ပုရွက်ဆိတ် ဘုရင်မတွေက လုပ်သားတွေထက် သက်တမ်း ၅ ဆ ပိုရှည်ရတဲ့အကြောင်း

Article Science

ပုရွက်ဆိတ်ဘုရင်မတွေက နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ကြပြီး အလုပ်သမားတွေက လနှင့်ချီ၍သာ နေထိုင်နိုင်ကြပါတယ်။

ပုရွက်ဆိတ် မျိုးစိတ် တစ်မျိုးဟာ မကြာသေးမီက သေဆုံးသွားခဲ့သေ ဘုရင်မများ နေရာတွင် အစားထိုးဖို့အတွက် ကိုလိုနီနယ်လုံးဆိုင်ရာ ပဋိပက္ခများ ဖြစ်တတ်ကြပြီး အောင်နိုင်သူဟာ ထီးနန်းကို ရယူရုံ သာမက ၎င်းတို့ရဲ့ အသက်ရှည်မှုကိုလည်း သိသိသာသာ မြှင့်တင် ပေးတာကို တွေ့ခဲ့ရပါတယ်။

အိန္ဒိယမှ ပုရွက်ဆိတ်မျိုးစိတ်တစ်ခုဖြစ်တဲ့ Harpegnathos saltator တွေဟာ ပုရွက်ဆိတ် ဘုရင်မ တစ်ပါး ဆုံးရှုံးသွားတဲ့ အခါမှာ ထိုနေရာကို ဆက်ခံမည့်သူကို သိရှိဖို့ တိုက်ပွဲဝင်ကြပါတယ်။

အနိုင်ရတဲ့ ဘုရင်မဟာ ဥများကိုထုတ်ပေးတာအပြင် သာမန်လုပ်သားထက် 500% ပိုရှည်သော အသက်ရှည်ခြင်းကို ရရှိပါတယ်။

ဒါ့ကြောင့် အစားထိုး မိဖုရားများရဲ့ အိုမင်း ရင့်ရော်မှု နှေးကွေးစေပုံကို သိပ္ပံပညာရှင်များက ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

လျှို့ဝှက်ချက်က Imp-L2 ဟုခေါ်သော ပရိုတင်း တစ်မျိုးတွင်ရှိပြီး အစားထိုး ပုရွက်ဆိတ်ရဲ့ ခန္ဓာကိုယ်ရှိ အင်ဆူလင်ရဲ့ အာနိ သင်အချို့မှ တဆင့် အိုမင်းရင့်ရော်မှုကို ခုခံကာကွယ်ပေးတာ ဖြစ်တယ် ဟု လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

အင်ဆူလင် ဝင်ရောက်မှုဟာ ဆဲလ်များ အတွင်းသို့ ဝင်ရောက်လာနိုင်တဲ့ သကြားဓာတ်ကို ထိန်းညှိပေးသည့်အပြင် မော်လီ ကျူး ကွင်းဆက် တုံ့ပြန်မှုများစွာကို ဖယ်ရှားပေးကာ အချို့မှာ အိုမင်းခြင်း ဖြစ်စဉ်ကို အထောက်အကူ ပြုပါတယ်။

အထူးသဖြင့် ဇီဝဖြစ်ပျက်မှုမှ ဆဲလ်ရှင်သန်မှုအထိ ဆဲလ်အများအပြားတွင် ပါ၀င်တဲ့ “Akt signaling pathway” ကို အင်ဆူလင်ဖြင့် အသက်သွင်းနိုင်ပြီး အိုမင်းခြင်းနှင့် အသက်အရွယ် ဆိုင်ရာ ရောဂါများကို အထောက်အကူ ဖြစ်စေပါတယ်။

ဒါ့ကြောင့် ပုရွက်ဆိတ်ဘုရင်မဟာ အင်ဆူလင် အမြောက်အမြားကို စတင်စုပ်ယူပါက၊ သီအိုရီအရ သူမဟာ ဟော်မုန်း ပမာ ဏ များများ မထုတ်သော သာမန် အလုပ်သမား ပုရွက်ဆိတ်တွေထက် ပို၍ အသက်ရှည်ကြပါတယ်။

သာမန်အလုပ်သမားပုရွက်ဆိတ်များရဲ့ ပျမ်းမျှသက်တမ်းမှာ ရှစ်လနီးပါးဖြစ်ပြီး ပုရွက်ဆိတ်ဘုရင်မများကတော့ သုံးနှစ်နှင့်သုံးလခန့်အထိ အသက်ရှင်နိုင်ပါတယ်။ ဒါဟာ ကြီးမားတဲ့ သက်တမ်းတိုးမှုပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက မတူညီတဲ့ နယ်နိမိတ်တစ်ခုမှာ ပုရွက်ဆိတ်ဘုရင်မကို ထားရှိမယ်ဆိုရင် သူမဟာ သာမန် အလုပ်သမား တစ်ဦးအဖြစ် ပြန်ပြောင်းသွားလိမ့်မယ်လို့ ဆိုပါတယ်။

ယခင်က ပုရွက်ဆိတ်ဘုရင်မများကို “revertants” ဟုခေါ်ပြီး အလုပ်သမားများနှင့် ဆင်တူသော သက်တမ်းရှိ​ကြတယ်ဟု သိရပါတယ်။

