အန္တာတိက သုတေသနတွေဟာ ကျွန်ုပ်တို့ထင်တာထက် အာကာသ စူးစမ်းလေ့လာရေးတွင် ပို၍ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။
အာကာသထဲတွင် လူများကို ဘယ်လို ကျွေးမွေးရမလဲ ဆိုတာကို အဖြေရှာခြင်းက အာကာသအတွင်း လူသားများ ရေရှည်နေထိုင်နိုင်မှုအတွက် ပိုမိုကြီးမားသော အားထုတ်မှုရဲ့ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။
2022 ခုနှစ် မေလ 12 ရက်နေ့တုန်းက သိပ္ပံပညာရှင် အဖွဲ့ တစ်ဖွဲ့ဟာ Apollo လမစ်ရှင်အတွင်း ရရှိလာတဲ့ လမြေဆီလွှာကို အသုံးပြုပြီး အပင်များကို အောင်မြင်စွာ စိုက်ပျိုးခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။
သို့သော် သိပ္ပံပညာရှင်များ အနေနဲ့ သက်ရှိများကို ပုံမှန် မထောက်ပံ့ ပေးနိုင်သော မြေဆီလွှာတွင် အပင်များကို စိုက်ပျိုးဖို့ ကြိုးပမ်းခြင်းဟာ ယခုအကြိမ်က ပထမဆုံး အကြိမ်မဟုတ်ပါဘူး။
ကမ္ဘာမြေရဲ့ တောင်ဘက်စွန်းစွန်းနေရာတွေဟာ အပင်နှင့် အစားအစာ စိုက်ပျိုးနည်းအတွက် နှစ် 120 ကျော်ကြာ သုတေသနပြုသည့် နေရာတစ်ခုဖြစ်ပါတယ်။

အဆိုပါ ကြိုးပမ်းမှုတွေဟာ ပြင်းထန်တဲ့ ပတ်ဝန်းကျင်တွင် စိုက်ပျိုးရေး ဆိုင်ရာ စိန်ခေါ်မှုများစွာကို ပိုမို နားလည် သဘော ပေါက် ဖို့ အထောက်အကူဖြစ်စေပြီး နောက်ဆုံးအန္တာတိကတွင် အကန့်အသတ်ရှိသော်လည်း အောင်မြင်သော အပင်စိုက်ပျိုးမှုဆီသို့ ဦးတည်သွားခဲ့ပါတယ်။
အထူးသဖြင့် 1960 ခုနှစ်များ နောက်ပိုင်းတွင် သိပ္ပံပညာရှင်တွေဟာ အဆိုပါသုတေသနကို အာကာသအတွင်း လူသားများနေထိုင်ရာသို့ ခြေတစ်လှမ်းအဖြစ် မြင်လာကြပါတယ်။
အန္တာတိကတွင် အပင်များ စိုက်ပျိုးခြင်း
အန္တာတိကမှာ အပင်များ စိုက်ပျိုးဖို့ အစောဆုံး ကြိုးပမ်းမှုတွေဟာ အဓိက အာဟာရ တွေထုတ်လုပ်နိုင်ဖို့ ဖြစ်တယ်လို့ စူး စမ်းလေ့လာသူများက ဆိုပါတယ်။
1902 ခုနှစ်တုန်းက ဗြိတိသျှ သမားတော်နှင့် ရုက္ခဗေဒပညာရှင် Reginald Koettlitz ဟာ အန္တာတိကမြေများတွင် အစာကို ပထမဆုံး စိုက်ပျိုးနိုင်ခဲ့ပါတယ်။
သူဟာ မြေဆီလွှာအချို့ကို စုဆောင်းပြီး စူးစမ်းလေ့လာရေး သင်္ဘောပေါ်က သေတ္တာများတွင် မုန်ညင်းနှင့် ခရမ်းချဉ်သီးများကို စိုက်ပျိုးဖို့ အသုံးပြုခဲ့ပါတယ်။
လေ့လာရေးခရီးအတွက် သီးနှံဟာ ချက်ခြင်းအကျိုးရှိပါတယ်။ Koettlitz က သင်္ဘောသားအားလုံး scurvy ဖြစ်ပွားစဉ်အတွင်း ၎င်းတို့ရဲ့ ရောဂါလက္ခဏာများကို ပြေပျောက်စေဖို့ အတွက် အစိမ်းရောင် အပင်များကို စားသုံးစေခဲ့ပါတယ်။

