ကျွန်တော်တို့ သွေးလှူ၊ သွေးသွင်းတဲ့အခါ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ သွေးနီဥ ဆဲလ်တွေပေါ်မှာ လှည့်ပတ်နေတဲ့ ပရိုတိန်းတွေကို အခြေခံထားတဲ့ သီးခြား အစားအစာတွေကို စားဖို့လိုအပ်တဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ သွေးအမျိုးအစားကို တွေးတောလေ့ရှိပါတယ်။
ထို့ကြောင့် သင့်ရဲ့ကိုယ်ပိုင် အလေ့အထအပေါ်မူတည်ပြီးတော့ သိပ္ပံပညာရှင်တွေက ရည်ညွှန်းတဲ့ သွေးအမျိုးအစား သို့မဟုတ် သွေးအုပ်စုအပေါ် သင်ဟာ မတွေးမိသလောက်ရှိနေမယ် ဒါမှမဟုတ် အချိန်တိုင်း စဉ်းစားနေနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် တိရစ္ဆာန်တွေကရော သူတို့ရဲ့သွေးအမျိုးအစားတွေကို ဘယ်လောက်တွေးတောလဲ။
တိရစ္ဆာန်အသိဥာဏ်နှင့် ပတ်သက်ပြီး ကျွန်တော်တို့ သိထားသလောက်တော့ သူတို့ဟာ ဘယ်လိုမှ စဉ်းစားမှာ မဟုတ်ဘူးဆိုတာ အသေ အချာပါပဲ။
ဒါပေမယ့် လူသားတွေကတော့ တိရိစ္ဆာန်တွေ အကြောင်းကို စဉ်းစားပါတယ်။
ဘာလို့လဲဆိုတော့ တစ်ခါတစ်ရံမှာ တိရစ္ဆာန်တွေကလည်း သွေးသွင်းတာကို ခံရပြီး ကျွန်တော်တို့ မြွေပါ (သို့) ခွေး (သို့) ကြက်တူရွေးကိုပေးနေတဲ့သွေးက သွေးသဟဇာတ ဖြစ်မှုကို မဖြစ်စေဘူးဆိုတာကို သေချာစေချင်လို့ ဖြစ်ပါတယ်။

၎င်းဟာ မျိုးမတူတဲ့သွေးကို တိုက်ခိုက်ဖို့ လက်ခံသူရဲ့ ခုခံအားစနစ်ကိုဖြစ်စေခြင်း၊ လှူဒါန်းသောသွေး၌ သွေးနီဆဲလ်ဆဲလ်ပရိုတိန်းများ (သို့) antigens များကို ဆန့်ကျင်တဲ့ ပဋိပစ္စည်းများ ထုတ်လုပ်ခြင်း စတဲ့ ဆန့်ကျင်ဘက် တုန့်ပြန်မှုများ ဖြစ်နိုင်ပါတယ်။
တိရိစ္ဆာန်အားလုံးမှာ သွေးအုပ်စုတွေရှိပေမဲ့ မျိုးစိတ်တိုင်းမှာ ကွဲပြားတဲ့ စနစ်တစ်ခုရှိပြီး အိမ်မွေးနို့တိုက်သတ္တဝါတွေရဲ့စနစ်တွေအကြောင်းအများစုကို ကျွန်တော်တို့သိကြပါတယ်။
လူ့သွေးအုပ်စုဟာ A၊ B၊ O စတဲ့ ကွဲပြားတဲ့ antigens သုံးခုပေါ်တွင် အခြေခံပါတယ်။
ကျွန်တာ်တို့မှာ ရှိနိုင်တဲ့ သွေးအမျိုးအစားများမှာ A, B, AB နှင့် O တို့ဖြစ်ပြီး တစ်ခုချင်းစီဟာ Rh အပေါင်း (သို့) အနုတ်ဖြစ်နိုင်ပါတယ်။
(O-) သွေးကို ယေဘူယျအားဖြင့် အခြား ဘယ်သွေးအမျိုးအစားကမဆို လက်ခံနိုင်ပြီး AB သွေးအမျိုးအစား ကတော့ အခြားသွေးအမျိုးအစား အားလုံးကို လက်ခံနိုင်ပါတယ်။
