တိရစ္ဆာန်တွေက အချင်းချင်း ပွေ့ဖက်တတ်ကြသလား

Article Nature

ကပ်ရောဂါက ကျွန်ုပ်တို့ ဘဝရဲ့ အရင်းနှီးဆုံး လုပ်ရပ်များထဲမှ တစ်ခုဖြစ်တဲ့ ပွေ့ဖက်မှုကို နှောက်ယှက်ခဲ့ပါတယ်။

ဒါ့ကြောင့် ကျွန်ုပ်တို့ လူ့ဘ၀မှာ ရိုးရှင်းတဲ့ အဆိုပါ လုပ်ရပ်ရဲ့ အရေးပါမှုကို လေးနက်စွာ သိရှိလာပါတာပဲ ဖြစ်ပါတယ်။

သို့သော် ပွေ့ဖက်ခြင်းက ကျန်တိရိစ္ဆာန် လောကမှာ ရှိနေသလား၊ လူသားတို့ ကျင့်ကြံပြုမူသော အခြားမျိုးစိတ်များ ရှိပါသလား၊ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။

အဲဒါကိုဖြေဖို့အတွက် ဦးစွာ “ပွေ့ဖက်ခြင်း” ဆိုတဲ့အဓိပ္ပါယ်ကို အတိအကျသတ်မှတ်ရပါမယ်။

လူ့ရှုထောင့်မှ ကြည့်ရင် တစ်စုံတစ်ယောက်က အခြားသူတစ်ဦးကို ပွေ့ဖက်ထားတဲ့ အခါမှာ ပွေ့ဖက်ခြင်း ဖြစ်ပေါ်လာပါတယ်။

သဘာဝအားဖြင့် ပွေ့ဖက်ခြင်းကို ထူးခြားတဲ့ လူ့စရိုက်တစ်ခုအဖြစ် မြင်နိုင်သော်လည်း၊ လူသားမဟုတ်တဲ့ မျောက်ဝံများရဲ့ဘဝမှာတော့ ထင်ရှားတဲ့ အရာအဖြစ် လျင်မြန်စွာဖော်ပြထားပါတယ်။

ဥပမာ ဘိုနိုဘိုများကို မျောက်ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးသူများ အဖြစ် မကြာခဏ ဖော်ပြလေ့ရှိပါတယ်။

အဆိုပါ မျောက်ဝံများကို United Kingdom ရှိ Durham တက္ကသိုလ်မှ နှိုင်းယှဉ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိတ်ပညာရှင် primatologist Zanna Clay က လေ့လာမှုတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Clay က အဆိုပါ အပြုအမူတွေဟာ ငယ်ရွယ်စဉ်မှာ ၎င်းတို့ရဲ့ မွေးကင်းစ ကလေးများကို ပွေ့ပိုက်ထားသည့် ဘိုနိုဘို မျောက် bonobos (Pan paniscus) မိခင်ရဲ့ အပြုအမှုတွေကနေ အမြစ်တွယ်နေခဲ့တာဟု ဆိုပါတယ်။

သုတေသီများက အဆိုပါ ပွေ့ဖက်ခြင်းအပြုအမူတွေဟာ ငယ်ရွယ်တဲ့ ဘိုနိုဘိုများတွင် အဖြစ်အများဆုံးဖြစ်ပြီး ၎င်းတို့ဟာင် ပဋိပက္ခ သို့မဟုတ် ဖိစီးမှုများကြုံတွေ့ပြီး နောက်တွင်လည်း ပုံမှန်အားဖြင့် ပွေ့ဖက်လေ့ ရှိကြောင်း လေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မကြာခဏ ဆိုသလို စိတ်ဆင်းရဲနေတဲ့ ဘိုနိုဘိုတွေက တောင်းဆိုသည့် အမူအရာဖြင့် လက်များကို ဆန့်ထုတ်ကာ အခြား ဘိုနိုဘို တစ်ကောင်ဆီသို့ သိသိသာသာ ပြေးလာပြီး တင်းကျပ်စွာ ပွေ့ဖက်ထားတတ်ကြတယ်ဟု ဆိုပါတယ်။

Clay က တိရိစ္ဆာန်တွေရဲ့ စိတ်ခံစားမှုတွေကို သိရှိဖို့ ခက်ခဲပေမယ့် သက်သေ အထောက်အထား တွေက လူသားတွေ လိုပဲ ပွေ့ဖက်ထားနိုင်ခြေကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

bonobos (Pan paniscus)

အံ့အားသင့်စရာကောင်းတာက ယခင်သုတေသနပြုချက်အချို့မှာ မိဘမဲ့ ဘိုနိုဘိုလေးတွေက မိခင်များရဲ့ ပြုစုပျိုးထောင်ခဲ့သည့် ဘိုနိုဘိုလေးတွေနှင့် နှိုင်းယှဉ်ပါက ဒုက္ခရောက်နေသော ရွယ်တူချင်းများအား ကိုယ်ချင်းစာနာစိတ်ဖြင့် ပွေ့ဖက် ထားနိုင်ခြေ နည်းပါးကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒါ့ကြောင့် မျောက်ဝံတွေမှာလည်း လူမှုရေး အမူအရာအတွက် အုတ်မြစ်ချရာတွင် မိဘ စောင့်ရှောက်မှုရဲ့ အရေးပါမှုကို ညွှန်ပြနေတယ်ဟု ဆိုပါတယ်။

ဘိုနိုဘိုများရဲ့ ပွေ့ဖက်ခြင်းကို အထူးနှစ်သက်ခြင်းကဲ့သို့ အခြားသော မျောက်မျိုးစိတ်များစွာမှာလည်း အဆိုပါ အပြုအမူကို တွေ့ရပါတယ်။

