာကို ပိုမိုသတိပြုမိလာကာ ပါဝါသုံးစွဲမှုကို လျှော့ချဖို့ အလားအလာ ပိုများပါတယ်။

ကယ်လီဖိုးနီယားရှိ ဆိုလာသုံးဖောက်သည်စစ်တမ်းတစ်ခုအရ ၎င်းတို့ရဲ့ ၈၇ ရာခိုင်နှုန်းဟာ ထိရောက်သောအလင်းရောင် နှင့် အသုံးအဆောင်ပစ္စည်းတွေ တပ်ဆင်ခြင်း ကဲ့သို့သော အခြားစွမ်းအင်အကျိုးသက်ရောက်မှုများကိုလုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဂရုစိုက်အလေးထားတဲ့ လျှပ်စစ်ကားပိုင်ရှင်များကြားမှာ​ ဆိုလာမရှိသူတွေဟာ သာမန်အိမ်သုံး ထက် ၅၈ ရာခိုင်နှုန်းခန့် လျှပ်စစ်ကိုပိုမိုသုံးစွဲကြတာ တွေ့ရပါတယ်။

Photo: Courtesy of Robin Lubbock/WBUR

လျှပ်စစ်သုံးစွဲသူများဟာ ဆိုလာကိုသုံးတဲ့အခါ သူတို့ရဲ့ စွမ်းအင်သုံးစွဲမှုကို မြင့်တက်စေတဲ့ သာဓကအချို့ရှိ​ကြသော်လည်း ဒါဟာ​ထုတ်လုပ်ထားတဲ့ စွမ်းအင်တွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုသာသာဘဲ ရှိပါတယ်။

အသားတင်အကျိုးသက်ရောက်မှုက လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲပေမဲ့ ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်တာဘဲ ဖြစ်ပါတယ်။

ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဟာ သုံးစွဲသူတွေရဲ့ လက်ထဲရောက်လေလေ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်လေလေ ဖြစ်ပါတယ်။

ဆိုလာစိုက်ခင်းတွေဟာ ဆက်လက်ကြီးမားကျယ်ပြန့်လာပါလိမ့်မည်

Wood Mackenzie ရှိ စက်မှုလေ့လာသုံးသပ်သူများအဆိုအရ ဆိုလာစိုက်ခင်းတွေဟာ အနည်းဆုံးသုံးနှစ်အတွင်း စံချိန်သစ်များဆက်လက်ချိုးနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။

ကြီးမားကျယ်ပြန့်လာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းဆုံးဖြစ်စေဖို့ သင့်လျော်သောစည်းမျဉ်းများ နှင့် ကြီးကြပ်မှုများ လိုအပ်ပါတယ်။

ဒါကြောင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ခြင်းရဲ့ အကျိုးကျေးဇူးတွေဟာ ကမ္ဘာမြေ​ပေါ်ရှိ ဇီဝမျိုးစုံမျိုးကွဲကို ကာကွယ်နိုင်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ခြင်းမရှိလျှင် ဇီဝမျိုးစုံမျိုးကွဲများဟာလည်း ရေရှည်တည်တံ့ခိုင်မြဲမှု မရရှိနိုင်တာ သေချာပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.