အွန်လိုင်းမှ ပစ္စည်းမှာယူမှုတွေဟာ တဖြည်းဖြည်း ခေတ်စားလာသည်နှင့်အမျှ ပစ္စည်းများ အချိန်မှီ ပို့ဆောင်နိုင်ဖို့ ဆိုတာကလည်း အလွန် အရေးပါလာပါတယ်။
အခုတော့ အမေဇုံ ကုမ္ပဏီမှ ၎င်းတို့၏ အွန်လိုင်း ဝက်ဘ်ဆိုက်မှ ဝယ်ယူသည့် သူများအတွက် ပစ္စည်းများ ပိုမို မြန်ဆန်စွာ ပို့ဆောင်နိုင်ဖို့ရာ တခေတ် ဆန်းတော့မှာ ဖြစ်ပါတယ်။
အဲဒါကတော့ သယ်ယူပို့ဆောင်ရေး delivery robot စက်ရုပ်တွေ အတွက် မကြာသေးမီကပဲ မူပိုင်ခွင့် လျှောက်ထားလိုက်တာပဲ ဖြစ်ပါတယ်။
ဒီလို delivery robot တွေအတွက် မူပိုင်ခွင့် လျှောက်ထားမှုကို အမေရိကန် မူပိုင်ခွင့်နှင့် ကုန်သွယ်မှုရုံးက အချက်အလက်များအရ သိရှိရတာဖြစ်ပြီး အသေးစား အရွယ်ရှိ စက်ရုပ်များ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမေဇုံ၏ မောင်းသူမဲ့ ဒရုန်းများဖြင့် ပို့ဆောင်မည့် နည်းလမ်း ကိုလည်း ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ အဆိုပါ ဒရုန်းများဟာ မိနစ်သုံးဆယ်အတွင်း ၅ ပေါင်အောက် ပစ္စည်များကို ပို့ဆောင် ပေးနိုင်မှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များမှ စတင်ပြီး အမေဇုံနှင့် တခြား delivery service များဟာ ဂိုဒေါင်မှ ဝယ်ယူသူထံသို့ အဆင်ပြေ မြန်ဆန်စွာ ပေးပို့နိုင်ဖို့ နည်းပညာအသစ် အဆန်းတွေကို လေ့လာနေကြတာ ဖြစ်ပါတယ်။
အဲဒီ့လို လေ့လာမှုများမှာ စက်ရုပ် အသေးစားထည့်ထားသည့် ဒရိုက်ဘာ မပါဝင်တဲ့ ဗင်ကားများမှသည် ပျံသန်းပို့ဆောင်နိုင်တဲ့ ဒရုန်းများအထိ ပါဝင်ပါတယ်။
ပို့ဆောင်ရေး စက်ရုပ်များကို အသုံးပြုချင်းအားဖြင့် ဝန်ထမ်းနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
အမေဇုံ၏ လျှောက်လွှာအသစ်မှာ လူလက်ဖြင့် မောင်းနှင်သည့် ဗန်ကားပါဝင်ပြီး အဆိုပါကားတွင် အလိုအလျှောက်ပို့ဆောင်ယာဉ်ကို ထိန်းချုပ်မည့်စနစ်များ ပါဝင်မှာပါ။
ဒီစနစ်အရ ဗင်ကားဟာ ပို့ဆောင်ရမည့်အိမ် ရောက်သည်နှင့် အိမ်၏ ပြင်ပအနေအထားကို scan ဖတ်ကာ စက်ရုပ် ယာဉ်ငယ် စေလွှတ် ပို့ဆောင်စေမှာ ဖြစ်ပါတယ်။

ဗင်ကားမှ ၎င်း၏ လမ်းကြောင်းကို သွားလာနေစဉ် စက်ရုပ်ငယ်မှ ပေးထားသော တာဝန်အတိုင်း အလိုအလျှောက် ပို့ဆောင်မှာ ဖြစ်ပါတယ်။
စက်ရုပ်ငယ်တွင် လမ်းပြ နည်းပညာနှင့် ကင်မရာများ တပ်ဆင်ထားပြီး ပင်မ ဗင်ကားကို ပုံရိပ်များ အပြင် အခြားသက်ဆိုင်တဲ့ အချက်အ လက် များကို ပေးပို့ ပေးနိုင်မှာ ဖြစ်ပါတယ်။
အထုပ်ကို ချပေးပြီးသွားတဲ့အခါ စက်ရုပ်ငယ်ဟာ ဗင်ကားဆီသို့ ပြန်လာကာ နောက်ထပ် ပို့ဆောင်ရမည့် နေရာသို့ ဆက်လက် သွားစေမှာ ဖြစ်ပါတယ်။
အရေးအသားအရ အမေဇုံဟာ ဒီစနစ်ကို တကယ်ပဲ တည်ဆောက်မလား မဆောက်ဘူးလား ဆိုတာ မရှင်းလင် သေးပေမယ့် တင်သွင်းထားသည့် မူပိုင်ခွင့်အပေါ်မှာ မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
၂၀၂၀ နိုဝင်ဘာလတုန်းကလည်း ကမ္ဘာကျော် Walmart စူပါမားကတ် နှင့် General Motors တို့ ပူးပေါင်းပြီး အရီဇိုးနား ပြည်နယ်တွင် မောင်းသူမဲ့ deliver ယာဉ်များ ဒီဇိုင်ဆွဲမယ်လို့ ကြေငြာခဲ့ဖူးပါတယ်။

ဒီစနစ်များဟာ ကိုဗစ်ကာလမှစပြီး လူအများ ပိုမို အစဉ်ပြေစေမည့် ထိတွေ့မှု မရှိသည့် ပို့ဆောင်ရေးစနစ်ကို အထောက်အကူ ပြုနေပါတယ်။
ဆိုးကျိုးအနေဖြင့် အနာဂါတ်တွင် အဆိုပါ ယာဉ်များ အပြည့်အဝ လုပ်ဆောင်လာနိုင်ပါက ထရပ်ကားမောင်းသူများနှင့် ပစ္စည်းပို့သူများအတွက် အလုပ်အကိုင်များ ရှားပါး လာဖွယ် ရှိနေပါတယ်။
Knowledgeworms Copyright © 2021