အဆိုပါ မျိုးစိတ်တွေမှာ မိခင်များက ၎င်းတို့ရဲ့ မွေးကင်းစ ကလေးငယ်များကို နို့စို့အရွယ် ကာလကြာရှည်စွာ အနီးကပ် ပြုစုစောင့်ရှောက်ပေးတတ်ကြပါတယ်။

ပွေ့ဖက်ခြင်းက အန္တရာယ်ရင်ဆိုင်ရမှုတွင် စိတ်ချမှုတစ်ခုအဖြစ် လုပ်ဆောင်ပေးပြီး တကယ်လို့ သူတို့ဟာ သားကောင်တွေ ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ အရာ တစ်ခုခုကို ကြားလိုက်ရရင်၊ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက် တတ်ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင် နေထိုင်သည့် မကာကာနီဂရာမျောက်တွေမှာဆိုရင် ၎င်းတို့ရဲ့ နှုတ်ခမ်းများကို အသံကြားအောင် ရိုက်ခြင်းဖြင့် ပွေ့ဖက်ဖို့ တောင်းဆိုတက်ကြပါတယ်။

ဒါ့အပြင်၊ အန္တရာယ်နှင့်ရင်ဆိုင်ရတဲ့အခါ အချင်းချင်း အပြေးအလွှား ပွေ့ဖက်နေကြတာကို တွေ့ရှိရတဲ့အတွက်ကြောင့် ပွေ့ ဖက်ခြင်းဟာ ဖိစီးမှု သို့မဟုတ် ကြောက်ရွံ့ချိန်မှာ စိတ်သက်သာရာရစေမည့် အခန်းကဏ္ဍကို အလေးပေး ထားပါတယ်။

ဒါ့အပြင် မျောက်ဝံများတွင် ပွေ့ဖက်ခြင်းဆိုင်ရာ သုတေသန အများစုက အခြားသူများကို စိတ်ချမ်းသာစေပြီး နှစ်သိမ့်မှုပေးရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်တယ်ဟု ဆိုပါတယ်။

တိရိစ္ဆာန်အမူအကျင့်ပညာရှင် Filippo Aureli က ပင့်ကူမျောက်တွေကတော့ ပဋိပက္ခမှ ပြန်လည်ကောင်းမွန်လာစေဖို့ မဟုတ်ဘဲ အချင်းချင်း ချဉ်းကပ်ကာ တင်းမာမှုများ ပဋိပက္ခအဖြစ်သို့ ခြိမ်းခြောက်နိုင်သည့် အခြေအနေများတွင် ပိုမိုထွေးပွေ့ထားကြောင်း တွေ့ရှိခဲ့တယ် ဟု ဆိုပါတယ်။

သို့သော် ပွေ့ဖက်ခြင်းဟာ အချက်ပြမှုကို ပေးပို့တဲ့နည်းလမ်းတစ်ခုဖြစ်ပြီး ကွဲလွဲနေတဲ့ ဆက်ဆံရေးကို အမှန်တကယ် စီမံခန့်ခွဲနိုင်ပါတယ်။

လူသားတွေအကြောင်းပြောရင် လူမှုဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပွေ့ဖက်ခြင်းရဲ့ လုပ်ဆောင်ချက်အချို့မှာ သိသာထင်ရှားတဲ့ ဆက်နွယ်မှုတွေ ရှိနေတယ်ဟု ဆိုပါတယ်။

မျောက်ဝံများရဲ့ ပွေ့ဖက်ခြင်းက ကျွန်ုပ်တို့ရဲ့ပုံသဏ္ဌာန်တူတာကြောင့် ခွဲခြားရလွယ်ကူသော်လည်း အခြားမျိုးစိတ်များမှာတော့ မတူညီတဲ့ ပွေ့ဖက်မှုများရှိနိုင်ပါတယ်။

ပွေ့ဖက်ခြင်းရဲ့ လုပ်ဆောင်ချက်ကို ခွဲခြားသိမြင်နိုင်မယ်ဆိုရင်၊ အသွင်သဏ္ဍန်ဟာ လုံးဝကို ကွဲပြားသွားနိုင်ပါတယ်။

အခြားသော နို့တိုက်သတ္တဝါ ရာပေါင်းများစွာမှာ နှစ်သိမ့်မှုနှင့် နွေးထွေးမှုပေးဖို့ သို့မဟုတ် အန္တရာယ်ကို ကာကွယ်ပေးဖို့ တခြားအမူအကျင့်မျိုးစုံနဲ့ အချင်းချင်း မှီခိုကာ နေထိုင်ကြပါတယ်။

ဒါ့ကြောင့် လူသားများ ပွေ့ဖက်ခြင်းဟု သိထားသောအရာဟာ တိရစ္ဆာန်တွေမှာလည်း အနည်းဆုံး တူညီမှုများစွာရှိနိုင်တယ်ကို တွေ့ရပါတယ်။

ကမ္ဘာတဝှမ်းလုံးမှာ နှစ်သိမ့်မှုနှင့် သေးငယ်တဲ့ အခြား အပြုအမူများကို လုပ်ဆောင်သည့် တိရစ္ဆာန် အများအပြားရှိပြီး ခက်ခဲတဲ့ အခြေအနေများကို အချင်းချင်း သက်တောင့်သက်သာ ရှိအောင် ပွေ့ဖက်မှု ကဲ့သို့ နှစ်သိမ့်မှုများ လုပ်ဆောင် ပေးကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com