မကြာသေးမီက လက်ရှိအသုံးပြုနေသည့် ကျပ် ၅၀၀၀ တန်နှင့် ၁၀,၀၀၀ တန်များကို ရုတ်သိမ်းမည်ဆိုသည့် သတင်းများ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူအများ စိုးရိမ်ပူပန်ပြီး ဘဏ်များတွင် ငွေများ ထုတ်ယူခြင်း၊ ရွှေများဝယ်ယူခြင်းများ ပြုလုပ်နေကြပါတယ်။
ဒီလိုမျိုး မတည်မငြိမ်ဖြစ်တာဟာ ရွှေဈေးကို အဆမတန် မြင့်တက်စေပြီး အမှားအယွင်းများလည်း ဖြစ်ပေါ်နိုင်ပါတယ်။

မကြာသေးမီကပဲ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန် ကြေငြာချက် ထုတ်ပြီးပါပြီ။ ယခုပျံ့နှံ့နေသော သတင်းများဟာ မဟုတ်မမှန်ကြောင်းနှင့် လက်ဝယ်ရှိသော ၅၀၀၀ တန် နှင့် ၁၀,၀၀၀ တန်များကိုလည်း ယုံကြည်စွာ ဆက်လက်သုံးစွဲနိုင်ကြောင်း ဗဟိုဘဏ်က ပြောကြားတာပါတယ်။
လက်ရှိမှာတော့ CB bank၊ Myanmar Apex Bank (MAB) တို့၏ တရားဝင် စာမျက်နှာများမှာ နိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ကြေငြာချက်ကို တင်ထားတာ တွေ့ရပါတယ်။ သွားရောက် ကြည့်ရှု နိုင်ကြပါတယ်ခင်ဗျာ။
ပိုမို သေချာစေလိုပါက မြန်မာနိုင်ငံဗဟိုဘဏ် ၏ အင်တာနက် Website ပေါ်တွင်လည်း သွား ရောက် ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။
မျှားပြထားသည့် နေရာကို နှိပ်ကာ ကြေငြာချက်ကို ရယူနိုင်ပါတယ်။

ZawGyi