ထူးဆန်းသည့် သတ္တဝါလို့ သတ်မှတ်ခံရအောင် ထူးဆန်းသည့် ရေဘဝဲများအကြောင်း

Knowledge Nature

ရေဘဝဲများဟာ ထူးခြားတဲ့ ရေနေ သတ္တဝါများဖြစ်ပြီး ၎င်းတို့နှင့် သက်ဆိုင်သည့် သိကောင်းစရာများကို ဆောင်းပါး ပုံစံ ဖော်ပြပေးလိုက်ပါတယ်။

ရေဘဝဲများဟာ များသော အားဖြင့် သက်တမ်း သိပ်မရှည်ကြဘဲ အများဆုံး ၃ နှစ်မှ ၄ နှစ်လောက်အထိသာ ရှင်သန်ကြပြီး သေးငယ်သည့် ရေဘဝဲများကတော့ ၆ လလောက်သာ သက်တမ်းရှိပါတယ်။

၎င်းတို့ကို ပင်လယ် သမုဒ္ဒရာ၏ အနက်မျိုးစုံတွင် တွေ့ရှိရပြီး ရှေးယခင်က အခွံ သတ္တဝါဖြစ်ခဲ့ရာမှ ဆင့်ကဲ ပြောင်းလဲပြီး ယ နေ့ခေတ် ပုံစံသို့ ရောက်ရှိလာတာပါ။

၎င်းတို့၏ သွေးဟာ ကြေးနီကို အခြေခံသည့် အောက်ဆီဂျင်သယ်ဆောင်သည့် hemocyanin ပါဝင်သော အပြာရောင်သွေး ဖြစ်ပါတယ်။

hemocyanin ဟာ hemoglobin လို ထိရောက်မှု မရှိသဖြင့် ရေဘဝဲများတွင် နောက်ထပ် နှလုံး ၂ ခု ရှိလာသည်အထိ ဆင့် ကဲ ပြောင်းလဲလာကာ နောက်ဆုံးမှာတော့ ယနေ့ အနေအထားဖြစ်သည့် နှလုံး ၃ လုံးရှိ လာပါတယ်။

အားလုံးဟာ အဆိပ်ရှိကြပြီး အဲဒီ့ အဆိပ်ဖြင့် အစားအစာကို ခြေဖျက်ကြတာဖြစ်ကာ blue-ringed octopus အမျိုးအစား ရေဘဝဲ၏ အဆိပ်ကတော့ လူကို အသက်ဆုံးရှုံးနိုင်လောက်အောင် ပြင်းပါတယ်။

အရောင်များကိုလည်း ၃၀ မီလီ စက္ကန့်အတွင်း ပြောင်းလဲနိုင်ကြပြီး အဆိုပါ ဖြစ်စဉ်ကို chromatophores လို့ခေါ်တဲ့ အရေ ပြားပေါ်ရှိ အရောင်ခြယ် အိတ်ကလေးများဖြင့် လုပ်ဆောင်တာ ဖြစ်ပါတယ်။

၎င်းတို့ဟာ ခန္ဓာကိုယ် အရောင်သာမက အရေပြားပေါ်ရှိ မျက်နှာပြင် အရေးအကြောင်း အကွက်များကိုပါ ပြောင်းလဲနိုင် စွမ်း ရှိပါတယ်။

ထူးခြားသည့် အပြုအမူအနေဖြင့် ၎င်းတို့ဟာ ပျင်းရိလာပါက “‌autophagy” ဖြစ်စဉ်လို့ ခေါ်တဲ့ ကိုယ့် လက်တံများကို ကိုယ်ပြန်စားတတ်ပါတယ်။

ဒါ့ပေမယ့် လက်တံများဟာ ပုတ်သင်များကဲ့သို့ ပြန်ပေါက်တာမျိုးနှင့် မတူဘဲ ချွတ်ယွင်းချက်မရှိ အပြည့်အဝ ပြန် လည် ဖြစ်ထွန်းနိုင်တာပါ။

လင်းပိုင်၊ ကျီးကန်း နှင့် ချင်ပန်ဇီများလိုပင် ရေဘဝဲများဟာ အရာဝတ္ထုတွေကို အသုံးပြုတတ်ပြီး လူတယောက်ချင်းစီကိုလည်း မှတ်မိနိုင်စွမ်း ရှိပါတယ်။