ဒီအစောပိုင်းစမ်းသပ်မှုဟာ အန္တာတိတ်မြေဆီလွှာတွင် ဖြစ်ထွန်းနိုင်ကြောင်း သက်သေပြခဲ့ပြီး ဝင်ရိုးစွန်းလေ့လာရေးခရီးများအတွင်း လတ်ဆတ်သောအစားအစာများရဲ့ အာဟာရဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း ညွှန်ပြခဲ့ပါတယ်။
အန္တာတိက မြေများတွင် အပင်များ တိုက်ရိုက်စိုက်ပျိုးဖို့ အစောပိုင်း ကြိုးပမ်းမှုမှာ အောင်မြင်မှု နည်းပါးခဲ့ပါတယ်။
1904 ခုနှစ်တုန်းက စကော့တလန် ရုက္ခဗေဒပညာရှင် Robert Rudmose-Brown က အအေးဒဏ်ခံနိုင်သော အပင် 22 ပင်မှ မျိုးစေ့တွေကို အအေးလွန်ကဲသော လော်ရီကျွန်းသို့ ပေးပို့ခဲ့ပါတယ်။
Rudmose-Brown က ပတ်ဝန်းကျင် အခြေအနေနှင့် ၎င်းတို့ရဲ့ ကြီးထွားမှုကို အထောက်အကူ ဖြစ်စေဖို့ အတွက် ဇီဝဗေဒပညာရှင် မရှိခြင်းကြောင့် အစေ့များအားလုံး အညှောက်ပေါက်မလာခဲ့တာကို တွေ့ခဲ့ရပါတယ်။
အန္တာတိကမှာ မျိုးရိုးမဟုတ်တဲ့ အပင်များကို မိတ်ဆက်ပေးဖို့ နောက်ထပ် ကြိုးစားမှုများစွာ ရှိခဲ့သော်လည်း ယေဘုယျအားဖြင့် ၎င်းတို့ဟာ ကြာရှည်စွာ မရှင်သန်နိုင်ပါဘူး။
မြေဆီလွှာကိုယ်တိုင်က အပင်အချို့ရဲ့အသက်ကို ထောက်ပံ့ပေးနိုင်သော်လည်း ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်က အပင်စိုက် ပျိုးခြင်းအတွက် အဆင်မပြေတာကို တွေ့ရပါတယ်။
ခေတ်မီနည်းပညာများနှင့် အကျိုးကျေးဇူးများ
1940 ခုနှစ်တွေတုန်းထဲက နိုင်ငံ အများအပြားဟာ အန္တာတိကတွင် ရေရှည် သုတေသနဌာနများ စတင် တည်ထောင် လုပ် ကိုင်ခဲ့ကြပါတယ်။

အပြင်မှာ အပင်တွေ စိုက်ပျိုးဖို့ မဖြစ်နိုင်တာကြောင့် စခန်းတွေမှာ နေထိုင်တဲ့ လူတချို့က အစားအစာနဲ့ စိတ်ချမ်းသာမှုကို ပေးစွမ်းဖို့အတွက် ဖန်လုံအိမ်တွေဆောက်ကာ အသုံးပြုခဲ့ကြပါတယ်။
သို့သော် အန္တာတိကမြေဟာ သီးနှံအများစုအတွက် အရည်အသွေးညံ့လွန်းတာကို သိရှိနားလည်ခဲ့ကြပြီး ပုံမှန်အားဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ်အကြာတွင် အပင်မျိုးပွားမှု ဆုံးရှုံးသွားကြတာကို တွေ့ရပါတယ်။
1960 ခုနှစ်များမှစတင်၍ လူများဟာ ဓာတုဗေဒနည်းဖြင့် ပြုပြင်ထားသော ရေတွင် နှစ်မြှုပ်ထားသော အပင်များကို အတုနှင့် သဘာဝအလင်းရောင် ပေါင်းစပ်ထားသည့် မြေဆီလွှာမရှိသော hydroponic နည်းစနစ်ကို စတင်အသုံးပြုလာကြပါတယ်။
2015 မှာတော့ အန္တာတိကတွင် အပင်များ စိုက်ပျိုးခဲ့သည့် မတူညီတဲ့ စက်ရုံပေါင်းအနည်းဆုံး 43 ခု ရှိလာခဲ့ပါတယ်။
အဆိုပါစက်ရုံတွေဟာ သိပ္ပံနည်းကျစမ်းသပ်မှုများအတွက် အသုံးဝင်ပါတယ်။
ဒါ့အပြင် အန္တာတိကဒေသခံအများအပြားကလည်း ဆောင်းရာသီတွင် လတ်ဆတ်သော အသီးအရွက်များကို စားနိုင်တာကို သဘောကျကြရုံ သာမက ကြီးမားတဲ့ အကျိုးကျေးဇူးများ ဖြစ်တယ်ဟု ယူဆကြပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။