Ant queen

ဒါ့အပြင် ဘုရင်မများသာ နှစ်ပေါင်းများစွာ ရှင်သန်နိုင်တာ ဖြစ်ပါတယ်။ အဆိုပါ သုတေသနကို အသေးစိတ် သိရှိအောင် NYU Grossman ဆေးကျောင်းမှ ဇီဝဓာတုဗေဒနှင့် မော်လီကျူးဆေးပညာဆိုင်ရာ ပါမောက္ခ Danny Reinberg နှင့် လက် တွဲလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့အဖွဲ့က လုပ်သားများ၊ revertants နှင့် ပုရွက်ဆိတ်ဘုရင်မများမှ တစ်ရှူးများကို နမူနာယူကာ ဇီဝဖြစ်ပျက်မှုနှင့် မျိုးပွားမှုဆိုင်ရာ တစ်ရှူးများကို အသေးစိတ်လေ့လာခဲ့ကြပါတယ်။

၎င်းတို့တွင် ဦးနှောက်၊ သားဥအိမ်၊ အဆီခန္ဓာကိုယ်၊ လူ့အသည်းနှင့် ဆင်တူသော အင်္ဂါများနှင့် adipose (အဆီ) တို့ ပါဝင်ပါတယ်။

သုတေသီအဖွဲ့ဟာ bulk RNA sequencing ဟု ခေါ်သော နည်းပညာကို အသုံးပြုကာ နမူနာ ယူထားသော တစ်ရှူးများကို ဘယ်လိုပရိုတိန်းများဖြင့် တည်ဆောက် ထားသလဲ ဆိုတာကို ခွဲခြမ်းစိတ်ဖြာ ခဲ့ပါတယ်။

အသေးစိတ်လေ့လာမှုတွေအရ အလုပ်သမားများနှင့် နှိုင်းယှဉ်ပါက ပုရွက်ဆိတ် ဘုရင်မများက ဦးနှောက် အတွင်း အင်ဆူလင် ပိုမိုထုတ်လုပ်ပြီး အဆီနှင့် vitellogenin ပိုမိုထုတ်လုပ်လာတာကို တွေ့ရှိခဲ့ရပါတယ်။

အဆီကိုယ်ထည်မှ အရင်းအမြစ်အချို့ကို သားဥထုတ်လုပ်ဖို့အတွက် သားဥအိမ်သို့ ပို့ဆောင်ခဲ့ပြီး အချို့အဆီများက ထူးခြား သော ဖီရိုမိုနိတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။

ပုရွက်ဆိတ်ဘုရင်မများက အင်ဆူလင်ကို ပိုထုတ်လာတာနှင့်အမျှ ၎င်းတို့ရဲ့ သားဥအိမ်များ ကြီးထွားဖွံ့ဖြိုးလာပြီး သားဥများကို သယ်ဆောင်လာနိုင်ပါတယ်။

ဒါဟာ သားဥအိမ်ရင့်ကျက်မှုလုပ်ငန်းစဉ်ကို “MAPK အချက်ပြသည့်လမ်းကြောင်း” မှတဆင့် အင်ဆူလင်မှ ပိတ်ဆို့နိုင်သော ဓာတုတုံ့ပြန်မှု နောက်ထပ်ကွင်းဆက်တစ်ခုဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ သားဥအိမ်များက Imp-L2 ကို ဖန်တီးပေးကာ ပုရွက်ဆိတ်ဘုရင်မများရဲ့ လျင်မြန်စွာ အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်သည့် Akt အချက်ပြလမ်းကြောင်းကိုလည်း အဓိကအားဖြင့် ပိတ်ဆို့ပေးတာကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။

သားဥအိမ်မှ လျှို့ဝှက်ထုတ်ပေးတဲ့ Imp-L2 ဟာ အိုမင်းရင့်ရော်မှုကို တားဆီး ကာကွယ်ပေးတယ် ဟု အဖွဲ့က ဆိုပါတယ်။

သုတေသီတွေက အင်ဆူလင် အချက်ပြမှု လမ်းကြောင်းရဲ့ အဓိက နှစ်ခုဖြစ်တဲ့ MAPK နှင့် Akt ထဲမှ တစ်ခုဟာ ပုရွက်ဆိတ်ဘုရင်မမျိုးပွားမှုကို အထောက်အကူဖြစ်စေပြီး အခြားတစ်ခုက ၎င်းတို့ရဲ့သက်တမ်း ရှည်ကြာမှုကို အထောက်အကူ ဖြစ်စေတယ်ဟု ဆိုပါတယ်။

သုတေသီတွေဟာ Imp-L2 ရဲ့ မျိုးပွားခြင်းဆိုင်ရာ လမ်းကြောင်းမ ဟုတ်ဘဲ အိုမင်းခြင်းဆိုင်ရာ လမ်းကြောင်းကို ဘယ်လို ပိတ်ဆို့ထားနိုင်တာလဲ ဆိုတာကို အသေးစိတ် နားလည်ဖို့ ဆက်လက် လုပ်ဆောင်ပါတယ်။

၎င်းတို့က ယင်ကောင်များ အပါအဝင် အင်းဆက် ပိုးမွှားများတွင် အင်ဆူလင် ပိတ်ဆို့ခြင်း ပရိုတင်းရဲ့ သက်ရောက်မှုများကို လေ့လာဖို့ စီစဉ်နေပြီး နောက်ဆုံး နို့တိုက်သတ္တဝါတွေအထိ တိုးမြင့်ကာ လေ့လာမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

အထက်ပါ အကြောင်းအရာနှင့် ပတ်သက်သည့် သုတေသနကို Science ဂျာနယ်တွင် ဖော်ပြခဲ့တာပါ။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 9/9/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *