ငှက်ဖျားရောဂါရဲ့ ဇစ်မြစ် အ‌နောဖလိစ် တွေ့ရှိမှု

History Knowledge

ငှက်ဖျားရောဂါပိုးကို သယ်ဆောင်ပို့ဆောင်တတ်တဲ့ ခြင်အမျိုးအစားကို အနောဖလိစ်(Anopheles)လို့ ခေါ်ပါတယ်။အနက်နဲ့အဖြူကြားဖြစ်တဲ့ အနောဖလိစ်ခြင်ဟာ တစ်ခြားခြင်မျာနဲ့ မတူပါဘူး။နားတဲ့အခါ ဖင်ကလေးထောင်ပြီး နားတတ်ပါတယ်။

အဲဒီခြင် ဖြစ်လာမယ့် ပိုးလောက်လန်းကလေးတွေကတော့ ရေမျက်နှာပြင်မှာကပ်ပြီး ပက်လက်ကလေး  နေတတ်ကြပါတယ်။အနောဖလိစ်ခြင်ကို မပေါက်ပွားအောင် တားဆီးနိုင်ရင် ၊ အဲဒီခြင် မကိုက်အောင် ကာကွယ်နိုင်ရင်

ငှက်ဖျားရောဂါကို ကာကွယ်တားဆီးပြီး ဖြစ်သွားပါလိမ့်မည် ဖြစ်ပါတယ်။
ငှက်ဖျားရောဂါဟာ ခြင်ကြောင့်ဖြစ်ပွားတယ်၊ခြင်များဟာ ငှက်ဖျားရောဂါဖြစ်ပွားနေတဲ့ လူနာကိုယ်ရဲ့သွေးကို စုပ်ယူလာပြီး နောက်ကိုက်မိသမျှ လူတွေရဲ့သွေးထဲကို ငှက်ဖျားပိုးများ ပျံ့နှံ့စေပါတယ်။

ဒေါက်တာ ရော်နယ်ရော့စ်

အဲလိုနည်းနဲ့ ငှက်ဖျားရောဂါ ပျံ့ပွားတတ်တယ်ဆိုတဲ့အကြောင်းကို ရှာဖွေတွေ့ရှိခဲ့သူကတော့ ဒေါက်တာ ရော်နယ်ရော့စ် (၁၈၅၇-၁၉၃၂) ဆိုသူ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါဟာ သမိုင်းဦးခေတ် ကတည်းက လူတွေကို ဒုက္ခပေးလာခဲ့တာပါ။နှစ်စဉ်နှစ်တိုင်း ငှက်ဖျားရောဂါကြောင့် လူသန်းပေါင်းများစွာ သေဆုံးခဲ့ကြရပါတယ်။တက်ဖျားကျဖျားနဲ့ ကြာရှည်စွာနှိပ်စက်ခံရသူများဟာ ဘာကိုမှမလုပ်နိုင်မကိုင်နိုင်လောက်အောင်  အားအင်ကုန်ခမ်းပြီး စိတ်ဓါတ်ကျဆင်းတတ်ပါတယ်။

ဒီလိုဆိုရွားတဲ့ ရောဂါဇာစ်မြစ်နဲ့ပတ်သက်လို့ ရာစုနှစ်ပေါင်းများစွာ ရှာဖွေလေ့လာခဲ့ကြပါတယ်။၁၆၄၀ ခုနှစ်မှာ ပီရူးနိုင်ငံ ဘုရင်ခံကတော်ရဲ့ ငှက်ဖျားရောဂါကို ကွီနိုင်နဲ့စတင်ကုသပြီး ပျောက်ကင်းခဲ့တဲ့အတွက် ငှက်ဖျားရောဂါပျောက်ဆေးကို စတင်တွေ့ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ငှက်ဖျားရောဂါကို ကွီနိုင်နဲ့ကုသလို့ရပြီဆိုသည့်တိုင် ငှက်ဖျားရောဂါရဲ့ ဇာစ်မြစ်ကိုတော့ ကာလရှည်ကြာစွာ မသိဘဲ ရှိနေခဲ့ကြရပါတယ်။ဂရိလူမျိုးများကတော့ ရွံနွံဗွက်အိုင်များနှင့်ငှက်ဖျားရောဂါ ဆက်စပ်တယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။ရေဆိုးတွေက ထွက်တဲ့အနံ့အသက်ကြောင့် ဖျားတဲ့အဖျားမို့ ခေါမစကားနဲ့ မာလ်အေးရီးယား (ဂလေးရီးယား) လို့ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ သစ်ရွက်များ၊ဆေးရွက်များ ကျပြီးနေတဲ့ စိမ့်ရေ၊စမ်းရေ(ဖတ်ဆွတ်ရေ)သောက်ရင် ငှက်ဖျားဖြစ်တတ်တယ်လို့ ခုထိယုံကြည်သူများ ရှိနေပါတယ်။

အေဒီ ၄ ရာစု လောက်က ရောမစိုက်ပျိုးရေး ပညာရှင် ပါလားဒီယပ်စ်က ရေအိုင်များကို မြေဖို့လိုက်တာနဲ့  ငှက်ဖျားရောဂါဖြစ်ပွားနှုန်း ကျသွားတာကို ဆက်စပ်ပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။သူ့အနေဖြင့် ပိုးလောက်လန်းပါတဲ့ရေကို သောက်ရင် ငှက်ဖျားဖြစ်တတ်တယ်ဆိုတဲ့ အယူအဆကို လက်ခံခဲ့ပုံပေါ်ပါတယ်။

အင်နိုဖိလစ်ခြင်

သမိုင်းပညာရှင် ဟီရိုဒိုးတပ်စ်ရဲ့မှတ်တမ်းထဲမှာ အီဂျစ်နိုင်ငံမှာ ခြင်ကိုက်မခံရအောင် ခြင်ထောင်ကို အသုံးပြုတဲ့အကြောင်းတွေ့ရပါတယ်။

ငှက်ဖျားရောဂါရဲ့ လက္ခဏာရပ်များ ကုထုံးများနဲ့ပတ်သက်ပြီး သိတန်သလောက်သိလာကြသည့်တိုင်အောင် ဇာစ်မြစ်ကို တိတိကျကျမသိရသေးတော့ ရောဂါဖြစ်ပွားနှုန်းကို ထိန်းဖို့နဲ့ရောဂါကို ကာကွယ်နှိမ်နှင်းဖို့တို့ကို စနစ်တကျ မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။

၁၈၉၈ ခုနှစ်မှာ ဒေါက်တာရော်နယ်ရော့စ်ဟာ ငှက်ဖျားပိုးကို သယ်ဆောင်တဲ့ခြင်ဟာ ဖြစ်တယ်ဆိုတာကို တွေ့ရှိပြီးတဲ့နောက် ငှက်ဖျားရောဂါကို စနစ်တကျ ကာကွယ်တားဆီးနိုင်လာကြပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.