သင့်ကို လွမ်းဆွတ်တဲ့ ခံစားချက်အတွက် သုံးနေသည်ဖြစ်စေ၊ စက်ပစ္စည်းတခုကို အကြာကြီး သုံးတတ်လို့ပဲ ဖြစ်စေ ဆယ်စုနှစ်တခု ရှိလာပြီဖြစ်တဲ့ Android Gingerbread ကိုသုံးနေဆဲ ဖုန်းများကို နှုတ်ဆက်ချိန် ရောက်လာပါပြီ။
လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့ကစပြီး Google ဟာ Android 2.3.7 နှင့် အောက် mobile OS တွေ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေကို ၎င်းရဲ့ Google service တွေ ပေးမသုံးတော့ဘူးလို့ တရားဝင် ကြေငြာပြီး ဖြစ်ပါတယ်။
ဒါဟာ Android အသုံးပြုသူတဦးရဲ့ မရှိမဖြစ် လိုအပ်နေတဲ့ အစိတ်အပိုင်းအားလုံးကို ထိထိရောက်ရောက် ဖြတ်တောက် ပစ်လိုက်တာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် စက်တင်ဘာ ၂၇ ရက်နေ့ နောက်ပိုင်းတွင် Android 2.3.7 နှင့်အောက် ဖုန်းများတွင် google account ကို sign in ပြုလုပ်ကာ Google product များဖြစ်တဲ့ Gmail၊ YouTube နှင့် Maps များကို အသုံးပြုသည့်အခါ username သို့မဟုတ် password error တက်မည်ဖြစ်ပါတယ်။
တကယ်လို့ သင်အသုံးပြုနေသည့် စက်ဟာ Android 3.0 နှင့် အထက်ကို မြှင့်တင်နိုင်ပါက Google ဟာ ၎င်း၏ apps နှင့် service များကို ဆက်လက်အသုံးပြုနိုင်ရန် update ပြုလုပ်ဖို့ သတိပေးမှာ ဖြစ်ပါတယ်။
သင်ဟာ လက်ရှိအသုံးပြုနေတဲ့ စက်ကို update မပြုလုပ်နိုင်ရင်တော့ mobile browser မှ တဆင့် Google account ကို log in ပြုလုပ်နိုင်မှာပါ။
Gingerbread ဟာ Android ရဲ့ သတ္တမမြောက်ဗားရှင်း ဖြစ်ပြီး နှစ်စဉ် update အချိန်ဇယားကို အပြည့်အစ အစပြုသည့် မိုဘိုင်း OS တခုဖြစ်ပြီး မိုဘိုင်းဖုန်းသမိုင်းတွင် အထင်ရှားဆုံး ဖြစ်ခဲ့ပါတယ်။

Google ဟာ အဲဒီ့နောက်မှာ tablet သီးသန့်အတွက် Android 3.0 Honeycomb ကို ထုတ်ပေးခဲ့ပြီး အဲဒီ့နောက်မှာတော့ Android 4.0 Ice Cream Sandwish ထွက်ရှိလာတာ ဖြစ်ပါတယ်။
Gingerbread တွင် ယနေ့ကျွန်တော်တို့ အသုံးပြုနေတဲ့ ဖိပြီး select ကာ copy and paste လုပ်သည့် feature ကို စတင် မိတ်ဆက်ခဲ့ပါတယ်။
ဒါ့အပြင် Gingerbread ဟာ ကင်မရာ ၂ လုံး (ရှေ့တလုံး၊ နောက်တလုံး) နှင့် NFC အတွက် အထောက်အပံ့စတင် ပေးနိုင်ပြီး ကြိုးမဲ့ ငွေပေးချေမှုအတွက် လမ်းခင်း ပေးခဲ့ပါတယ်။
Android ကို မိုဘိုင်း operating system တခုအဖြစ် လူအများ ထောက်ခံမှုဖြင့် အစောပိုင်း Gingerbread ဟာ ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်မှာ ထွက်ပေါ်လာ ခဲ့တာ ဖြစ်ပါတယ်။
Google ဟာ OS ကို ပိုပြီး လျှင်လျှင်မြန်မြန် update လုပ်နိုင်ဖို့အတွက် အလုပ်တွေ များစွာ လုပ်ခဲ့ရပါတယ်။
Ars Technica ၏ အဆိုအရ Gingerbread ၏ Google app များနှင့် service များကို ဝင်ခွင့် ပိတ်ပင်ခြင်းဟာ ကျန် Android OS များအတွက် ဝန်ဆောင်မှုတခု ဖြစ်တယ်လို့ သိရပါတယ်။
အကြောင်းကတော့ ယခင် Android ဗားရှင်း အဟောင်းဟာ two-factor authentication ကဲ့သို့ လုံခြုံရေး စနစ်များ မပါရှိတဲ့အတွက် ယနေ့ခေတ်မှာ လုံခြုံမှု မရှိတော့ပါဘူး။

Tablet များသာ သုံးနိုင်တဲ့ Android 3.0 Honeycomb ဟာ လက်ရှိ Google ကို အသုံးပြုနိုင်တဲ့ နောက်ဆုံး ဗားရှင်း ဖြစ်လာပါပြီ။
၁၉၉၈ ခုနှစ်က အင်တာနက်အသုံးပြုသလိုပဲ ယခင် Android ဗားရှင်းများမှာ third-pary ဆော့ဖ်ဝဲများ အကူအညီမပါဘဲ အသုံးပြုနိုင်ဖို့ဆိုတာ ပိုမို ခက်ခဲလာတော့မှာပါ။
ဘာပဲ ဖြစ်ဖြစ် ယခု လက်ရှိမှာတော့ Android Gingerbread ကို အသုံးပြုနေသည့် အရေအတွက်မှာ မိုဘိုင်းဖုန်းအသုံးပြုသူ စုစုပေါင်း၏ ၀.၂ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။
ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ မိုဘိုင်း OS ကောင်းတခုဖြစ်ခဲ့တဲ့ Gingerbread ကြီးဟာ သင်္ချိုင်း ရောက်သွားရင်တောင်မှ သုံးစွဲသူများအတွက် အနှောင့်အယှက် ကြီးကြီးမားမားတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။
Knowledgeworms Copyright © 2021