ခွေးများတွင် သူတို့ရဲ့သွေးနီဥများနဲ့ ကပ်နိုင်တဲ့ မတူညီတဲ့ antigens ရှစ်ခုထက် ပိုများပြီး အများစုမှာ Dog Erythrocyte Antigen (DEA 1.1, 1.2, 3, 4, 5, 6 and 7) လို့ခေါ်ကြပါတယ်။
များသောအားဖြင့် ခွေးအမျိုးအစားတစ်ခုချင်းစီဟာ တူညီသော သွေးအမျိုးအစား ရှိနိုင်ပါတယ်။
ဥပမာအားဖြင့် greyhounds ၆၀ ရာခိုင်နှုန်းသည် DEA 1.1 – (တခြားသွေးအမျိုးအစားအားလုံးကိုလှူနိုင်တဲ့) သွေးအုပ်စုထဲသို့ ကျပါတယ်။
သို့သော် ခွေးစွယ်သွေးအုပ်စုသစ်များကို ရှာဖွေတွေ့ရှိနေဆဲဖြစ်ပါတယ်။
မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့တဲ့ Dal သွေးအုပ်စုဥပမာအား ဒယ်လ်မေးရှင်းခွေးများ တွင်သာ တွေ့ရပါတယ်။
အခြားတစ်ဖက်မှာတော့ ကြောင်များတွင် လူ့သွေးများ၌ တွေ့ရသော A နှင့် B antigens များနဲ့ မတူညီနိုင်သော်လည်း antigens နှစ်ခုသာရှိပါတယ်။

သွေးအမျိုးအစား အားလုံးကို ပေးနိုင်သူ (သို့) လက်ခံသူတွေဟာ ကြောင်သွေးအုပ်စုတွေမှာ မရှိပါဘူး။
သို့သော်အိမ်မွေးကြောင်အမျိုးအစား (၉၀ ရာခိုင်နှုန်းပတ်လည်) တွင် A သွေးအမျိုးအစားရှိပါတယ်။
ပိုဆန်းပြားတဲ့ မျိုးစိတ်တွေမှာ B၊ AB သွေးအမျိုးအစားလည်း ဖြစ်နိုင်ပါတယ်။ သို့သော်ရှားပါးပါတယ်။
ခွေးတွေလိုပဲ မြင်းသွေးအုပ်စုများကို မျိုးရိုးနဲ့လိုက်လျောညီထွေစွာ ဖွဲ့စည်းထားပါတယ်။ သို့သော် ကွဲပြားတဲ့ antigens ၈ ခု A, C, D, K, P, Q နှင့် U တို့ကိုပေါင်းစပ်ထားတဲ့ အုပ်စု ၃၀ ရှိတာကို သုတေသနအရတွေ့ရပါတယ်။
နွားများသည် အဓိကသွေးအုပ်စု ၁၁ ခု (A, B, C, F, J, L, M, R, S, T, Z) ရှိသော်လည်း B အုပ်စုတွင် သွေးသွင်းဖို့ ခက်ခဲတဲ့အတွက် သွေးကိုက်ညီမှုတွေကို ပြုလုပ်နေလျက် ကွဲပြားတဲ့ antigens ၆၀ ကျော်ပါဝင်ပါတယ်။
နောက်တစ်ကြိမ်မှာ သင့်ရဲ့ အိမ်မွေး အဖော်ကို သွေးသွင်းဖို့ လိုတဲ့အခါမှာ အဲဒါတွေအားလုံးကို မှတ်ထားပါ။
တိရစ္ဆာန်တွေမှာ တူညီတာတွေရှိပေမယ့် ကျွန်တော်တို့ကို ကွဲပြားစေတာတွေကတော့ အများကြီးရှိဆဲပါပဲ။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။