ဘယ်တိရစ္ဆာန်တွေက လက်တံ အရှည်ဆုံးလဲ

Knowledge Nature

ဒီအကြောင်းအရာဟာ ခန္ဓာကိုယ် အရွယ်အစားနဲ့လည်း သက်ဆိုင်ပါတယ်။

အရွယ်အစားတစ်ခုတည်းအပေါ်အခြေခံ ကြည့်မယ်ဆိုရင် Humpback ဝေလငါးတွေဟာ ၎င်းတို့ရဲ့ ကုန်းနေ နို့တိုက်သတ္တဝါ ဘိုးဘေးတွေရဲ့ လက်တွေပုံစံကနေ ဆင့်ကဲ ပြောင်းလဲလာတာဖြစ်ပြီး အရှည် 16 ပေ (4.9 မီတာ) အထိ ရှည်လျားနိုင်ကာ

၎င်းတို့ရဲ့ ကြီးမားတဲ့ လက်တံရေယက်များဖြင့် အခြားသော အန္တရာယ်တွေကို အလွယ်တကူ ချေမှုန်းနိုင်ပါတယ်။

သို့သော်လည်း လေ့လာစမ်းသပ်မှုတွေအရ ခန္ဓာကိုယ်အရွယ်အစားရဲ့အချိုးကို နှိုင်းယှဥ်ကြည့်ခြင်းအားဖြင့် နို့တိုက်သတ္တဝါ နှစ်မျိုးဟာ လက်တံရှည်တာကို တွေ့မြင်ခဲ့ရပါတယ်။

Humpback ဝေလငါး

ပထမဆုံး​အနေနဲ့ အရှည်ဆုံးလက်နှစ်ဖက်နဲ့ ခန္ဓာကိုယ်အရွယ်အစားနှိုင်းယှဥ်ပါက အာရှအရှေ့တောင်ဘက်ရှိ တောအုပ်တွေမှာ နေထိုင်လေ့ရှိတဲ့ မျက်ကွင်းညို မျောက်လွှဲကျော်တွေဟာ လက်တံအတော်ရှည်တာကို တွေ့ရပါတယ်။

သို့ပေမယ့်လည်း three-toed စလော့မျိုးစိတ် အနည်းငယ်ဟာ လက်တံအရှည်ဆုံး ပထမနေရာမှာ ရှိတယ်ဟု နယူးယောက်စီးတီးရှိ အမေရိကန် သဘာဝသမိုင်းပြတိုက်မှ သတ္တဗေဒပညာရှင်နှင့် နို့တိုက်သတ္တဝါပညာရှင် Mary Ellen Holden ရဲ့ ပြောကြားချက်အရ သိရပါတယ်။

နို့တိုက်သတ္တဝါများရဲ့ ခြေလက်အင်္ဂါများကို နှိုင်းယှဉ်ခြင်းအတွက် အဓိကအချိုးမှာ Intermembral (IM) အညွန်းကိန်းဖြင့် မှတ်ယူပါတယ်။

တိရစ္ဆာန်ရှေ့ခြေလက်များရဲ့အလျားကို ၎င်းရဲ့နောက်ခြေလက်အင်္ဂါအလျားဖြင့် ပိုင်းခြားပြီး 100 နှင့် မြှောက်ခြင်းဖြစ်ပါတယ်။

Siamang မျောက်

လူသားတွေမှာ IM အညွှန်းကိန်း 68 မှ 70 ဝန်းကျင်ရှိပါတယ်၊ ဆိုလိုတာက ကျွန်ုပ်တို့ရဲ့လက်တွေ နှင့် ခြေထောက်တွေဟာ ခန္ဓာကိုယ်ရဲ့ 70% ခန့်ရှည်လျားတယ်ဟုဆိုလိုခြင်းဖြစ်ပါတယ်။

အသက်ရှင်နေတဲ့ သို့မဟုတ် ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့ တိရစ္ဆာန်​တွေရဲ့ IM အညွှန်းကိန်းဟာ လှည့်ပတ်သွားလာတဲ့အခါ မည်သည့်ခြေလက်အင်္ဂါများကို အသုံးပြုတယ်ဆိုတဲ့အချက်အပေါ် မူတည်ပါတယ်။