လက်တံများကို လက်နက်အဖြစ် အသုံးချကာ တိုက်ခိုက်နိုင်ပြီး အိုးအဖုံးများကို ဖွင့်နိုင်စွမ်း ရှိပါတယ်။

၎င်းတို့၏ မှင်ရောင် အရည်များဟာ ပုန်းခိုရန်နှင့် ရန်သူအား ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်စေရန် အသုံးပြုပါတယ်။

အားနည်းချက်အနေဖြင့် အဲဒီ့ မှင်ရည်များထဲမှာ ၎င်းကိုယ်တိုင် မထွက်ပါက အသက်ဆုံးရှုံးနိုင်ချေ ရှိပါတယ်။

လက်တံများတွင် အာရုံကြော စုစုပေါင်း၏ ၃ ပုံ ၂ ပုံလောက် ပါဝင်သည့်အတွက် လှုံ့ဆော်မှုများကို တုန့်ပြန် နိုင်စွမ်း ရှိပြီး အဆင့်မြင့်တဲ့ လုပ်ဆောင်မှုတွေကို ဦးနှောက် အကူအညီမပါဘဲ လုပ်ဆောင်နိုင်ပါတယ်။

အရေပြားများဟာ လည်း အလင်းကို တုန့်ပြန်နိုင်သည့် ပရိုတင်းများ ပါဝင်တဲ့အတွက် ဦးနှောက် အကူအညီ မပါဘဲ မျက်လုံးများကဲ့သို့ အာရုံခံနိုင်စွမ်း ရှိပါသေးတယ်။

ရေဘဝဲများဟာ ကျောရိုးမဲ့ သတ္တဝါများတွင် အကြီးဆုံး ဦးနှောက်ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်တွင် ဥာဏ်အကောင်းဆုံး ကျောရိုးမဲ့ သတ္တဝါအဖြစ် သတ်မှတ်ထားပါတယ်။

၎င်းတို့ဟာ မြေပြင် ပေါ်မှာလည်း လမ်းလျှောက်နိုင်၊ ပြေးနိုင်ပြီး တိရစ္ဆာန်ဆရာဝန် တဦးအဆိုအရ ၎င်းတို့ကို ဖမ်းရတာ ကြောင်ဖမ်းရတဲ့ အတိုင်းပဲလို့ ပြောပါတယ်။

ရေဘဝဲများတွင် အရိုးများ မပါဝင်တဲ့အတွက် ကျပ်ပြားစေ့လောက် အပေါက်ကလေးကနေတောင် ကျုံ့ပြီး ဝင်နိုင်ထွက်နိုင်ပါတယ်။

ကြီးမားသည့် ရေဘဝဲကြီးများဟာ ရေအနက် ပေ ၅ ထောင်လောက်အထိ ဆင်းသက်နိုင်ပြီး ရေငံဖြစ်သည့် ပင်လယ် သမုဒ္ဒ ရာအတွင်းသာ ကျက်စားပါတယ်။

အကြီးဆုံး ရေဘဝဲမှာ Pacific octopus မျိုးဖြစ်ပြီး အလေးချိန် ၃၃ ပေါင်လောက်အထိ ရှိကာ လက်တံအရှည် ၁၄ ပေလောက်အထိ ရှိသည့်အပြင် နှလုံး ၃ ခုနှင့် ဦးနှောက် ၉ ခု ပါဝင်ပါတယ်။

အသေးဆုံး မျိုးစိတ်ကတော့ Octopus wolfi ဖြစ်ပြီး အလေးချိန် ၁ ဂရမ်လောက်သာ ရှိကာ အရွယ်အစား ၁ လက်မ သာသာပဲ ရှိပါတယ်။

ဒီလို ထူးဆန်းတဲ့ ပုံစံ၊ လုပ်ဆောင်နိုင်စွမ်းနှင့် အသိဥာဏ်တို့ကို ပိုင်ဆိုင်ထားတဲ့ ရေဘဝဲများကို အချို့က “ဂြိုဟ်သားများ” လို့ တောင် တင်စားကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.