တက်ခြင်းနှင့်ခုန်ခြင်းတို့ ပြုလုပ်တက်ကြတဲ့ တိရစ္ဆာန်တွေမှာ ယေဘုယျအားဖြင့် IM အညွှန်းကိန်းတွေဟာ 50 မှ 80 အထိရှိကြပါတယ်။

brachiated ရွေ့လျားမှုအဖြစ် လူသိများကြတဲ့ သစ်ပင်များမှ လွှဲချခြင်းအပါအဝင် အခြားသော hyena များကဲ့သို့ ပုံမှန် မ ဟုတ်သော လမ်းလျှောက်ပုံစံတွေကလည်း IM အညွှန်းကိန်းနဲ့ ဆက်စပ်နိုင်တယ်ဟု Holden က ဆိုပါတယ်။

အကြမ်းဖျင်းအားဖြင့် မျောက်လွှဲကျော်တွေဟာ ၎င်းတို့ရဲ့ခြေထောက်တွေထက် ၁.၅ ခန့်ပိုရှည်လျားတဲ့ လက်တွေရှိပြီး မျောက်ဝံများကြားတွင် IM အညွှန်းအများဆုံးအတွက် အကောင်းဆုံးပြိုင်ဖက်များထဲမှာလည်း ပါဝင်ပါတယ်။

Hyena

ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် တွေ့ရသော အနက်ရောင် အမွှေးအမျှင်တွေရှိတဲ့ Siamang (Symphalangus syndactylus) ဟုခေါ်တဲ့ မျောက်လွှဲကျော်မျိုးစိတ်၊ တရုတ်၊ လာအိုနှင့် ဗီယက်နမ် မြောက်ပိုင်းတို့တွင် တွေ့ရသော

မျိုးတုံးပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိနေတဲ့ black crested မျောက်လွှဲကျော် (Nomascus concolor) တွေဟာ ပျမ်းမျှ IM အညွှန်းကိန်း 140 နှင့် 147 အသီးသီးရှိကြပါတယ်။

“မျောက်လွှဲကျော်တွေဟာ အကိုင်းအခက်တွေကို ဆုပ်ကိုင်ပြီး လွှဲလိုက်ခြင်းအားဖြင့် အစာရှာဖို့ သွားလာခြင်းကနေ ဆင့်ကဲပြောင်းလဲလာခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ ရှည်လျားရှည်လျားတဲ့ လက်မောင်းလိုင်းတွေအတွက် ရွေးချယ်မှုဖြစ်လာခဲ့တယ်” ဟု Holden မှ Live Science သို့ ပြောကြားခဲ့ပြီး “သူတို့ပခုံးတွေကို 360 ဒီဂရီနီးပါး လှည့်နိုင်ပါတယ်” ဟုလည်းဆိုပါတယ်။

ဒါ့အပြင် Pale-throated စလော့လေးတွေ နှင့် brown-throated စလော့လေးတွေဟာ ၎င်းတို့ရဲ့ ခြေထောက်​တွေ ထက် ပျမ်းမျှအားဖြင့် ၁.၇ ဆ ပိုရှည်သော လက်​တွေရှိပြီး IM အညွှန်းကိန်း 171 နှင့် 172 အသီးသီး ရှိပါတယ်။

စလော့ Sloth

စလော့လေးတွေနဲ့ မျောက်လွှဲကျော်တွေဟာ သစ်ပင်တွေပေါ်မှာ ၎င်းတို့ရဲ့ လက်တွေကို အသုံးပြုပုံ မတူညီကြပါဘူး။

စလော့လေးတွေဟာ စံချိန်တင်လောက်အောင် နှေးကွေးစွာသွားလာကြပေမည့် မျောက်လွှဲကျော်တွေကတော့ လျင်မြန်စွာ သွားလာနိုင်ကြပါတယ်။

Holden ရဲ့ပြောကြားချက်အရ အချို့ ပျင်းရိသော အကောင်တွေဟာ ၎င်းတို့ရဲ့ ခြေထောက်များထက် နှစ်ဆအထိ ရှည်တဲ့ လက်များ ရှိနေတယ်ဟု ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.